အမြို့မြို့အနယ်နယ်သတင်းများ

Nov 20,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ မိုဝိုင်းလွတ်မြို့ ရွာမကွင်းရှိ တောင်သူ ဦးကမ်းလက်၏ နေပြည်တော်-၂ စိုက်ခင်းတွင် ယမန်နေ့ နံနက် ပိုင်းက မြို့အဆင့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ပြုလုပ်ခဲ့ သည်။
Nov 20,2020
ပုသိမ်ခရိုင်၊ ငွေဆောင်မြို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ် အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (MCCT)အရ စာရင်းများကို သက်ဆိုင်ရာ ရပ်/ကျေးစာရေးများက ယမန်နေ့မှစ၍ ကွင်းဆင်းကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။
Nov 20,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု CERP အစီအစဉ်ဖြင့် စိုက်ပျိုးဆောင်ရွက်လျက်ရှိသော ဆင်းဧကရီ-၃ မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းများတွင် ထွက်နှုန်းခန့်မှန်းနိုင်ရန် စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Nov 20,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ရပ်ကွက်/ကျေးရွာအုပ်စုစာရေးများအား သီးခြားထောက်ပံ့ ငွေပေးအပ်ပွဲကို ပြုလုပ်ခဲ့သည်။
Nov 20,2020
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ဆင်သေကန်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း(၅) ကျောင်း အတွက် ဆန်၊ ဆီနှင့် သစ်သီးများသွားရောက်လှူဒါန်းခြင်းကို နတ်မောက်ကွန်ရက်ပရဟိတ လူမှုအကျိုးပြု အသင်းမှ ဦးဆောင်၍ ယမန်နေ့ နေ့လယ်ပိုင်းက ဆရာတော်များထံ လှူဒါန်းမှုပြုခဲ့ကြောင်း သိရသည်။
Nov 20,2020
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၌ ခရိုင်/မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေး များဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၀)ကို ယမန်နေ့နံနက် (၁၀)နာရီအချိန် က ဟိုပန်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 20,2020
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ကိုဗစ် - ၁၉ ရောဂါ စစ်ဆေးဂိတ်တွင် ရောဂါပိုးစစ်ဆေးတွေ့ရှိသဖြင့် ပြည်သူ့ဆေးရုံတွင် ကိုဗစ် - ၁၉ ရောဂါ အတည်ပြု လူနာအဖြစ် တက်ရောက်ကုသမှုခံယူနေသော စဉ့်ကိုင်မြို့မှ အသက်(၄၈)နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ရောဂါသက်သာ ပျောက်ကင်းပြီဖြစ်၍ ယနေ့ နံနက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကြောင်း သိရသည်။
Nov 20,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်အရ SRI စိုက်နည်းစနစ်နှင့်စိုက်ပျိုးထားသည့် ဆင်းဧကရီ-၃ မိုးစပါး မျိုးစေ့ထုတ် စိုက်ကွက် အား နိုဝင်ဘာလ ၁၉ ရက်၊ နေ့ ၁၁ နာရီက မြို့သစ်မြို့၊တောင်သူဦးလွန်းကျော်၏ ကွင်းအမှတ် ၉၀၀(ဃ) တွင် စံကွက်ရိတ်သိမ်းခဲ့သည်။