အမြို့မြို့အနယ်နယ်သတင်းများ

Nov 20,2020
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးနိုင်ရန်အတွက် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ အလုပ်မှုဆောင် ဦးရန်ကျော် မှ ရပ်ကျေး/အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများအား ယမန်နေ့မွန်းလွဲ (၂)နာရီအချိန် က တိုင်းဦးစီးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။
Nov 20,2020
မ​ကွေးတိုင်း​ဒေသကြီး​၊ ချောက်မြို့နယ်အတွင်းရှိ‌ ဈေးများ၊ လူသွားလာမှု များပြားသည့် လမ်းထိပ်များ၊​ ချောက်မြို့အဝင်လမ်းများတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်း ဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှု အဖြစ်ယမန်နေ့နံနက် ၉နာရီ အချိန်မှစ၍ Mask Campaing ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သည်။
Nov 20,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်နေဆဲ လုပ်ငန်းအခြေ အနေများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ကျေးရွာပြည်သူများနှင့်တွေ့ဆုံဆွေးနွေးခြင်းတို့ကို ယမန်နေ့က နမ့်ခမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းကျော်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်နိုင်နှင့် ပြည်သူ့ဝန်ဆောင်မှု တာဝန်ရှိသူများက လိုက်လံကွင်းဆင်းစစ်ဆေးသည်။
Nov 20,2020
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု-ကျောက်စရစ်ကျေးရွာတွင် နိုဝင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက မီးဖို မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင်ကျွမ်း ဆုံးရှုံးခဲ့သော
Nov 20,2020
မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စု စုစုပေါင်း (၁၀၆၃)စုအတွက် ထောက်ပံ့ငွေသိန်းပေါင်း (၂၀၀)ကျော်အား လက်ဝယ်အရောက်ပေးအပ်နိုင်ရန် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန် က မုံးကိုးမြို့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။
Nov 20,2020
ကိုဗစ် ၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ  မြို့နယ် ဆရာဝန်ကြီး ဒေါက်တာစံကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စေတနာဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊
Nov 20,2020
ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းကော်မတီ၏ စတုတ္ထအကြိမ်အစည်းအဝေးကို ယမန်နေ့တွင် Video Conferencing ဖြင့် ကျင်းပခဲ့ရာ အသင်းချုပ်အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း၊ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူနှင့် ကော်မတီတွဲဖက်အတွင်းရေးမှူး ဦးအောင်ဇေယျာ လွင်၊ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။