အမြို့မြို့အနယ်နယ်သတင်းများ

Nov 19,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြစိမ်းရောင်ရန်ပုံငွေ ဆဌမအကြိမ်မြောက် ပြန်လည် ထုတ်ချေးခြင်းကို ယမန်နေ့ နေ့လည်က ပန်တိန်းကျေးရွာနှင့် ဟိုစဲကျေးရွာတို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 19,2020
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်းရှိ ဆဝမ်ကထောင်ဂိတ်တွင် တန်ပို စစ်ဆေးမည့် ကတ္တားနှင့်ပတ်သက်၍ လုပ်ငန်းစဉ်ချပြရှင်းလင်းခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)ရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 19,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်အတွင်း Cash for Work စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)
Nov 19,2020
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၊ မြို့မဈေး အတွင်းရှိ စျေးရောင်း/ဝယ်သူများတွင် Mask များတပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 19,2020
ပုသိမ်ခရိုင်၊ ငွေဆောင်မြို့သို့ ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လည်ဝင်ရောက်လာသူ နေရပ်ပြန်(၁)ဦးအား မြတ်ဒါန လူမှုကူညီရေး အသင်းမှ ပုသိမ်မြို့၊ ကိုးဆူစစ်ဆေးရေးဂိတ်တွင် သွားရောက်ခေါ်ဆောင်ပြီး အ.ထ.က ငွေဆောင်ကျောင်းရှိ Facility Quarantine Centre သို့ ယမန်နေ့ည ၇ နာရီချိန်က ထားရှိပြီးကြောင်း သိရသည်။
Nov 19,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ နေအိမ်ပြင်ပ ထွက်ခွါသွားလာသူတိုင်းMask တပ်ဆင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို နိုဝင်ဘာ ၁၉ ရက်နေ့ နံက် ၈.၀၀ နာရီ အချိန်က ပန်းတောင်း မြို့နယ်အတွင်း လူစည်ကားရာ နေရာများဖြစ်သော ဆင်တဲ မြို့မစျေးတွင် အဖွဲ့များခွဲ၍ Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 19,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက်ပြဘုတ်၊ နံရံကပ်စာစောင်ပြဘုတ်တို့၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ယနေ့နံနက်(၉)နာရီအချိန် က စတင်၍ ပြည်သူများအတွက် သိရှိလိုက်နာနိုင်ရန်အတွက် ခင်းကျင်းပြသပေးလျက်ရှိသည်။
Nov 19,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ မှ ပြည်သူများ ဆေးလိပ်နှင့်ဆေးရွက်ကြီးသောက်သုံးမှုနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်း က ရုံးရှေ့တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင် ပြုလုပ်၍ ပြသခဲ့ကြောင်း သိရသည်။