အမြို့မြို့အနယ်နယ်သတင်းများ

Nov 20,2020
ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် ၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ စာရေးဆရာကြီး (၁၅)ဦး အား ကိုဗစ်−၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အခြေခံစားသုံးကုန်များကို မလဲ့လဲ့သိန်း နှင့်ညီအမ များ (သာကေတမြို့နယ်)မှ ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စာရေးဆရာ အသင်းရုံးတွင် လာရောက် လှူဒါန်းသည်။
Nov 20,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၌ ကိုဗစ်-၁၉ကာလအတွင်း ပြည်သူများသား၊ ငါးနှင့်အသီး အနှံ သန့်ရှင်း လတ်ဆတ်ပြီး ဈေးနှုန်းချိုသာစွာဝယ်ယူနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု ဖြင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ကြီးမှူး၍ ညီနောင်လုပ်ငန်းရှင်အသင်းတို့က ယနေ့နံနက်၇နာရီ ကယောမင်း ကြီးရပ်ကွက်၌ မော်တော်ယာဉ်(၉)စီးဖြင့် စတုတ္ထအကြိမ် လာရောက် ရောင်းချပေးကြောင်း သိရသည်။
Nov 20,2020
ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ် တားဆီးရေးနှင့် ထိန်းချူပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့် ပေါ့ဆစွာနေထိုင်းခြင်း မပြုကြရန်နှင့် မိမိနေအိမ်မှ ပြင်ပ ထွက်ခွာသွားလာရာတွင် အသိသတိအမြဲ ရှိနေစေရေးတို့အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ယနေ့နံနက် (၈) နာရီတွင် မြို့မဈေးရှေ့၌ ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Nov 20,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံ အသွားအလာကန့်သတ် စောင့်ကြည့် နေရာရှိ အသွားအလာကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ အတွက် ယမန်​နေ့က ​ ထမင်းဘူးများ၊ မုန့်များနှင့် အလှူ​ငွေများလာ ရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
Nov 20,2020
၂၀၂၀  ပြည့်နှစ်၊ ဒီဇင်ဘာ (၁) ရက်နေ့တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ပြည့် အထိမ်းအမှတ် ပန်းချီပြိုင်ပွဲအား “ရာပြည့်တက္ကသိုလ် မြကျွန်းညို” ခေါင်းစဉ်ဖြင့် ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ကျင်းပခဲ့ပါသည်။
Nov 20,2020
မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယနေ့နံနက် (၉)နာရီ က နားဖျိုင်းကျေးရွာအုပ်စု၊ တက်ဆိုက်ကျေးရွာတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့သည်။
Nov 20,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကျေးရွာ (VDP)၊ Cash For Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ယမန်နေ့နံနက် (၉:၃၀)အချိန်ခန့် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျေးရွာရွေးချယ်ခြင်းနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။