အမြို့မြို့အနယ်နယ်သတင်းများ

Nov 18,2020
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၁၈ရက် နံနက် ၁၀နာရီက ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး Online Meeting System ဖြင့် ကျင်းပခဲ့သည်။
Nov 18,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ပင်တလည်ကျေးရွာတွင် ယနေ့ နေ့လည်ပိုင်းက လျှပ်စစ်မီးသီးထွန်းထားရာမှ ဝါယာကြိုးအပူလွန်ပြီး လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ် ပွားခဲ့‌ကြောင်း သိရသည်။
Nov 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား နေသော ကာလအတွင်း အခြေခံလက်လုပ်လက်စားပြည်သူများ၏ စားသောက်ရေးအခက်အခဲရှိသော အိမ်ထောင်စုများအား ပြည်သူမှ ပြည်သူသို့ မျှဝေရေး အစီအစဉ်ဖြင့် We Love Yangon မှ အခြေခံ စားသောက်ကုန်များကို ထောက်ပံ့လှူဒါန်း ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ နွမ်းပါးအိမ်ထောင်စု ၁၈၁ စု အား အခြေခံ စားသောက်ကုန် များကို လာရောက်လှူဒါန်းပေးခဲ့ကြသည်။
Nov 18,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေး အတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်း တွင် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများအား အသံချဲ့စက်များဖြင့် လှည့်လည်အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
Nov 18,2020
မင်းတပ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းလိုင်စင်တင်ဒါ အောင်မြင်သည့် အဖွဲ့မှ မင်းတပ်မြို့ ပုဂ္ဂလိက အမှိုက်သိမ်းယာဉ်မှ ရပ်ကွက်နေအိမ်များအထိ သွားရောက်ကာ အပတ်စဉ်တိုင်းအမှိုက်များ သိမ်းလျက်ရှိကြောင်း သိရသည်။
Nov 18,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဆောင်းသီးနှံစိုက်ပျိုးကြမည့် တောင်သူများ အခက်အခဲမရှိ အဆင် ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်ခွဲမှ ဆောင်းသီးနှံ စိုက်ပျိုး စရိတ်ချေးငွေ ထုတ်ချေးပေးရန်အတွက် ငွေကျပ် သိန်း(၄၀၀) လျာထားရှိကြောင်း ပွင့်ဖြူမြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တာဝန်ခံဘဏ်မန်နေဂျာ ဦးစန်းသော်ထံက သိရသည်။
Nov 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ထီးဆောင်းစံပြကျေးရွာ သိမ်ကျောင်း ဆရာတော် အရှင်အာဒိစ္စာလက်ာရ (လူမှုထူးချွန် ပထမအဆင့်) ဆရာတော် ဦးဆောင်သည့်