အမြို့မြို့အနယ်နယ်သတင်းများ

Nov 19,2020
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ လိန်ပင်ကျေးရွာအုပ်စု၊ ထနောင်းကုန်းကျေးရွာတွင် သောက်သုံးရေ (ရေချို)ရရှိ၍ ကျေးလက်နေပြည်သူများ ဝမ်းသာလျက်ရှိကြောင်း သိရသည်။
Nov 19,2020
မွန်ပြည်နယ်၊‌​ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့ ရပ်ကွက် (၁) တွင် ကိုဗစ်-၁၉ ရောဂါကာလ အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ ပဉ္စမအကြိမ်အဖြစ်
Nov 19,2020
ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ ပြသနိုင်ရန် မန္တလေးမြို့၌ ဖွင့်လှစ်ထားသည့် ဖျားနာ ကုသရေး ဆေးခန်း (Fever Clinic Centre) ၃ ခုတွင် လာရောက်ပြသည့် လူနာများ ယခင်ကထက် ပိုများလာကြောင်း မြန်မာနိုင်ဆရာဝန်များအသင်း (မန္တလေးတိုင်းဒေသကြီး) COVID – 19 Response Team Working Committee မှ သိရသည်။
Nov 19,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြု လူနာသစ် (၅)ဦး ရောဂါပိုးတွေ့ရှိခဲ့ပြီး သက်ဆိုင်ရာ Quarantine Centre များတွင် အသွားအလာ ကန့်သတ် ထားရှိသူများဖြစ်ကြောင်း မြို့နယ် Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်ကံက အတည်ပြု ပြောကြားသည်။
Nov 19,2020
ကိုဗစ်-၁၉ ဖြစ်ပွားနေမှုအခြေအနေအရ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော်အစိုးရက အိမ်ထောင်စု တစ်စုလျင် ထောက်ပံ့ငွေကျပ် နှစ်သောင်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်လျက် ရှိကြောင်းသိရသည်။
Nov 19,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြည်နယ် လွှတ်တော် ရန်ပုံငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းအား ယမန်နေ့မွန်းလွဲပိုင်းက မြဝတီခရိုင်၊ စာရင်းစစ်ရုံးမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 19,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေ များဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရေမြောင်း တူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။