အမြို့မြို့အနယ်နယ်သတင်းများ

Nov 19,2020
မန္တလေး လူငယ်သင်တန်းကျောင်းတွင် သုံးထပ်ဆောင် ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် သင်တန်းခန်းမဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၁၂လမ်းနှင့် ၇၃လမ်းထောင့်၊ မန္တလေး လူငယ်သင်တန်းကျောင်း၌ ကျင်းပသည်။
Nov 19,2020
ကရင်ပြည်နယ် ကျိုက်ဒုံမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကိုဗစ် - ၁၉ ရောဂါ ကာလအတွင်း ပြည်သူများ အသိပညာ ရရှိစေရေးအတွက် ယာဉ်စည်းကမ်း /လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အဆိုပါရုံး (Community Centre) တွင် ပြုလုပ်ခဲ့သည်။
Nov 19,2020
လပွတ္တာခရိုင်၊‌ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ‌ ဈေးများ၊ လူသွားလာမှု များပြားသည့်လမ်းထိပ်များ တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေး ဆက်သွယ်ပညာပေး မျက်နှာနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုအဖြစ် ယနေ့နံနက် ၇ နာရီမှစ၍ Mask နှင့် Face Shield Campaign ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သည်။
Nov 19,2020
မန္တလေးမြို့ပေါ်ရှိ မြို့နယ်များတွင် ဖွင့်လှစ်လျက်ရှိသော Quarantine Center များတွင် လိုအပ်သည့် လုပ်ငန်းများတွင် အသုံးပြုရန်အတွက်
Nov 18,2020
ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင် ၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ သက်ကြီး စာရေးဆရာများအား ကိုဗစ်−၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အခြေခံစားသောက်ကုန်များကို ပန်းပျိုးလက်စင်တာနှင့် စာကြည့်တိုက်အသင်း မှ ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စာရေးဆရာအသင်းရုံးတွင် ပေးအပ်လှူဒါန်းသည်။
Nov 18,2020
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၁၈ရက် နံနက် ၁၀နာရီက ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး Online Meeting System ဖြင့် ကျင်းပခဲ့သည်။