အမြို့မြို့အနယ်နယ်သတင်းများ

Nov 18,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကြို့ပင်ကျေးရွာအုပ်စု အထက်မီးပေါက်ကျေးရွာအနီးရှိ မဒေး ရေလှောင်တမံ၌ သိုလှောင် ရရှိ ထားသော ရေပမာဏမှာ ကန်ရေပြည့်နီးပါး သိုလှောင်ထားနိုင်သည့်အတွက် နွေစပါးစိုက်ပျိုးရာတွင် စိုက်ပျိုးရေများ လုံလောက်ပြည့်ဝစွာ ဖြန့်ဝေပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
Nov 18,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် World Vision အဖွဲ့တို့ ပူးပေါင်း၍ နိုဝင်ဘာလ(၂၀)ရက်နေ့တွင် ကျရောက်မည့် (၃၁)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း အထိမ်းအမှတ် ကမ္ဘာ့ကလေး များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အသိ ပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 18,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု)မြို့နယ်အတွင်း ဆောင်းမြေပဲသီးနှံ စိုက်ပျိုး ရာသီတွင် မြေပဲစိုက်တောင်သူများအနေဖြင့် လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Nov 18,2020
လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ပြည်ပဝယ်လိုအားနည်းပြီး ကြက်သွန်နီဈေး အနည်းငယ် ကျဆင်း
Nov 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ပန်ဆောင်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသောအခြေခံ လူတန်း စား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရက စတုတ္ထအကြိမ်ထောက်ပံ့ငွေ ပေးအပ်ခြင်း ကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
Nov 18,2020
မော်လမြိုင်ကျွန်းမြို့နယ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မြို့နယ့်အတွင်းရှိဌာနဆိုင်ရာများနှင့် အော်တိုတယ်လီဖုန်း တပ်ဆင်ထားရှိသူများအနေဖြင့် လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် MPT မြန်နှုန်းမြင့် Internet ဆက်ကြောင်းဖြစ်သော ADSL Application နှင့် B 2 B MPT Fiber Internet Service Application တို့အား တပ်ဆင်အသုံးပြုနိုင်ရေး လျှောက်လွှာများ တင်သွင်းခြင်းကို စတင်ဆောင် ရွက်နိုင်ပြီဖြစ်သည်။
Nov 18,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (GTI) Quarantine Center