အမြို့မြို့အနယ်နယ်သတင်းများ

Nov 18,2020
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင် လျက် ရှိသည့်
Nov 18,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် Facility Quaranty လူဦးရေ(၁၁၈)ဦးရှိလာ သည့်အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်လွင်၊ ခရိုင်
Nov 18,2020
ကချင်ပြည်နယ်၊ ဗန်မော်ခရိုင် ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ရွှေကူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများက ယမန်နေ့ညနေ ၃ နာရီခွဲခန့်တွင် RDT (Rapid Antigen Diagnostic Test Kit) ဖြင့် ကိုဗစ်−၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးခဲ့ရာ မန္တလေး−ဗန်းမော် ပြေးဆွဲလျက်ရှိသော ၁၂ ဘီး ကုန်တင်ယာဉ် (၁) စီးမှ ယာဉ်နောက်လိုက် ဗန်းမော်မြို့ ပေါက်ကုန်းရပ်ကွက် နေထိုင်သော အမျိုးသား (၁) ဦးထံတွင် ကိုဗစ်−၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည်။
Nov 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP)ကျေးရွာနှင့် မြစိမ်းရောင် စီမံကိန်းကျေးရွာ ရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။
Nov 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) လုပ်ငန်းနှင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် သက်မှတ်ထားသည့် အခြေခံမူများနှင့် အညီ ရွေးချယ်နိုင်ရန် ယနေ့နံနက် ၁၀ နာရီက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Nov 18,2020
မော်လမြိုင်ကျွန်းမြို့နယ် ခုတင် ၁ဝဝ ဆေးရုံကြီးနှင့် မြို့နယ်တိုင်းရင်းဆေးရုံ (အရန်ဆေးရုံ)တို့တွင် ဆေးကုသမှု ခံယူနေသည့် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူလူနာများထဲမှ ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေး ကောင်းမွန်သဖြင့် ဆေးရုံမှ ၂ ၁ဦးဆင်းခွင့်ရရှိပြီး ဆေးရုံဆင်းခွင့် ရရှိသူများအားလုံး ကျန်းမာရေး ကောင်းမွန်လျက်ရှိသည်။
Nov 18,2020
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ် မြို့နယ် အတွင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်နေရာများနှင့် လိုအပ်သည့် နေရာများတွင် အသုံးပြု နိုင်ရန်အတွက် Kagyi Co;Ltd မှ PPE ဝတ်စုံ (၁၀၀၀) နှင့် KN 95 Mask (၂၀၀၀)ခုတို့ကို Quarantine Center သို့ လာရောက်လှူဒါန်းခဲ့သည်။ အလားတူ Primary Contact များအတွက် အလှူရှင်မိသားစုမှလည်း နေ့လယ်စာအတွက် ထမင်းဟင်း (၅၀)ဘူး တို့ကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။
Nov 18,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၀ ပြည့်နှစ် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို နိုဝင်ဘာ ၁၂ ရက်မှ စတင်ကာ ထုတ်ချေးပေး လျက်ရှိကြောင်း သိရသည်။