အမြို့မြို့အနယ်နယ်သတင်းများ

Nov 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့တွင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို ယနေ့နံနက် ၇ နာရီအချိန်ခန့်က အ.မ.က နတ်ချောင်းကျောင်း၌ စစ်ဆေးပေးခဲ့ပြီး၊ ပိုးမတွေ့မှသာ မြို့တွင်းသို့ မော်တော်ယာဉ် ဝင်ခွင့်ပေးခဲ့ကြောင်း သိရသည်။
Nov 18,2020
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်း တောင်သူများ စိုက်ပျိုးထားသော ကောက်စောမိုးစပါးများ စတင်ရိတ်သိမ်း နေပြီဖြစ်ရာ စပါးဈေးနှုန်းမှာ ယခင်နှစ်ကထက် ဈေးပိုမိုရရှိတယ်ဟု ဒေသခံ တောင်သူများထံက သိရသည်။
Nov 18,2020
ကျောက်မဲခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီအနေဖြင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် တားဆီးကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို ယခုဆောင်ရွက်နေသော အနေအထားထက် ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ကျောက်မဲခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Nov 18,2020
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ အထက(ပန်းတင်) အမျိုးသားကျောင်းကြီး၏ မြတ်ဆရာပူဇော်ပွဲကို နှစ်စဉ်အမျိုးသားနေ့တွင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ရာ ယခုနှစ်တွင် အမျိုးသားအောင်ပွဲနေ့ (၉-၁၂-၂၀၂၀) ရက်နေ့တွင်ကျင်းပမည့် မြတ်ဆရာ ပူဇော်ပွဲကို မြတ်ဆရာပူဇော်ပွဲ ကျင်းပရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကန်တော့ခံ ဆရာကြီး ဆရာမကြီးများ၏အိမ်တိုင်ယာရောက် ပူဇော်ကန်တော့သွားမည်ဖြစ်ကြောင်း သိရသည်။
Nov 18,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ် ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော် မှ (စတုတ္ထအကြိမ်)ထောက်ပံ့ပေးအပ်သည့်ငွေများကို
Nov 18,2020
ပဲခူးတိုင်းဒေသကြီး ၊ပဲခူးခရိုင်၊ဝေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက ညမထွက်ရ အမိန့်ကို နိုဝင်ဘာလ ၁၆ ရက်နေ့ရက်စွဲပါ အမိန့်အမှတ် ၁၁/၂၀၂၀ ဖြင့် ထုတ်ပြန်ခဲ့ပြီး မြို့နယ် အတွင်းရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင်
Nov 18,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီက မြို့နယ်အတွင်း ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့
Nov 18,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ကျေးရွာများတွင်  ဆောင်ရွက်လျက်ရှိသည့်ကျေး လက်ဒေသဖွံ့ဖြိုးရေးအတွက် ကွန်ကရစ်လမ်း ခင်းကျင်းရန်ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်နေမှုများကို ယမန်နေ့ ညနေ ၂ နာရီက