အမြို့မြို့အနယ်နယ်သတင်းများ

Nov 18,2020
ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေး
Nov 18,2020
ရန်ကုန်တောင်ပိုးခရိုင်၊ ခရမ်းမြို့နယ်အတွင်း စားသောက်ဆိုင်များနှင့် လ္ဘက်ရည်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခွင့်အား ခွင့်မပြုဘဲ ပါဆယ်စနစ်ဖြင့် ရောင်းချရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်ကိုဗစ်-၁၉ ကာကွယ်‌ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Nov 18,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများ၊ စေတနာရှင်ပြည်သူများတို့က ပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြရာ မြို့နယ် အရန်မီးသတ်တပ်ရင်းမှ တပ်ဖွဲ့ဝင်များက ယမန်နေ့ ညနေပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီးနှင့် စည်ပင်သာယာ ဈေးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်ရေးအတွက် ပိုးသတ်ဆေးဖျန်းပေးခဲ့ကြသည်။
Nov 18,2020
ပြင်ဦးလွင် မြို့ရပ်ကွက်ကြီး(၈) တွင် ကိုဗစ်- ၁၉ ကာလအတွင်း ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်းကို နိုဝင်ဘာလ ၁၆ ရက်နေ့မှစ၍
Nov 18,2020
ရန်ကုန်တိုင်ဒေသကြီး၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံဘုရားတောင်ဘက်မုဒ်၊ လိပ်ကန်ရှေ့၌ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးတင်အေး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ခင်သွယ်သွယ်တို့က ပူးပေါင်း၍ ယမန်နေ့ ည ၉ နာရီက ယာဉ်ကြောပိတ်ဆို့ စစ်ဆေးဆောင်ရွက် ကြောင်း သိရသည်။
Nov 18,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာပြီးစီးခဲ့ပြီးဖြစ်ရာ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်များ အသုံးပြုခဲ့ကြသည့် ရွေးကောက်ပွဲ ကုန်ကျစရိတ်များ တင်သွင်းရာတွင် စိစစ် လက်ခံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြဝတီခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Nov 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ (၂၀၂၀-၂၀၂၁)ခု ဘဏ္ဍာရေး နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကျေးရွာများ ရွေးချယ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 18,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ်-၁၉ လူနာတစ်ဦးတွေ့ရှိ သဖြင့် ယမန်နေ့ည(၁၁)နာရီအချိန်ခန့်က သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။