အမြို့မြို့အနယ်နယ်သတင်းများ

Aug 07,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်ရှိ အမှတ်(၁)၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင် အထက်တန်းဆင့်သင်ကျောင်းတို့တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုကို ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက ကွင်းဆင်း ကြည့်ရှုစစ်ဆေးလျက်ရှိသည်။
Aug 07,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသလား အသိပညာပေးလက်ကမ်းစာစောင်ကို မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက်(၁၀)နာရီက ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြသည်။
Aug 07,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် သောက်သုံးရေပေးဝေသည့် ပိုက်လိုင်းရေပြတ်တောက်မှုအား ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က စတင်ဆောင်ရွက်သည်။
Aug 07,2020
ထိုသို့ လွှဲပြောင်းပေးအပ်ရာတွင် KMSS-BANMAW (ကရုဏာလူမှုစည်းလုံး ညီညွတ်ရေးအသင်း)မှ ဒါရိုက်တာ ဖာရ်သာ မိုက်ကယ်မရူတန်ဂွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်းက အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် ကက်သလစ်အသင်းတော်မှ ဘုန်းတော်ကြီး ရယ်မွန်ဆွတ် လွတ်ဂမ်က တိုက်ပွဲရှောင်များအား အားပေးစကားများ ပြောကြားခဲ့ပြီး ဗန်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်က ယခုပြောင်းရွှေ့နေထိုင်ကြသော ပြည်သူများအား လမ်း၊ လျှပ်စစ်မီးနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်သွားနိုင်ရေး ပြောကြားခဲ့သည်။