အမြို့မြို့အနယ်နယ်သတင်းများ

Nov 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေး အရည်အသွေးများ စစ်ဆေးခြင်းလုပ်ငန်းများကို နိုဝင်ဘာလ ပထမအပတ်မှစ၍ စစ်ဆေးပေးလျက်ရှိကြောင်း ရွှေဘိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Nov 17,2020
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် အလုပ်အကိုင် နည်းပါးပြီး ပုံမှန်ဝင်‌ငွေမရှိသည့် အခြေခံ အိမ်ထောင်စု များအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀)စီကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန် ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ထံ ခွဲဝေပေးအပ်ခဲ့သည်။
Nov 17,2020
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်အတွင်းရှိ ဆောင်းသီးနှံစိုက်တောင်သူ ၁၅၇၄ ဦးအတွက် စိုက်ပျိုးရေးအဆင်ပြေစေရန် ၂၀၂၀ ပြည့်နှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေအဖြစ် ငွေကျပ်သိန်းပေါင်း ၄၂၀၀ လျာထားထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲက သိရသည်။
Nov 17,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့ ၊ မိုင်းနောင်ကျေးရွာအနောက်မြောက်ဘက် (၃)မိုင်ခန့်အကွာ ရွှေမှော်ဟောင်းနေရာတွင် ယ‌နေ့ နံနက်ပိုင်းက တရားမဝင်ရွှေတူးဖော်နေသူ အမျိုးသား(၂)ဦး မြေကျင်းပိသေဆုံးခဲ့ကြောင်း လုံးတုံနယ်မြေရဲစခန်းမှရဲမှတ်တမ်းများအရသိရသည်။
Nov 17,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်အတွင်း ကိုဗစ်- ၁၉ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်သည်။
Nov 17,2020
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်း ဆောင်လျက်ရှိသည့်
Nov 17,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရှိ ဒေသခံပြည်သူများ လူကုန်ကူးမှု အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် လူကုန်ကူးမှုဆိုင်ရာအသိပညာပေးနံရံကပ် စာစောင်များပြသခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန် က မန့်ဟီးရိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့ရုံးပြည်သူ့စာကြည့်တိုက်ခန်းမရှေ့တွင် ခင်းကျင်းပြသဆောင်ရွက်ခဲ့သည်။