Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပေါင်းတည်မြို့တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်ပိုစတာ ဖြန့်ဝေချိတ်ဆွဲခြင်းနှင့် မဲစာရင်းသွားရောက်ကြည့်ရှုရေး အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်…
Aug 07,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသောင်းညွန့်နှင့် အဖွဲ့ဝင်များ အဖွဲ့ဝင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ထွန်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများ နှင့် အရပ်ဘက်လူမှုရေး အသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲရုံးရှေ့ ရန်ကုန်ပြည် ကားလမ်းဘေးမှ ခရီးသွားပြည်သူများနှင့် မြို့ပေါ်ရပ်ကွက်များ၌ ပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြပြီး အများမြင်သာသည့် နေရာအသီးသီးနှင့် မြို့နယ်အတွင်းရှိ လူစည်ကားရာ သတ်မှတ်နယ်မြေအသီးသီးသို့ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးပိုစတာများ သွား ရောက် ချိတ်ဆွဲပေးခဲ့ ကြသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာမှု မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေး
Aug 07,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် တောင်ကြီး မြို့နယ်အတွင်းရှိ မဲဆန္ဒနယ်မြေများတွင် မဲဆန္ဒစာရင်းများ ကပ်ထားကြေညာထားရှိမှု အခြေအနေများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ကြီးမြို့နယ်၌ စစ်တောင်းမြစ်ကမ်းပါး ကျွံကျမှု အန္တရာယ်ဖြစ်ပေါ်နိုင်သဖြင့် လူနေအိမ် နှစ်လုံး ပြောင်းရွေ့
Aug 07,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တွင် စစ်တောင်းမြစ်ရေ တိုက်စားမှု ကြောင့် မြစ်ကမ်းပါးကျွံကျမှု အန္တရာယ်ဖြစ်ပေါ်လာနိုင်သဖြင့်
အပြည့်အစုံ ဖတ်ရန်
လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားနေမှု အား ကွင်းဆင်းစစ်ဆေး
Aug 07,2020
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း ကိုဗစ်ကာလတွင် အခြေခံပညာအထက်တန်းကျောင်းများ၌ ပညာသင်ကြားနေမှုများအား ယမန်နေ့ နံနက် (၁၀) နာရီကနေ ပြည်တော်ကောင်စီဝင် ဦးတင်ထွန်းနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချင်းရွှေဟော်မြို့မှနေရပ်ပြန်ပြည်သူ(၃၇)ဉီးအားသက်ဆိုင်ရာဒေသများသို့ထပ်မံလွှဲပြောင်းပို့ဆောင်
Aug 07,2020
ချင်းရွှေဟော် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည် ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ ၅ ရက်နေ့၊ ညနေ(၆)နာရီ အချိန်က(၂၆)ဉီးနှင့် ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က(၁၁)ဉီး စုစုပေါင်းနေရပ်ပြန်ပြည်သူ (၃၇) ဉီးတို့အား လားရှိုးမြို့သို့ ထပ်မံ လွှဲပြောင်း ပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ပထမအကြိမ် ကြေညာထားပြီး မဲရုံပေါင်း (၁၈၈)ရုံနှင့် မဲဆန္ဒရှင် (၂၂၂၉၉၂)ဦးရှိ
Aug 07,2020
ရန်ကုန်တိုင်ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် နိုင်ငံသူ၊ နိုင်ငံသားတိုင်း မဲပေးခွင့် မဆုံးရှုံးစေရေး အတွက် ဇူလိုင်လ(၂၅)ရက်နေ့မှ စတင်၍ ဩဂုတ်လ(၇)ရက်နေ့အထိ (၁၄)ရက်ကြာ အင်းစိန်မြို့နယ် အတွင်းရှိ ရပ်ကွက်ပေါင်း(၂၁)ရပ်ကွက်ရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင် အမည်စာရင်းများကို ထုတ်ပြန်ကြေညာထားလျက်ရှိရာ ဒေသခံပြည်သူများ မဲစာရင်းများကို လာရောက် ကြည့်ရှုလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့၌ ဆိုင်းဂီတပညာရှင်များအား ထောက်ပံ့ကြေးငွေပေးအပ်
Aug 07,2020
ကိုဗစ်-၁၉ ကာလတွင် နေပြည်တော် တပ်ကုန်းမြို့နယ် ဆိုင်းဂီတပညာရှင်အဖွဲ့သားများ ဆိုင်းအငှားလိုက်ခြင်း လုပ်ငန်းများ ရပ်ဆိုင်းထားခဲ့ရသဖြင့် မိသားစု စားဝတ်နေရေးအတွက် အ ထောက်အကူဖြစ်စေရန် ရည်ရွယ်ကာ မြန်မာနိုင်ငံဆိုင်းဂီတအသင်းဗဟိုမှ ထောက်ပံ့ကြေးငွေ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဆရာစံရပ်ကွက်၊ ဆိုင်းဆရာကြီး ဦးရှိုင်းဗိုလ် အိမ်တွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်၌ မဲဆန္ဒရှင်စာရင်းကပ်ထား ကြေညာထားရှိမှု အခြေအနေများအား မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု
Aug 07,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး အတွက် မဲဆန္ဒရှင် စာရင်းများကို ပထမအကြိမ်အဖြစ်
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28230
Page
28231
Page
28232
Page
28233
Current page
28234
Page
28235
Page
28236
Page
28237
Page
28238
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department