အမြို့မြို့အနယ်နယ်သတင်းများ

Nov 17,2020
မွန်ပြည်နယ် ကျိုက်မ​ရော မြို့နယ်တွင် ကိုဗစ်-၁၉​ရောဂါ ဖြစ်ပွား​နေသည့်ကာလအတွင်း ပုံမှန်ဝင်​ငွေ မရှိ​သော အ​ခြေခံလူတန်းစား အိမ်​ထောင်စုများအတွက် နိုင်ငံ​တော်အစိုးရမှ ​ထောက်ပံ့​ငွေ​ပေးအပ်ခြင်း အခမ်းအနားကို ယ​နေ့ နံနက် ၁၀နာရီက အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမ၌ ပြုလုပ်သည်။
Nov 17,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့တွင် အနယ်နယ်အရပ်ရပ်မှ ပြန်လည်ဝင်ရောက်လာမည့် နေရပ်ပြန်ပြည်သူများ Quarantine Center များတွင် ထားရှိနိုင်ရန် ပြင်ဆင်ဆောင်ရွက်မှုကို ယနေ့မွန်းလွဲ ၃နာရီအချိန်ခန့် က မိုင်းရှူးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
Nov 17,2020
ပဲခူးတိုင်းဒေသကြီး ပြည်မြို့စည်ပင်သာယာမြို့မစျေးကြီး၌ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ်ရေးအတွက်
Nov 17,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ဖြစ်ရာ ရှမ်းပြည်နယ်အတွင်းကျင်းပပြုလုပ်ခဲ့သော ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက် ပွဲကြီးတွင် ပါဝင်ခဲ့ကြသည့် မဲဆန္ဒရှင်ပြည်သူများ ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် စေတနာ့ဝန်ထမ်းများအား အထူးကျေးဇူးတင်ပါကြောင်းနှင့် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ က ယနေ့ ၂၀၂၀ ပြည့်နှစ် ၊ နို၀င်ဘာ လ(၁၇)ရက်နေ့က နံနက်ပိုင်းက ထုတ်ပြန် လိုက်ကြောင်း သိရှိရသည် ။
Nov 17,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့် ရေး(၁၆)ရက်တာ လှုပ်ရှားမှုအကြို ညှိနှိုင်းအစည်းအဝေး အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 17,2020
ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ရပ်ကွက်(၃)၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများ၏ အိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ရပ်ကွက်(၃)ရုံး၌လည်းကောင်း၊ အခြေခံလူတန်းစားများ၏ နေအိမ်များသို့ တစ်အိမ်တက်ဆင်းသွားရောက်၍လည်းကောင်း လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Nov 17,2020
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း အခြေခံလူတန်းစားများအား စတုထ္ထအကြိမ် ငွေကြေး ထောက်ပံ့ခြင်း ကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် နိုဝင်ဘာ ယနေ့ နံနက် (၁၁) နာရီခွဲအချိန်က
Nov 17,2020
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါကို ထိရောက်စွာကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ဈေးရောင်း၊ဈေးဝယ် ပြည်သူများ နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာကြရန် အသိ ပညာပေးMaskCampaignဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဘုရားကြီးရပ်ကွက်အခွန်လွတ်ဈေးဒဂုံရိပ်သာဈေးတို့၌ ဆောင်ရွက်ကြောင်းသိရသည်။