အမြို့မြို့အနယ်နယ်သတင်းများ

Nov 12,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့၌ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေပေး အပ်ခြင်း ကို ယနေ့နံနက် (၇)နာရီကစတင်၍ တာဝန်ရှိသူများက ရပ်ကွက် နှင့်ကျေးရွာအုပ်စုများသို့ ကွင်းဆင်း ထောက်ပံ့ပေးလျက်ရှိ‌ေကြာင်း သိရသည်။
Nov 12,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့ ၊ (အ.ထ.က)ကျောင်း ယာယီ သီးခြားလူနာကုသဆောင်တွင် ထားရှိပြီး ဆေးကုသပေးနေသော ကိုဗစ်ပိုးတွေ့လူနာ အမျိုးသမီး(၁) ဦး အား ကိုဗစ် - ၁၉ ရောဂါပိုး သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး နှင့် ကုသရေး ဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ထံက သိရသည်။
Nov 12,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေအဖြစ် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်နှစ်သောင်းစီ ထောက်ပံ့ပေးအပ်မှုများအား လင်းခေး မြို့နယ်အတွင်းရှိ အခြေခံ လူတန်းစား အိမ်ထောင်စုများအား ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးအောင်သန်ဇော်ဦးဆောင်၍ရပ်ကွက်‌၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့်အတူ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
Nov 12,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် တစ်ပိုင်တစ်နိုင် ကွမ်းရွက်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရှိရသည်။
Nov 12,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ဈေးဝယ်လာရာ တွင် အဆင်ပြေ ချောမွေ့စေရန်နှင့် ဈေးရောင်းချသူများ ရောင်းချရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ ဘိုကုန်ဈေး မြေညီထပ် ဆောက်လုပ်နေသည့် ပြီးစီးမှုအခြေအနေကို ယမန်နေ့ နံနက်(၈)နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
Nov 12,2020
ကယားပြည်နယ် ၊ လွိုင်ကော်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာဖြစ်သည့် လွိုင်ကော်မြို့ ၊ နမ့်ဘော်ဝမ်(က)ရပ်ကွက် တွင်နေထိုင်သော အသက်(၃၂)နှစ်အရွယ် အမျိုးသားတစ်ဦးအား လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသပေးလျက်ရှိပြီး သတ်မှတ် Quarantine ဝင်ရောက်ရက်ပြည့်၍ ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့ နံနက်ပိုင်းတွင် ဆေးရုံမှဆင်းခွင့်ပြု လိုက်ကြောင်းသိရသည်။
Nov 12,2020
မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် စိတ်ဓာတ် ရေးရာမြှင့် တင်ပေး မှုဆိုင်ရာပြည်သူများသို့ ပန်ကြားလွှာများကို လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့် ခွဲမှုဦးစီးဌာနတို့က ယမန်နေ့နံနက်ပိုင်း၌ လှည့်လည်နှိုးဆော်၍ အသိပညာပေးခြင်း လုပ်ငန်း များ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Nov 12,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။