အမြို့မြို့အနယ်နယ်သတင်းများ

Nov 12,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်တွင် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ထိုးနှံပေးခဲ့သည်။
Nov 12,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် အများပြည်သူ အလွယ်တကူ သိရှိလိုက်နာဆောင်ရွက်ရန် အချက်များကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ယနေ့နံနက်က နမ့်ဟူး၊ မယ်ဆည်နမ်၊ နမ့်ပိန်းလင်၊ ကျောက်စုကျေးရွာတို့၌ လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
Nov 12,2020
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ကျေးလက်ဒေသများရှိ ဒေသခံတိုင်းရင်းသားလူများ ပညာရေး ကျန်းမာရေး စီးပွားရေးနှင့် လူမှုရေးကိစ္စရပ်များအား အဆင်ပြေစေရေးအတွက် ကျေးရွာမီးလင်း‌ရေး သန့်ရှင်းသောသောက်သုံးရေများရရှိရေးနှင့် လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးအလမ်း တံတားများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Nov 12,2020
ဂန့်ဂေါခရိုင်၊ထီးလင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာလအတွင်း နိုင်ငံတော်အစိုးရ အနေ ဖြင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် စတုတ္ထအကြိမ် မြောက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းမှစ၍ ရပ်ကွက်၊ ကျေးရွာ များရှိပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
Nov 12,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူ တန်းစား တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၄၀၀၀၀)နှုန်းဖြင့် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့ ည(၇)နာရီအချိန်တွင် ရွှေပြည်သာ မြို့နယ်သာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။
Nov 12,2020
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့်အခြေခံ လူတန်းစားများအား နိုင်ငံတော်အစိုးရက တစ်အိမ်ထာင်ကျပ်နှစ်သောင်းထောက်ပံ့ခြင်းကို ယမန်နေ့က ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင်ပြုလုပ်ခဲ့သည်။
Nov 12,2020
ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုအလိုက် စတုတ္ထအကြိမ် ထောက်ပံ့ပေးအပ်ခြင်းအား ယမန်နေ့၊ မွန်းလွဲ(၂)နာရီအချိန်ခန့်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 12,2020
ဂန့်ဂေါမြို့နယ်အတွင်း ဟင်းသီးဟင်းရွက်များကို ရေချွေတာသည့် စိုက်ပျိုးနည်းစနစ်ဖြစ်သည့် မွှားစနစ် Sprinkler Irrigation ဖြင့် ရေသွင်း စိုက်ပျိုးလျှက်ရှိကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရ သည်။