အမြို့မြို့အနယ်နယ်သတင်းများ

Nov 12,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံခြင်းမှ ကင်းဝေးစေရန်အတွက်  ယမန်နေ့ ညနေပိုင်းအချိန်က မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ပြည်သူ့ ဝန်ဆောင်မှုရုံး ( One Stop Shop )၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 12,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလ အတွင်း စားဝတ်နေရေး အဆင်ပြေစေရန်အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ထောက်ပံ့ငွေများအား စတုတ္ထအကြိမ် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က ဘောဂလိမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများထံ စနစ်တကျ ပေးအပ်လျက် ရှိကြောင်း သိရသည်။
Nov 12,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေ များ ပေးအပ် လျက်ရှိရာ စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေအဖြစ် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်လေးသောင်းစီ ထောက်ပံ့ပေးအပ်မှုများအား ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင်
Nov 12,2020
မြင်းခြံမြို့နယ်အတွင်း ကျေးရွာ (၁၅) ရွာအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ကျေးရွာတစ်ရွာလျှင် ငွေကျပ် သိန်း ၁၀၀ စီ ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက သိရသည်။
Nov 12,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့သို့ ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လည် ဝင်ရောက် လာသူနေရပ်ပြန်(၃)ဦးအား မြတ်ဒါနလူမှုကူညီရေးအသင်းမှ ပန်ဒိုင်စစ်ဆေးရေးဂိတ်တွင် သွားရောက် ခေါ်ဆောင်ပြီး အ.ထ.က ငွေဆောင်ကျောင်းရှိ Facility Quarantine Centre သို့ ယနေ့နံနက် ၈ နာရီချိန်က ထားရှိပြီးကြောင်း သိရသည်။
Nov 12,2020
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်၊ မင်းဘူးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိရုံးအသစ် ဖွင့်လှစ်ပွဲ အခမ်းအနားကို (နိုင်ဝင်ဘာ ၁၂ ရက်) ယနေ့နံနက် ၉ နာရီ အချိန်က အဆိုပါ ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 12,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 12,2020
မော်လမြိုင်ခရိုင် ၊ကျိုက်မ​ရော မြို့နယ် တွင် ပြည်သူလူထုများလမ်းပန်းဆက်သွယ်​ရေး လွယ်ကူ ​ချော​မွေ့​စေရန် နှင့်ကုန်စည်ဖွံ့ဖြိုးတိုး တက်​ရေးအတွက် မြို့နယ်စည်ပင်သာယာ​ရေး အဖွဲ့မှ တာဝန် ယူဆောင်ရွက်လျက်ရှိသော အတ္ထရံရပ်ကွက် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများ ကိုနိုဝင်ဘာ၁၀ရက်မှစ၍ စတင်​ဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။