အမြို့မြို့အနယ်နယ်သတင်းများ

Nov 12,2020
ဂန့်ဂေါမြို့နယ်အတွင်း ဟင်းသီးဟင်းရွက်များကို ရေချွေတာသည့် စိုက်ပျိုးနည်းစနစ်ဖြစ်သည့် မွှားစနစ် Sprinkler Irrigation ဖြင့် ရေသွင်း စိုက်ပျိုးလျှက်ရှိကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရ သည်။
Nov 12,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ တစ်ဖက်တစ်လမ်းမှ အထောက် အကူဖြစ်စေရေးအတွက် နိုင်ငံတော်မှ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာ တာဝန်ရှိသူများ က သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများသို့ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
Nov 12,2020
မိတ္ထီလာခရိုင်၌ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း( VDP )ကို ကျေးရွာပေါင်း၆၅ ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဒေါ်မြင့်ဝင်းထံ က သိရသည်။
Nov 12,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရန် မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာ အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ည(၇)နာရီအချိန်က နှိုးဆော်ခဲ့သည်။
Nov 12,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအတွက် ၂၀၂၀ဆောင်းရာသီစိုက်ပျိုးစရိတ် ထုတ်ချေးငွေများကို ယနေ့နံနက် ၁၀ နာရီအချိန်က မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲတွင် ထုတ်ချေးပေးလျက်ရှိကြောင်းသိရသည်။
Nov 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွဲ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ(ပြည်ထောင်စု)ရန်ပုံငွေနှင့် အိန္ဒိယနိုင်ငံ အထောက်အပံ့ရန်ပုံငွေဖြင့် လဟယ်-လေရှီးမြို့နယ်ချင်းဆက်လမ်း ဖောက်လုပ်နေမှုကို ယမန် နေ့က ခေတ္တ နာဂဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး မှ ဒုတိယညွှန်ကြားရေးမှူးဦးရဲမင်းနှင့် ရုံးအဖွဲ့ များ က လုပ်ငန်းရှိရာသို့ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
Nov 12,2020
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ထိန်းချုပ်ကုသနိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းနှင့်ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလက် ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းကို အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွှဲ(၁) နာရီက မြဝတီခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြဝတီခရိုင်လူမှုဝန် ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မြဝတီမြို့အတွင်းရှိ ရပ်ကွက်များတွင် ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေးအသိ ပညာပေးဆောင်ရွက်ခဲ့သည်။
Nov 12,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အတွင်းတွင် ကန့်သတ်စောင့်ကြည့်စင်တာ(၆)ခု ဖွင့်လှစ်ထားရှိပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပရဟိတအသင်းစုံမှ Volunteers (၇၀)ဦးနှင့် Ambulances(၁၃)စီးဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။