Mar 16,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၏ အထင်ကရတစ်ခုဖြစ်သော မြို့ကျက်သရေဆောင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် တပေါင်းလပြည့်နေ့ နေ့ထူးနေ့မြတ် အချိန်အခါသမယ ဖြစ်သည့် အားလျော်စွာ ယနေ့နံနက်ပိုင်းမှစ၍ ပဲခူးမြို့ရှိ ဒေသခံပြည်သူများ အပါအဝင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။