နယ်ရုံးများ၏သတင်းများ

Mar 15,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းကျန်းမာရေးမှတ်တမ်းကဒ် သုံးစွဲခြင်းဆိုင်ရာ မိတ်ဆက်သင်တန်းကို ယနေ့ နံနက် ၉ နာရီချိန်က အမှတ် (၂) ရပ်ကွက်၊ သီရိရတနာခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့သည်။
Mar 15,2022
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် မြို့အဝင်အထွက်နေရာများ၌ ၁၈ နှစ်ပြည့်ပြီး ပြည်သူများအား ကိုဗစ်၁၉ရောဂါကာကွယ်ဆေးထိုးနှံ ပြီးစီးခြင်း ရှိ/မရှိစစ်ဆေးပြီး မထိုးနှံရ သေးသူများအား ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိသည်။
Mar 15,2022
တနင်္သာရီတိုင်းဒေသကြီး၊ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ကျောင်းသား၊ကျောင်းသူ(၃၂၆)ဦး ဝင်ရောက်ဖြေဆို မည်ဖြစ်ကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှသိရသည်။
Mar 15,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ ဆင်မကြပ်စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ခရီးသွားပြည်သူများ mask စနစ်တကျ တပ်ဆင်သွားလာရေး စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ
Mar 15,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်နိုင်ရေး၊ မြေပြင်စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း များကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ ယမန်နေ့ကစတင် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Mar 15,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ဘိုးကြာညိုကျေးရွာ စနစ်ကျလယ်ယာမြေ ဧက ၁၀၀ ကွင်း၌ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ထောက်ပံ့ပေးအပ်သော ဓာတ်မြေဩဇာများအား ယနေ့ နံနက်ပိုင်း တွင် ရေတာရှည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းက တောင်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။
Mar 15,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယမန်နေ့နံနက် ၁၀နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)ရေးသားသည့် အသိနှင့်ပညာစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ ကြောင်း သိရသည်။
Mar 15,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူး မြို့နယ်စည်ပင်သာယာရေး ဌာနအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (Mini Budget)၊ ဒုတိယ (၃) လပတ်တွင် ပြည်နယ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် စိတ္တသုခဘုန်း ကြီးကျောင်းလမ်း ကျောက်ချောခင်း ခြင်းနှင့် ပတ္တမြား ကွက်သစ်လမ်းသွယ် Box Culvert ပြုလုပ်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ရာ လုပ်ငန်းအား လုံးဆောင်ရွက်ပြီးစီး ပြီးဖြစ်ကြောင်း သိရသည်။