နယ်ရုံးများ၏သတင်းများ

Mar 16,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနက ထောက်ပံ့ပေးအပ်သည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွား သည့် အသက်(၂)နှစ်အောက် ကလေးငယ်များအား(MCCT)အစီအစဉ်ဖြင့် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်းကို ယ​မန်နေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။
Mar 16,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား စာကြည့်တိုက်နှင့် ရင်နှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေ​ရန်နှင့် ပင်ကိုယ်ဉာဏ်ရည် ဉာဏ်သွေးများ ပိုမိုထက်မြက်စေရန်၊ အသိပညာဗဟုသုတများရရှိစေရန်တို့ကို ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 16,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ ရေဖြူမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးမြင့်နှင့် ၀န်ထမ်းများက ဖေဖော်ဝါရီ(၁၃)ရက်မှ (၁၄)ရက်နေ့အထိ ၂ ရက်တာ အချိန်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဇာဒီကျေးရွာ၊ အခြေခံအထက်တန်း‌ကျောင်း၌ နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင် စုစာရင်းကို ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Mar 16,2022
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာပေချစ်မြတ် နိုးသူများအသင်း Book Club နှင့် ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာကျော်စိန် ရေးသားထားသော ‘’ လူငယ်လမ်းညွှန် ‘’ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Mar 16,2022
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ဆိုင်ရာကြီးကြပ်မှုကော်မတီ ပထမအကြိမ်အစည်း အဝေး(၁/၂၀၂၂)ကို ယမန်နေ့မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 16,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင်၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ကျောင်းအကျိုးတော်ဆောင်နှင့် ကျောင်း သားမိဘများ တွေ့ဆုံ၍ အစည်းအဝေးကျင်းပ ခြင်းကို ဘောလခဲမြို့(အထက) ကျောင်းအုပ်ကြီးရုံးခန်း၌ ယမန်နေ့နံနက်(၉)နာရီ အချိန်က ကျင်းပခဲ့သည်။
Mar 16,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် အသက် ၁၈နှစ်အထက်နှင့် ဘိုးဘွားများ၊ ပြည်သူ များ၊ လက်ရှိ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ သံဃာတော်များနှင့် စည်ပင်ဈေးဝန်ထမ်းများ၊ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း ဝန်ထမ်းများအား ကိုဗစ်- ၁၉ကာကွယ်ဆေး Phase-6 second dose၊နှင့် Phase-7 first dose ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှစတင်ကာ အလုံမြို့နယ်အမှတ်(၄) အ​ခြေခံပညာ အထက်တန်း​ကျောင်း သီရိရတနာခန်းမ၌ ထိုးနှံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 16,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ Ck Frozen Foods၊Westwood Myanmar Co.Ltdနှင့် Myanmar Hand Some Garmentစက်ရုံတို့အား ယမန်နေ့နံနက်(၁၁)နာရီ က ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်ကျန်းမာရေး၊ အရှေ့ပိုင်းခရိုင် စစ်ဆေးရေးအဖွဲ့ (၁)မှ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်များတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။