နယ်ရုံးများ၏သတင်းများ

Mar 16,2022
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် ဒေသခံတောင်သူများက ရာသီမပြတ် စီးဆင်းနေသော ကျောချောင်း၊ ယောချောင်းနှင့် မြေအောက်ရေကို အကျိုး ရှိစွာ အသုံးချပြီး တစ်နှစ်ပတ်လုံး စိုက်ပျိုးရေး လုပ်ငန်းများကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုနှစ်နှောင်းပိုင်းတွင် တိုင်ထောင်ခရမ်း ချဉ် စိုက်ပျိုး တောင်သူများ အောင်မြင်ဖြစ် ထွန်းသော်လည်း ခရမ်းချဉ်သီး ဈေးနှုန်း ကျဆင်းနေသည့် အတွက် သီးနှံဝင်ငွေ အကျိုးအ မြတ် နည်းပါးကြောင်း ပေါက်မြို့နယ် အတွင်းရှိ တိုင်ထောင်ခရမ်းချဥ် စိုက်ပျိုး တောင်သူများထံမှ သိရသည်။
Mar 16,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ(၃၅၀)ဧက စိုက်ပျိုးရေများ အပြည့်အဝပေးနိုင်ရေးရေပြွန်(၅)လုံးပြန်လည် ပြုပြင်ပေးခြင်း လုပ်ငန်းများကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်း ဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန် ယူပြီး ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရှိရသည်။
Mar 16,2022
အားကစားနှင့်ကာယပညာဦးစီးဌာနမှ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား ကျောင်းသူများ ကိုယ်ကာယကျန်းမာသန်စွမ်းစေရေး ကိုယ်ကာ ယလေ့ကျင့်ခန်းများ လေ့ကျင့်ဆောင်ရွက်တတ်လာစေရေးနှင့် အားကစားသိပ္ပံကျောင်းသို့တက်ရောက်နိုင်မည့် ကျောင်းသား ကျောင်းသူများရရှိပြီး သွားရောက် ပညာသင်ကြားနိုင်စေရေးအတွက် အားကစား အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းအချိန်ကကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ် ကြီးမြို့နယ် တံခွန်တိုင်ကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်းနှင့် ခလယ်ကျေးရွာအုပ်စု ခလယ်ကျေးရွာ အခြေခံ ပညာအထက် တန်းကျောင်း၌ ပြုလုပ်ကျင်းပသည်။
Mar 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်တိုင်းရင်းဆေးကုဌာနမှ ခရိုင် တိုင်းရင်းဆေးမှူး ဒေါ်ဇင်ဝင်းမာနှင့်ဝန်ထမ်းများသည် အမှတ်( ၁၇) ရပ်ကွက်ရှိကန်တော် မင်္ဂလာဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား "သက်ရှည်ကျန်းမာနေနိုင်ရေး တိုင်းရင်းဆေးဖြင့်ပညာပေး "ဆောင်ပုဒ်နှင့်အညီ ကွင်းဆင်း ဆေးကုသခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီ အချိန်ကအဆိုပါ ဘိုးဘွားရိပ်သာတွင် ဆောင်ရွက်ကြသည်။
Mar 16,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ (၆)လတာ ဘဏ္ဍာရေးနှစ် ကာလ အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် တူယားကျေးရွာအုပ်စု၊ ပါတတ်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု အခြေအနေ များကိုယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။
Mar 16,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရန်တိုင်းအောင် ဆုတောင်းပြည့်စေတီတော်တွင် ယနေ့နံနက်(၈)နာရီအချိန်က ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်း၊ (၁၆) ကြိမ်မြောက် ရွှေကြာသင်္ကန်း ကပ်လှူခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
Mar 16,2022
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂)ကို မတ် ၁၅ ရက် မွန်းလွဲ ၁ နာရီက ဗန်းမော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရ သည်။