နယ်ရုံးများ၏သတင်းများ

Mar 17,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ အခြေခံပညာ အထက်တန်းကျောင်း တွင် ၂၀၂၁- ၂၀၂၂ပညာသင်နှစ် ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲ ကို ယနေ့ နံနက် ၉နာရီမှ စ၍ ကျောင်းသား/သူများက အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိ ရှိစေရန် ရည်ရွယ်၍ Youth Club အဖွဲ့ဝင်များက စာရေးဆရာအောင်သင်း၏ အားနေ သောလက် များစာအုပ်အား ယမန်နေ့ နေ့လည်(၃)နာရီအချိန်က သံ‌တောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် CommunityCentre ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
Mar 17,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ကဗျာ ရွတ်၊ ပုံပြင်ပြော၊ စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။
Mar 17,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်းဦးခရိုင်၊ငါ့သရောက်မြို့တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ငါ့သရောက်မြို့သို့ ဓာတ်အားပေးထား​သော ​သဓာတ်အားလိုင်း နှင့် မလွတ်ကင်းသော သစ်ပင် သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းကို ငါ့သရောက်မြို့ လျှပ်စစ်မန်နေဂျာ ဦးဝေဖြိုးကျော် ဦးဆောင်၍ လျှပ်စစ်ဝန်ထမ်းများက ပူးပေါင်းလုပ်ကိုင်ခဲ့ကြောင်း သိရသည်။
Mar 17,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူပြည်သူများ မိမိတို့ရရှိမည့် အခွင့်အရေးများကို သိရှိစေရန် ရည်ရွယ်ပြီး မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနနှင့် ပူးပေါင်းကာ စားသုံးသူရေးရာ အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်ကကျင်းပပြုလုပ်ခဲ့ပါသည်။
Mar 17,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းရှိ အခြေခံမဲဆန္ဒရှင် မြေပြင်စာရင်းများ ပြည့်စုံ မှန်ကန်နိုင်ရေးအတွက် လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းကို ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲရုံး ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကွက်/ ကျေးရွာ စာရေးဝန်ထမ်းများ၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ် မြို့နယ်ဝန်ထမ်းများပူးပေါင်း၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Mar 17,2022
ကရင်ပြည်နယ် မြဝတီခရိုင်စုကလိမြို့ သမိုင်းဝင်ဆံတော်ရှင်မုလအိ စေတီတော်မြတ်ကြီး အား နှစ်စဉ်နှစ်တိုင်း တင်လှူပူဇော်မြဲ ဖြစ်သည့်ရွှေထီးတော် အသစ်တင် လှူပူဇော်ခြင်းကို ယနေ့တပေါင်းလပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
Mar 17,2022
၇၇နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကျပန်းစကားပြော၊ ကဗျာရွတ်နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့် ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။