နယ်ရုံးများ၏သတင်းများ

Mar 17,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပလောက်မြို့ အမှတ်(၁) ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား ယမန်နေ့က နိုင်ငံသား စိစစ်ရေးကတ်ပြားများ လက်ဝယ်ရရှိ ရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရ သည်။
Mar 17,2022
တနင်္သာရီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၁၃၈၃-ခု (၂၀၂၂)ခုနှစ်၊ တပေါင်းလပြည့်နေ့၊ သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော်ဆက်ကပ် လှူဒါန်းပူဇော်ပွဲမဟာမင်္ဂလာ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီ က ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
Mar 17,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ ယမန်နေ့က မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာ ဧည့်သည်များ ဖြင့်စည်ကားနေကြောင်း ရွှေစည်းခုံဘုရား ဂေါပက ရုံးအဖွဲ့မှူး ဦးသန်းမြင့် ဦးထံကသိရသည်။
Mar 17,2022
(၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် အသက် (၁၇)နှစ်နှင့်အောက် (U-17) အမျိုးသားဘောလုံးပြိုင်ပွဲနှင့် နွေရာသီအားကစားနည်း(၅)မျိုး အခမဲ့သင်တန်းဖွင့်လှစ်နိုင်ရေးညှိ နှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပခဲ့သည်။
Mar 17,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲအိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများကို ယနေ့ နံနက် (၉)နာရီ ကဆင်ဖြူကုန်းကျေးရွာအတွင်းရှိ လမ်းဆုံနေရာများတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၀င်များနှင့် ပရဟိတအဖွဲ့၀င်များက Hand Speaker ဖြင့်လှည့်လည် နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 16,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူး မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ဟိုက်ပါကျေး ရွာအုပ်စု၊ဟိုက်ပါကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့က ဟိုက်ပါရေတံခွန်ကွင်းပြင်တွင် ပေးအပ်ခဲ့ကြောင်း သိရ သည်။
Mar 16,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၌ ၂၀၂၂ ခုနှစ် မတ်လနှင့် ဧပြီလအတွင်းပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန (၆)ခုမှ စာမေးပွဲဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူပေါင်း (၁၄၈၈)ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။