Skip to main content

Mar 21, 2023

အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၃)အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2023

ဘဏ္ဍာရေးဆိုင်ရာကော်မရှင်(၁/၂၀၂၃) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2023

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် သတ်မှတ်နေရာအသီးသီး၌ ပြုလုပ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၀-၃-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၁-၃-၂၀၂၃) ရက်နေ့၊ ည(၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၇၉၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၁)ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၀၃) ရာခိုင်နှုန်းရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2023

ဥပဒေရေးရာဝန်ကြီးဌာနသည် ဥပဒေဘာသာပြန်ကော်မရှင်က မြန်မာဘာသာသို့ပြန်ဆိုပြီးသည့် ဥပဒေများကိုစာအုပ်ထုတ်ဝေလျက်ရှိရာ ဘာသာပြန်စာအုပ်အမှတ် (၉) ရာဇသတ်ကြီးစာအုပ်ကို ထုတ်ဝေပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးအေးကျော်သည် မတ် ၁၇ ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်အတွင်းရှိ ၁၃၂ ကေဗွီ ကလောပင်မ ဓာတ်အားခွဲရုံနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း လက်အောက်ရှိ ၆၆ ကေဗွီနှင့် ၃၃ ကေဗွီ ဓာတ်အားခွဲ ရုံတို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2023

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် မွန်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်နှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက သထုံမြို့ရှိနယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ နယ်စပ်ရေးရာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများကို သင်တန်းကျောင်းခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2023

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ရွှေတောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာပေါင်း ၁၆ ရွာမှ ဒေသခံပြည်သူ စုစုပေါင်း ၄၀၅ ဦးတို့ကို ယနေ့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က ရွှေတောင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2023

(၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ပုသိမ် - ကံကုန်း - မြင်းကဆိပ် - မြောင်းမြလမ်းပေါ်ရှိ အရှည်ပေ ၁၂၆၀ ရှိ ပမ္မဝတီတံတား (မြင်းကဆိပ်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတံတား မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2023

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဗီယင်နာမြို့အခြေစိုက် ဩစတြီးယားနိုင်ငံဆိုင်ရာ မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ် Mr. Mag Philip Schonthal ကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2023

ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီများနှင့်တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2023

တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုကာလမှစတင်၍ တိုင်းရင်းသားပြည်သူများနှင့် ဖွဲ့စည်းတည်ဆောက်ထားသည့် တစ်ခုတည်းသော နိုင်ငံ၏အင်အားစုကြီးဖြစ်သည်။ စည်းကမ်းကောင်းမွန်မှု၊ စည်းလုံးညီညွတ်မှုအင်အားများဖြင့် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲအောင် အစဉ်အဆက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်လျက်ရှိသည်။ အင်အားတောင့်တင်း ခိုင်မာပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီတပ်မတော်တည်ဆောက်လျက်ရှိကာ တပ်မတော်အင်အား တောင့်တင်းခိုင်မာသည်နှင့်အမျှ နိုင်ငံတော်လည်း အင်အားတောင့်တင်းခိုင်မာနေမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2023

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း ဧရိယာအကျယ်အဝန်း ၂၂၀၀၆ ဧကရှိသော နန်ဖာဒင် ကြိုးပြင်ကာကွယ်တော၊ အင်းတော်မြို့နယ်အတွင်း ဧရိယာအကျယ်အဝန်း ၁၃၆၃ ဧကရှိသော ဂဟဲ (၂) ကြိုးပြင်ကာကွယ်တော၊ နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်း ဧရိယာအကျယ်အဝန်း ၆၇၈ ဒသမ ၁၉ ဧကရှိသောကျောက်တစ်လုံး ကြိုးပြင်ကာကွယ်တောတို့ကို ၂၀၂၃ ခုနှစ် မတ်လ ၁၄ ရက်မှစ၍ သတ်မှတ်ကြေညာလိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 20, 2023

Chin Dwin Shan Constrution Co,Ltd နှင့် Earth Renewable Energy Co,Ltd တို့၏ 60 KW DC Fast Charging Stationနှင့် EV Charging Station ဖွင့်ပွဲများကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ သခင်မြပန်းခြံနှင့် လှည်းကူးမြို့နယ်ရှိ အမြန်လမ်းမိုင်တိုင် (၁) မိုင်တို့၌ပြုလုပ်ရာ တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ညွန့်၀င်းဆွေ၊ ဆောက်လုပ်ရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဉီးဝင်းဖေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၀င်၀န်ကြီးများနှင့် တာ၀န်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 20, 2023

ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ဖြင့်ရောက်ရှိနေသော တပ်မတော်နှင့်ကျန်းမာရေး ဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများသည် ပေါက်တောမြို့နယ်၊ ပြိုင်းတောင်ကျေးရွာအုပ်စု၊ စိုးမဲကျီကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ခွဲစိတ်ကုသပြီးသော မျက်စိခွဲစိတ်လူနာ ၆ ဦးအား ဆေးရုံရေယာဉ်ပေါ်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 20, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ရုံးရှိ ချင်းတွင်းခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 20, 2023

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ [Democratic Party of National Politics (DNP)]၊ ကချင် အမျိုးသားကွန်ဂရက်ပါတီ [Kachin National Congress (KNC)] နှင့် ရခိုင်အမျိုးသားပါတီ (Arakan National Party) တို့သည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ်ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ယနေ့တွင် လာရောက်လျှောက်ထားခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 20, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိစာသင်တိုက်များမှ သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်မုံရွာမြို့ရှိ ရန်ကင်းကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 20, 2023

(၅၈) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်