Mar 24, 2020
ရန်ကုန် မတ် ၂၄
မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် COVID-19 ရောဂါကြောင့် MNL အပါအဝင် ပြည်တွင်းဘောလုံးပြိုင်ပွဲ အားလုံးကို ရပ်နားကြောင်း မတ် ၂၄ ရက်က အတည်ပြုထုတ်ပြန်ခဲ့သည်။
မတ် ၂၃ ရက်ညပိုင်းတွင် မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုးရှိသူ နှစ်ဦးတွေ့ရှိကြောင်း ထုတ်ပြန်ခဲ့သောကြောင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ကလပ်အသင်း တာဝန်ရှိသူများနှင့် မတ် ၂၄ ရက် နံနက်ပိုင်းက အစည်းအဝေး ပြုလုပ်ပြီးနောက် ပွဲစဉ်များ ရပ်နားကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
မြေအသုံးချမှုစီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကျင်းပ
Mar 24, 2020
နေပြည်တော် မတ် ၂၄
မြေအသုံးချမှု စီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ ပထမအကြိမ် အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့် က ယနေ့အစည်းအဝေး သည် အမျိုးသားမြေအသုံးချမှုကောင်စီ၏ မြေအသုံးချမှုစီမံကိန်းများ၊ မြေအသုံးချမှုဇုန်များ စနစ်တကျ ရေးဆွဲအသုံးပြုနိုင်ရေး မြေအသုံးချမှု စီမံကိန်းရေး ဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် ညှိနှိုင်း အစည်းအဝေး ဖြစ်ပါကြောင်း။
Mar 24, 2020
COVID-19ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍သတင်းထုတ်ပြန်ခြင်း
(၂၄-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ် လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
Mar 24, 2020
နေပြည်တော် မတ် ၂၄
လူမှုကွန်ရက်စာမျက်နှာတွင် လတ်တလောပျံ့နှံနေသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၃၃ ဦးရှိပြီ ဆိုသည်မှာ သတင်းမှားဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့မွန်းလွဲပိုင်းတွင် ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။
“လတ်တလော Messenger တွေမှာ ဖြန့်ဝေနေတဲ့ ၃၃ ဦး Positive သတင်း လုံးဝ မဟုတ်ပါ။ လက်ရှိ အခြေအနေအထိ ထုတ်ပြန်ထားတဲ့ ၂ ဦးသာ ရှိပါတယ်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေနဲ့ အမှန်အတိုင်း ထုတ်ပြန်ပေးလျက်ရှိပါတယ်။” ဟု ၎င်းက ရေးသားထားသည်။
Mar 24, 2020
နေပြည်တော်၊ မတ်၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်တရားသူကြီးသည် ဓနုဖြူမြို့နယ်တရားရုံး ရာဇဝတ်ကြီးမှုအမှတ် ၂၅၉/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၄၂၇ အမှုအား အကြိမ်ကြိမ် ရုံးချိန်းခေါ်၍ အချိန်ဆွဲ စစ်ဆေးပြီး ငွေကျပ် (၅)သိန်းတောင်းယူ၍ တရားသေလွှတ်ခဲ့ခြင်းကို အရေးယူပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သည်။
Mar 24, 2020
နေပြည်တော် မတ် ၂၄
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်းမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး အစီအစဉ်များကို ကချင်၊ ကယား၊ စကောကရင်၊ အနောက်ပိုးကရင်၊ အရှေ့ပိုးကရင်၊ ချင်း(လိုင်ဇိုး)၊ ချင်း(ချိုး)၊ မွန်၊ ရခိုင်၊ ရှမ်း၊ “ဝ” စသည့် တိုင်းရင်းသားဘာသာ ၁၁ မျိုးဖြင့် အသိပညာပေး ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
Mar 24, 2020
နေပြည်တော် မတ် ၂၄
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 24, 2020
မကွေး မတ် ၂၄
ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး တိုင်းဒေသကြီးအဆင့် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။