Mar 24, 2020
ရန်ကုန် မတ် ၂၄
“သင်္ကြန်ရင်ခုန်သံ” စကားဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယိုတွင် စတင်ရိုက်ကူးသည်။
Mar 24, 2020
ရန်ကုန် မတ် ၂၄
ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ မန္တလေးမြို့တော် အမှိုက်သိမ်းစနစ်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသို့ အမေရိကန်ဒေါ်လာ ၁၈၇၅၀၀ တန်ဖိုးရှိ အီစူဇူ အမှိုက်သိမ်း ကားသုံးစီး ထောက်ပံ့ပေးရေး သဘော တူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန် မြို့ နတ်မောက်လမ်းရှိ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံးတွင် ကျင်းပသည်။
Mar 24, 2020
ရန်ကုန် မတ် ၂၄
ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ပြည်သူ့ဆေးရုံ အဆောက်အအုံသစ်နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးရေး အတွက် အမေရိကန်ဒေါ်လာ လေးသိန်း ရှစ်သောင်းခန့် ပေးအပ်ထောက်ပံ့မည့် သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ နတ်မောက်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၌ ကျင်းပသည်။
Mar 24, 2020
ကမ္ဘာနှင့်အဝန်း နိုင်ငံအများစု ရောဂါဖြစ်ပွားနေချိန်၊ ဗိုင်းရပ်စ်ပိုး လုံးဝမတွေ့ရှိသေးသည့် အနည်းစုမျှသောနိုင်ငံထဲတွင် ပါဝင်နေသည့် မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက် ည ၁၁ နာရီ ၁၅ မိနစ် က ကိုဗစ်-၁၉ ရောဂါပိုးရှိသူ နှစ်ဦး စတင်တွေ့ရှိနေသည် ဆိုသည့်အကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာသွားပါသည်။
တစ်ဦးက ချင်းပြည်နယ်သို့ ရောက်လာသည့် အမေရိကန် ပြည်ထောင်စုမှ ပြန်လာသူဖြစ်ပြီး၊ အခြားတစ်ဦးက ယူကေမှ ပြန်လာသည့် ရန်ကုန်ရောက်နေသူ ဖြစ်ပါသည်။ နှစ်ဦးစလုံး စိတ်ချလုံခြုံသည့် ဆေးရုံများမှာရှိနေကာ စနစ်တကျ ဆေးကုသမှု ခံယူနေပြီး ယခုအချိန်ထိ စိုးရိမ်ဖွယ်မရှိဟု သိရပါသည်။
Mar 24, 2020
တစ်ကမ္ဘာလုံးဖြစ်ပွားနေသည့် COVID -19 ရောဂါကြောင့် ကမ္ဘာ့ပြည်သူ အားလုံး ထိတ်လန့်တုန်လှုပ် ဖြစ်ကြမည်မှာ အမှန်ဖြစ်သည်။ အထူးသဖြင့် ရောဂါပြင်းထန်စွာ ကူးစက်ခံရသော၊ အများဆုံး ဖြစ်ပွားသေဆုံးကြသော နိုင်ငံ ၁၀ နိုင်ငံမှ ပြည်သူများဖြစ်သည်။ နေ့စဉ်နေ့တိုင်း နိုင်ငံအများကူးစက် ပြန့်ပွားခဲ့ရာ ယခုအခါတွင် ကမ္ဘာ့နိုင်ငံများ အားလုံးနီးပါး ကူးစက်ခံနေရပြီး မြန်မာနိုင်ငံသည် နိုင်ငံလက်ကျန်နောက်ဆုံးတွင်မှ ကူးစက်ခံရသူနှစ်ဦး ပေါ်ပေါက်ကြောင်း သိရှိလိုက်ရသည်။
Mar 24, 2020
အမျိုးသားလွှတ်တော်ဥပဒေကြမ်း ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ စကားဝိုင်းဆွေးနွေးပွဲကျင်းပ
Mar 24, 2020
နေပြည်တော် မတ် ၂၄
ပြည်တွင်းနေရပ်စွန့်ခွာသူများ ယာယီခိုလှုံရာစခန်းများ (IDP စခန်းများ) တွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လုပ်ငန်းစီမံချက် ရေးဆွဲဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 24, 2020
နေပြည်တော် မတ် ၂၄
Mar 24, 2020
COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၂၅-၃-၂၀၂၀) ရက်နေ့၊ နံနက် (၀၁:၀၀) နာရီ