COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂၅-၃-၂၀၂၀) ရက်နေ့၊ ည (၉:၄၅) နာရီ
Mar 25, 2020
နေပြည်တော် မတ် ၂၅
၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၂၅-၃-၂၀၂၀) ရက်နေ့၊ ည ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာ (၄၀) ဦး ၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်။ (ဇယား -၁)
Mar 25, 2020
နေပြည်တော် မတ် ၂၅
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ဌာန၌ ကျင်းပသည်။
Mar 25, 2020
နေပြည်တော် မတ် ၂၅
ကမ္ဘာတစ်ဝန်းတွင်ဖြစ်ပွားနေသော COVID-19 ရောဂါရိုက်ခတ်မှုကြောင့် ဖြစ်ပေါ် သက်ရောက်နေသည့် အခက်အခဲ အကြပ် အတည်းများအပေါ် ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်း များကို ဆွေးနွေး အဖြေရှာ နိုင်ရေးအတွက် သုံးပွင့်ဆိုင် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
Mar 25, 2020
နေပြည်တော် မတ် ၂၅
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း မှ (၇၅)နှစ်မြောက်၊ စိန်ရတု တပ်မတော်နေ့ အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၃)မျိုး (၅၀၀/-ကျပ်တန်၊ ၂၀၀/-ကျပ်တန်၊ ၁၀၀/- ကျပ်တန်) အား ၂၀၂၀ ပြည့်နှစ်၊ မတ်(၂၇)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ တန်ခူးလဆန်း(၄)ရက်(သောကြာနေ့)၊ နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီးတို့နှင့် တိုင်းဒေသ ကြီး / ပြည်နယ်များရှိ စာတိုက်ကြီးများတွင် ရောင်းချပေးသွားမည်ဖြစ်သည်။
Mar 25, 2020
ညောင်ဦး မတ် ၂၅
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာသစ်လုပ်ငန်းမှ ဖွင့်လှစ်ထားရှိသော တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင်ဖွင့်လှစ်ထားရှိသည့် ဆင်အခြေပြုခရီးသွား လုပ်ငန်းများ၊ ဆင်စခန်း များအားလုံး မတ် ၂၅ ရက် နံနက်ပိုင်းမှစတင်ကာ ခေတ္တရပ်နား ပိတ်ထားမည် ဖြစ်ကြောင်း ဆင်စခန်းတာဝန်ခံများထံက သိရသည်။
Mar 25, 2020
နေပြည်တော် မတ် ၂၅
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၃) ရက် မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 25, 2020
နေပြည်တော် မတ် ၂၅
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 24, 2020
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်
ကော်ဖီဖြင့် လုပ်ငန်းမြှင့်တင်ဖော်ဆောင်ခြင်း
Mar 24, 2020
ဖားကန့် မတ် ၂၄
ဖားကန့်မြို့နယ်တွင် COVID – 19 ကြိုတင်ကာကွယ်မှုဆိုင်ရာ ပံ့ပိုးကူညီရေးကော်မတီမှ ကူးစက်မှုရောဂါ ကာကွယ်ရေး ဝတ်စုံဖြစ်သည့် PPE ဝတ်စုံ ၁၀၀၀ နှင့် အပူချိန်တိုင်းစက်ကိရိယာ အခု ၂၀ ကို ဝယ်ယူသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ ဆေးရုံများမှ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုကူညီရေးအသင်းများသို့ အချိုးကျ လှူဒါန်း သွားမည်ဖြစ်ကြောင်း COVID-19 ကြိုတင်ကာကွယ်မှုဆိုင်ရာ ပံ့ပိုးကူညီရေးအဖွဲ့ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းတန်က မတ် ၂၂ ရက်တွင် ပြောကြားသည်။