Jan 05, 2020
၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် ကမ္ဘာ့ နိုင်ငံအသီးသီးမှ နိုင်ငံ့ခေါင်းဆောင်များနှင့် နိုင်ငံ့အကြီးအကဲအသီးသီးတို့က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။ ။
Jan 05, 2020
“လက်မှုပညာသင်ကျောင်းတွေ များလာအောင် ပိုပြီးကြိုးစား ရလိမ့်မည်၊ အသက်မွေးဝမ်းကျောင်းပညာ၊ အထွေထွေလက်မှု၊ ပညာတွေကို ပိုပြီး အားပေးရမည်။ စာအုပ်တွေထုတ်တဲ့ နေရာ မှာလည်း လူအများအတွက် အရေးတကြီးလိုအပ်သည့် စာအုပ်တွေ၊ အသုံးကျမည့် စာအုပ်တွေကို ဘာသာပြန်ပြီး ပုံနှိပ်ထုတ်ဝေ ဖို့ကို စိတ်ထဲမှာ စွဲထားရမည်။ ဘာသာပြန်ဌာနကြီးကြီးတစ်ခုကို ဖွင့်ရမည်။ နိုင်ငံခြားကိုပညာသင်တွေ လွှတ်ရမည်။ သို့သော်လည်း သူတို့ပြန်လာလျှင် တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် လုပ်နိုင်ကိုင်နိုင်အောင် အသုံးကျတဲ့ ပညာမျိုးတွေကို ကျကျနန ယူလာနိုင်အောင်လုပ်ရမည်။ အဆိုပါ ပညာတော်သင်တွေ အတွက် သင်ကြားဖို့ရာ ပညာရပ်တွေ ရွေးချယ်သည့်နေရာမှာ တိုင်းပြည်ပြန်လည်
Jan 05, 2020
နေပြည်တော် ဇန်နဝါရီ ၅
ဒုတိယအကြိမ်အမျိုးသားလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၂၇ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီတွင် စတင်ကျင်းပရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ခေါ်ယူထားရာ အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များထံသို့ ပေးပို့ထားသည်။
Jan 05, 2020
မြင်းမူ ဇန်နဝါရီ ၅
စစ်ကိုင်းခရိုင်နှင့် မုံရွာခရိုင် ခရိုင်ချင်းဆက်လမ်းပေါ်ရှိ အလှူရှင်များ ဆောက်လုပ်လှူဒါန်းသော တံတားသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။
Jan 05, 2020
မိုင်းယောင်း ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်နှင့် အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၂ နာရီက ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့၏ တန်ခိုးကြီးဘုရားများကို ဖူးမြော်ကြည်ညိုပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
Jan 05, 2020
နေပြည်တော် ဇန်နဝါရီ ၅
ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ စတုတ္ထနေ့ကို ယနေ့နံနက် ၈နာရီတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ကျောက်စိမ်းအတွဲပေါင်း (၁၂၅၀) တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့သည်။
Jan 05, 2020
မူဆယ် ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ နယ်စပ်ဒေသတွင် (၂၀၁၉)ခုနှစ်အတွင်း ယာဉ်မတော်တဆ ထိခိုက်ဖြစ်ပွားမှုနှင့် ဒဏ်ရာရရှိမှု လူဦးရေသည် (၂၀၁၈) ခုနှစ်ထက် လျော့နည်းလာကြောင်း မူဆယ်မြို့၊ အမှတ်(၁၂၃)ယာဉ်ထိန်း ရဲတပ်ဖွဲ့စု(မူဆယ်ခရိုင်)၏ မှတ်တမ်းအရ သိရသည်။
ယာဉ်မတော်တဆ ထိခိုက်မှုလျော့နည်းလာ
၂၀၁၉ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်တွင်း/ပြည်ပခရီးသွား ဧည့်သည် နှစ်သိန်းကျော် ဝင်ရောက်
Jan 05, 2020
မုံရွာ ဇန်နဝါရီလ ၅
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားဇုန် (၆) ခုရှိ ဟိုတယ်ကြီးများတွင် ၂၀၁၉ ခုနှစ်အတွင်း၌ ပြည်တွင်း/ ပြည်ပခရီးသွား (၂၂၀,၆၂၁) ဦးအထိ ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦးထံမှ သိရသည်။
Jan 05, 2020
နေပြည်တော် ဇန်နဝါရီ ၅
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၂၇ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီတွင် စတင်ကျင်းပရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ခေါ်ယူထားရာ အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံ သို့ ပေးပို့ထားသည်။