Jan 08, 2020
တိုကျို ဇန်နဝါရီ ၈
ဂျပန်နိုင်ငံမှ ထိပ်တန်းအိုင်တီနှင့် နည်းပညာကုမ္ပဏီ NEC ကော်ပိုရေးရှင်းသည် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အပါအဝင် မြို့ကြီးများရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် စုစုပေါင်း ယန်း ၂ ဒသမ ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၁ သန်းနီးပါး) တန်ကြေးရှိ လေကြောင်းထိန်းချုပ်ရေး ရေဒါ အပါအဝင် လေကြောင်းစောင့်ကြပ်ရေးစနစ်များ ပံ့ပိုးပေးရန် မြန်မာနိုင်ငံမှ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ကြောင်း ကြေညာခဲ့သည်။
Jan 08, 2020
နေပြည်တော် ဇန်နဝါရီ ၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနသည် လူ့ဘဝအစ ရက်(၁၀၀၀) ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာလုပ်ငန်းများ၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ၊ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေး အခြေအနေ တိုင်းတာ စစ်ဆေးခြင်းနှင့် ကူညီပံ့ပိုးခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို ဝန်ကြီးဌာန၏ ဦးစားပေးလုပ်ငန်းများအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
Jan 08, 2020
နေပြည်တော် ဇန်နဝါရီ ၈
လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး လုပ်ငန်းကော်မတီ (Core Group)နှင့် UNCTFMR တို့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 08, 2020
ရန်ကုန် ဇန်နဝါရီ ၈
ဂျပန်နိုင်ငံ TBS ရုပ်သံရိုက်ကူးရေးအဖွဲ့သည် ယနေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ငပလီကမ်းခြေ၊ ပုလဲကျွန်းနှင့် သဲဖြူကျွန်းတို့တွင် မှတ်တမ်းရိုက်ကူးသည်။
အဆိုပါရိုက်ကူးရေးအဖွဲ့သည် ယမန်နေ့က ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်နှင့် ၁၉ လမ်း အလယ်ရှိ စားသောက်ဆိုင်များတွင်လည်းကောင်း၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့ရှိ Hilton Hotel ၊ SandowayResort ၊ Ngapali Paradise Hotel နှင့် Ocean Pearl Sea Food စားသောက်ဆိုင်တို့တွင်လည်းကောင်း မှတ်တမ်းရိုက်ကူးခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်ထိ ငပလီကမ်းခြေတွင် ဆက်လက်ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။
Jan 08, 2020
ရန်ကုန် ဇန်နဝါရီ ၈
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ယနေ့အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသော တိုင်းဒေသကြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကုဋေဖြိုးအောင်က လွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်တွင် ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။
Jan 08, 2020
ရန်ကုန် ဇန်နဝါရီ ၈
အမေရိကန်နိုင်ငံမှ ဒါရိုက်တာ Mr Dylan Chow သည် ရုပ်ရှင်ဇာတ်ညွှန်းဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို ဇန်နဝါရီ ၁၁ ရက် ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား လမ်း အမှတ် ၅၀ ရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး စင်တာတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
Jan 08, 2020
နေပြည်တော် ဇန်နဝါရီ ၈
ရေရှည်တည်တံ့မည့် လူမှုဘဝ မြှင့်တင်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
Jan 08, 2020
နေပြည်တော် ဇန်နဝါရီ ၈
၂၀၂၀ ပြည့်နှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် စက်ဘီးပြိုင်ပွဲများကို ယနေ့ နံနက် ၇ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှေ့ ဝဏ္ဏသိဒ္ဓိလမ်းတွင် ဆက်လက်ကျင်းပသည်။
ယနေ့ ပြိုင်ပွဲများအဖြစ် အမျိုးသမီး မီတာ ၃၀၀၀ တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသား မီတာ ၃၀၀၀ တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသမီး ၉ ကီလိုမီတာ နောက်ကျန်ထွက်ပြိုင်ပွဲ၊ အမျိုးသား ၁၅ ကီလိုမီတာနောက်ကျန်ထွက်ပြိုင်ပွဲများ ကျင်းပခဲ့သည်။
Jan 08, 2020
လူ့ဘောင်လောကတွင် ပညာသင်ကြားခြင်းနှင့်ပတ်သက်၍ "စာသင်ဟူက၊ ကျမ်းမျှကို၊ တွေ့ကမရှောင်၊ ကြောင်ပုစွန်စား၊ ကျွတ်ကျွတ်ဝါးသို့၊ လွှသွားပမာ၊ ကျောက်ထက်စာသို့၊
Jan 08, 2020
နေပြည်တော် ဇန်နဝါရီ ၈
(၁၃)ကြိမ်မြောက် ပညာရေးနှင့် အသက်မွေးဝမ်းကြောင်း ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးကို ယနေ့ နံနက်(၉)နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။