Skip to main content

အလင်းမှ အလင်းသို့ ရှေးရှု၊ တောက်ပအနာဂတ် တို့ပြိုင်တူ

အနေနီးသည်။ ဆယ်စုနှစ်တစ်ခုချီ သိကျွမ်းရင်းနှီးခင်မင်သူ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်ပေမယ့် သူ့ကို လူရည်ချွန်တစ်ဦးဖြစ်ခဲ့မှန်းမသိခဲ့၊ သတိပင်မထားမိခဲ့။ လူရည်ချွန်တစ်ဦးဖြစ်ခဲ့သည်ကို ဆိုရှယ်မီဒီယာတစ်ခုမှာ အရိပ်အမြွက်မျှသိရတော့မှသာ အရိပ်ပြအကောင်ထင်ခဲ့ရသည်။

ဆီထွက်သီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး

ကမ္ဘာတစ်ဝန်းမှာ ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်၊ ဆီမုန်ညင်း၊ ပန်းနှမ်းနှင့် ဆီအုန်းတို့ကိုအဓိက စိုက်ပျိုးလျက်ရှိပါတယ်။ ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲ၊ နှမ်းနဲ့ နေကြာတို့ကို မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ပဲပုပ်နဲ့ ပန်းနှမ်းတို့ကို ရှမ်းပြည်နယ်၊ ဆီမုန်ညင်းကို စစ်ကိုင်းတိုင်းဒေသကြီးရှိ နာဂဒေသနဲ့ ရှမ်းပြည်နယ်၊ ဆီအုန်းကို တနင်္သာရီတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးလျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ လူတစ်ဦးဟာ တစ်ရက်လျှင် ပျမ်းမျှအားဖြင့် ဆီ ၂ ဒသမ ၂၅ ကျပ်သား စားသုံးလျက်ရှိပါတယ်။ နှစ်စဉ်စားသုံးဖို့နဲ့ လုပ်ငန်းသုံးအတွက် စားသုံးဆီလိုအပ်ချက်၏ ၆၀-၇၀ ရာခိုင်နှုန်းအထိ ပြည်ပမှ တင်သွင်းနေရပါတယ်။ နိုင်ငံတော်အကြီးအကဲက မိမိတို့နိုင်ငံကို ဆီတင်သွင်းတဲ့နိုင်ငံအဖြစ်မှ ဆီတင်ပို့တဲ့နိုင်ငံအဖြစ်သို့ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ရေးလမ်းညွှန်ချက်ပေးထားပြီး ဖြစ်ပါတယ်။

PDF ဂိမ်း‌ထောင်ချောက်တွင် ကိုယ့်ကိုယ်ကိုယ် မနှစ်မိပါ‌စေနှင့် …

ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။

သတိပြုဖွယ် အပူဒဏ်အန္တရာယ်

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့အပူပိုင်းဇုန်တွင် တည်ရှိသည့်အားလျော်စွာ နေရာဒေသအတော်များများသည် နွေရာသီတွင် အပူဒဏ်ခံစားရသည်မှာ နှစ်စဉ်နှစ်တိုင်းပင်ဖြစ်ပါသည်။ ကမ္ဘာ့ရာသီဥတုအခြေအနေအရလည်း ပူပြင်းခြောက်သွေ့သော အယ်နီညိုရာသီဥတုအမျိုးအစားသို့ ချဉ်းနင်းဝင်ရောက်နေကြောင်း သိရှိရပါသည်။ ထို့ကြောင့် ယခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ရာသီဥတုပူပြင်းမှုဒဏ်ကို ယခင်နှစ်များထက် ပိုမို ခံစားရပါသည်။

ပြည်တွင်းစားသုံးဆီဖူလုံဖို့ နေကြာတိုးချဲ့စိုက်ပျိုးစို့

တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများအနက် မြန်မာနိုင်ငံသည် ဆန်နှင့် ဆီစားသုံးမှု အများဆုံးသော နိုင်ငံဖြစ်သည်။ မြန်မာလူမျိုးများသည် စားသုံးဆီကို နေ့စဉ်ချက်ပြုတ်သည့် ဟင်းလျာတိုင်း၌ ထည့်သွင်းအသုံးပြုသည့်အပြင် ထမင်းဖြူထဲတွင် ဆီနှင့်ဆားရောနယ်ပြီး စားသုံးလေ့ရှိကြသည်။ စားသုံးဆီမှာ မီးဖိုချောင်သုံးပစ္စည်းများအနက် မရှိမဖြစ်အရေးပါသော ပစ္စည်းဖြစ်သည်။ မြေပဲဆီနှင့် နှမ်းဆီကို အဓိကစားသုံးဆီအဖြစ် စားသုံးလာရာ တိုးတက်လာသောလူဦးရေနှင့်အညီ စားသုံးဆီထုတ်လုပ်မှုကို တိုးမြှင့်ထုတ်လုပ်ရန် လိုအပ်လာသဖြင့် ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံကို ၁၉၇၀ ပြည့်နှစ်များ၌စတင်၍ ဆီထွက်နေကြာသီးနှံမျိုးများကို စိုက်ပျိုးလာခဲ့ကြသည်။

လူငယ်လူရွယ်များ တိုးတက်ရေးအတွက် မျှဝေပေးရမည့် သုတစာပေ

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရှိ လူဦးရေအားလုံး၏ ၄၆ ဒသမ ၅ ရာခိုင်နှုန်းသည် ကလေးသူငယ်များနှင့် လူငယ်လူရွယ်များဖြစ်ကြောင်း သိရှိရသည်။ အဆိုပါရာခိုင်နှုန်းတွင် လူငယ်လူရွယ်များသည် သုံးပုံတစ်ပုံကျော်ပါဝင်သည်။ နိုင်ငံလူဦးရေ၏ တစ်ဝက်နီးပါးသည် နိုင်ငံတော်၏အနာဂတ်ကို ကောင်းမွေ၊ ဆိုးမွေဖန်တီးပေးမည့် အရင်းအမြစ်များအဖြစ် အသင့်ရှိနေသည်ကို မြင်တွေ့နိုင်သည်။ ထို့ကြောင့် အသက် ငါးနှစ်မှ ၂၄ နှစ် အသက်အပိုင်းအခြားရှိ ကလေးလူငယ်များသည် မြန်မာနိုင်ငံအတွက် အဓိကအင်အားစုအဖြစ် အသိအမှတ်ပြုထားသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မိုးကုတ်မြို့၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကျင်းပ

မိုးကုတ်မြို့၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကျင်းပ မိုးကုတ် မေ ၆ ကြည်ကြည်နွဲ့ (ပြန်/ဆက်)
Subscribe to