ရှမ်းတို့သင်္ကြန် ရှမ်းတို့ဟန်
အခုဆိုရင် သင်္ကြန်ကာလ နီးလာတဲ့အတွက် သင်္ကြန်နဲ့ပတ်သက်တဲ့ အကြောင်းအရာတစ်ခုကို ရေးချင်ပါတယ်။ ရေပက်ဖျန်းတဲ့ ကစားနည်းကို မြန်မာနိုင်ငံနည်းတူ အိမ်နီးချင်းနိုင်ငံတွေမှာလည်း ကျင်းပကြတာ အားလုံး သတိထားမိကြမှာပါ။ မြန်မာပြည်မှာ သင်္ကြန်ကို ရိုးရာဓလေ့နဲ့ဆင်နွှဲတဲ့၊ တိုင်းရင်းသား သင်္ကြန်ပွဲတော်တွေလည်း ရှိနေတာ သတိထားမိကြလိမ့်မယ် ထင်ပါတယ်။
သင်္ကြန်ဟာ မူလက သက္ကတဘာသာကနေလာတဲ့ စကားလုံးဖြစ်ပါတယ်။ ရေးတော့ “သင်္ကြာန္တိ” လို့ ရေးပါတယ်။ အဲဒီကနေမှ “သင်္ကြန်” ဆိုပြီး ပြောင်းရေး လာတာပါ။ အသံထွက်တော့ “သင်းဂျန်၊ သှဂျန်” လို့ ထွက်ရပါတယ်။ နာမ်စကားလုံး ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ -
