Jan 28, 2020
ပြည် ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကွန်ပျူတာတက္ကသိုလ်၌ ယနေ့ နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် e-Goverment အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီ၊ လူစွမ်းအား အရင်းအမြစ် ဖွံဖြိုးရေးဆပ်ကော်မတီတို့ ပူးပေါင်း ဖွင့်လှစ်သော e-Government အခြေခံ ကွန်ပျူတာ သင်တန်း အပတ်စဉ် (၂) ဆင်းပွဲနှင့် အောင်လက်မှတ်ပေးအပ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်သည်။
Jan 28, 2020
နေပြည်တော် ဇန်နဝါရီ ၂၇
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးတင်လတ်သည် ယမန်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုးတောင် ဩဝါဒါစရိယ ဆရာတော်များကို ဖူးမြော်ကြည်ညို၍ ကျိုက်ထီးရိုးခရီးစဉ်ဒေသ စီမံခန့်ခွဲရေးဆိုင်ရာများကို လျှောက်ထား တင်ပြသည်။
Jan 27, 2020
ရန်ကုန် ဇန်နဝါရီ ၂၇
အိုလံပစ် တတိယအဆင့် ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ထိုင်းလက်ရွေးစင် အမျိုးသမီးအသင်းတို့၏ ဒုတိယခြေစွမ်းပွဲကို ဇန်နဝါရီ ၂၈ ရက် (ယနေ့) ညနေ ၄ နာရီတွင် မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်သည်။
Jan 20, 2020
နေပြည်တော် ဇန်နဝါရီ ၂၀
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး (စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် ဇန်နဝါရီ ၁၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့ရှိ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း၏ ပြည်ရေနံမြေနှင့် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်ရှိ မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်း၏ အမှတ် (၃) ဓာတ်မြေသြဇာစက်ရုံ (ကျော်စွာ) တို့သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
Jan 16, 2020
နေပြည်တော် ဇန်နဝါရီ ၁၆
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Xinhua သတင်းဌာနချုပ်မှ ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr.Liu Siyang နှင့်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jan 15, 2020
ရန်ကုန် ဇန်နဝါရီ ၁၅
တရုတ် - မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံ ပညာ ရှင်များ၏ “Think Tank Scholars Summit on Myanmar – China Relations in the New Era” ခေါင်းစဉ် ဖြင့် ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ကျင်းပသည်။
Jan 14, 2020
နေပြည်တော် ဇန်နဝါရီ ၁၄
ဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်းကော်မတီ ပထမအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သစ်တော ဦးစီးဌာန အင်ကြင်းခန်းမ၌ကျင်းပသည်။
Jan 14, 2020
နေပြည်တော် ဇန်နဝါရီလ ၁၄
(၆၉)ကြိမ်မြောက် မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့၏ ပညာရှင်များ ပါဝင်သော မျက်နှာစုံညီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ ကမ္ဘောဇ ရိပ်သာဝင်းအတွင်းရှိ ကမ္ဘောဇနန်းတော်၌ ကျင်းပသည်။
Jan 11, 2020
နေပြည်တော် ဇန်နဝါရီ ၁၁
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၏ (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးရှိ အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
Jan 07, 2020
နေပြည်တော် ဇန်နဝါရီ ၇
လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ နိုင်ငံအဆင့် စံလုပ်ငန်း အစီအစဉ် အပြီးသတ်အတည်ပြုရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာ သီရိဟိုတယ်၌ ကျင်းပသည်။
Jan 06, 2020
နေပြည်တော် ဇန်နဝါရီ ၆
အားကစားသိပ္ပံပညာနှင့် အားကစားဆေးပညာဆိုင်ရာ ညီလာခံ အောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီတွင် ရန်ကုန် မြို့ ကျိုက္ကဆံကွင်းရှိ အားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အားကစားသိပ္ပံပညာနှင့် အားကစားဆေးပညာရပ်သည် အားကစားတွင် အရေးကြီးပါကြောင်း၊ အဆိုပါ ပညာရပ်ကို တိုးတက်မြင့်မားလာရန်နှင့် လေ့လာရန် အများကြီးလိုအပ်ပါကြောင်း ပြောကြားသည်။
Jan 04, 2020
ဘားအံ နိုဝင်ဘာ ၅
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်ပြီး စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲဖွင့်ပွဲကို ယနေ့ နံနက် (၈) နာရီအချိန်က ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပသည်။
Jan 03, 2020
နေပြည်တော် ဇန်နဝါရီ ၃
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr. Bhim K. Udas အား ယနေ့ ညနေ ၃ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ ခရီးသွားကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍနှင့် သတင်းမီဒီယာကဏ္ဍဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)
Jan 01, 2020
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၀ ပြည့်နှစ် ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် “နိုင်ငံ၏တန်ဖိုး လူမျိုး၏ ဂုဏ်သိက္ခာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲနှင့် ပို့စကတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်၌ ကျင်းပသည်။
