Skip to main content

Mar 23, 2020

နေပြည်တော် မတ် ၂၃

မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၀)ဖြင့် မြန်မာနိုင်ငံ ဝန်ကြီးဌာန (၁၀)ခုမှ အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိသော စီမံကိန်း(၂၂)ခုအတွက် ရန်ပုံငွေ လွှဲပြောင်းလက်ခံလွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့ တက်ရောက် လက်မှတ် ရေးထိုးကြသည်။

တက်ရောက်

ဆက်လက်ဖတ်ရှုရန်

Mar 23, 2020

နေပြည်တော် မတ် ၂၃

COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ပြည်ပမှကူးစက်မှုများ ကာကွယ် တားဆီးရေးအတွက်လည်းကောင်း၊ ခရီးသွားစဉ် မမျှော်လင့်သော ကန့်သတ်ချက်များနှင့် ကြုံတွေ့နိုင်ခြင်းကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပနိုင်ငံများ၊ အထူးသဖြင့် ရောဂါ ကူးစက်မှုမြင့်မားနေသည့်နိုင်ငံများသို့ မလွှဲမရှောင်သာကိစ္စများမှလွဲ၍ ခရီးသွားလာမှုရှောင်ရှားကြပါရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြံပြုထား သည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2020

 

မုဒုံ      မတ်       ၂၃

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ပြည်သူ့ဆေးရုံ အတွင်း ရှိ လူနာဆောင်များ၌ ဆေးကုသခံယူနေသည့် လူနာများအား ပြည်နယ်ဝန်ကြီးချုပ်က ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေး စကား ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2020

မုံရွာ၊ မတ် ၂၃

ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူများမှ ပူးပေါင်းပါဝင် လှူဒါန်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2020

နေပြည်တော် မတ် ၂၃

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2020

နေပြည်တော်  မတ်  ၂၂

ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်-မြဝတီချစ်ကြည်ရေးတံတား အမှတ်(၁) အား မတ် ၂၁ ရက် ညသန်းခေါင်အချိန်မှစ၍ လူ၊ ယာဉ် ဖြတ်သန်းမှု တရားဝင်ပိတ်ခဲ့ပြီး ချစ်ကြည်ရေး တံတား အမှတ်(၂) ကို ဖွင့်လှစ်ခဲ့ရာမှ မတ် ၂၃ ရက်မှစတင်၍ အဆိုပါ ချစ်ကြည်ရေးတံတား အမှတ်(၂) အား ကုန်တင်ယာဉ်၊ COVID-19 ရောဂါ ကင်းရှင်းကြောင်း လက်မှတ်ရရှိထားသူ ယာဉ်မောင်း တစ်ဦးနှင့် ယာဉ်နောက်လိုက်တစ်ဦးတို့ကိုသာ ဖြတ်သန်းခွင့်ပြုပြီး လူဖြတ်သန်းမှုများကို တရားဝင်ရပ်ဆိုင်းမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ တာ့ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ မတ် ၂၁ ရက် ရက်စွဲဖြင့် အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2020

နေပြည်တော် မတ် ၂၂

ကိုဗစ်-၁၉ ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်သွားခဲ့ရသည့် အာမခံအလုပ်သမားများ လူမှုဖူလုံရေး အကျိုးခံစားခွင့်များ ဆက်လက်ရရှိနိုင်ရေးအတွက် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေပုဒ်မ ၁၀ဝ နှင့်အညီ ခံစားခွင့်ပြုပေးမည်ဖြစ်ကြောင်း မတ် ၂၀ ရက်က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ အမှတ် (၆၄/၂၀၂၀) အရ သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2020

နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားတိုးတက်စေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု ရာတွင် စက်ရုံအလုပ်ရုံများ၏ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေး အကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်း၊ ဥပဒေပါ ရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝမှန်မှန်ကန်ကန် ရရှိစေရေးတို့အား အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2020

နေပြည်တော်  မတ်  ၂၂

တပ်မတော်သတင်းစာ ရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2020

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်သည့် COVID-19 ရောဂါကြောင့် တစ်ကမ္ဘာလုံးတွင် စီးပွားရေး နှောင့်နှေးမှုများနှင့် ကြုံတွေ့နေရသည်။ ရောဂါကြောင့် ကမ္ဘာလုံးဆိုင်ရာ အလုပ်အကိုင်နှင့် စီးပွားရေးဂယက်ရိုက်ခတ်မှုသည် ကြီးမားပြင်းထန်လှသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင်ပင် အလုပ်အကိုင်များရပ်ဆိုင်းပြီး စီးပွားရေးတုံ့ဆိုင်းမှုများဖြစ်ပေါ်လာရာ အစိုးရက ပြည်သူများအား ထောက်ပံ့ကူညီမှုများ ပြုလုပ်ပေးနေသည်။

ဆက်လက်ဖတ်ရှုရန်