Skip to main content

Mar 21, 2020

ရန်ကုန် မတ် ၂၁

ဦးနု၊ ဒေါ်မြရီဖောင်ဒေးရှင်းနှင့် အိန္ဒိယနိုင်ငံ JAIPUR မြို့ရှိ B.M.V.S.S(JAIPUR FOOT)အဖွဲ့တို့ပူးပေါင်းကာ တတိယ အကြိမ်မြောက် အခမဲ့ခြေတုတပ်ဆင်ပေးမှုစခန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် ပိဋကတ်သုံးပုံနိကာယ်ကျောင်းတိုက်၌ ဖွင့်လှစ် လိုက်ပြီဖြစ်ပြီး မသန်စွမ်းသူ ၃၀၅ ဦးကို ခြေတုဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဦးနု၊ ဒေါ်မြရီဖောင်ဒေးရှင်းမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2020

ရန်ကုန် မတ် ၂၁

COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအဖြစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော YBS ယာဉ်လိုင်းအချို့တွင် လက်ဆေးနိုင် မည့် Hand Gel ဘူးများ တပ်ဆင်ခြင်း နှင့် ယာဉ်ပေါ်ပါခရီးသည်များအား အသိပညာပေးခြင်းကို မတ် ၂၀ ရက် နေ့လယ်ပိုင်းက စံပြဈေးမှတ်တိုင် တွင် စုပေါင်းလှုပ်ရှား ဆောင်ရွက် ကြောင်း သိရသည်။

အလေ့အထရှိအောင်

ဆက်လက်ဖတ်ရှုရန်

Mar 21, 2020

 

ရန်ကုန် မတ် ၂၁

 

COVID-19 ရောဂါကာကွယ်နိုင်ရေးအတွက် လူစုလူဝေးမဖြစ်‌ပေါ်စေရန် စည်ပင် အငြိမ်းစားဝန်ထမ်းများ၏ မတ်လပင်စင်လစာကို ရန်ကုန်မြို့တော်ဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်များ၌ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန် မြို့တော်ခန်းမရှိ ဘတ်ဂျက်နှင့် ငွေစာရင်းဌာနမှ သိရသည်။

 

ဆက်လက်ဖတ်ရှုရန်

Mar 21, 2020

 

ကျွန်တော်တို့ရဲ့ ကမ္ဘာမြေပေါ်မှာ မိခင်သဘာဝကြီးရဲ့ လက်ဆောင်တွေဖြစ်တဲ့ မြစ်ပေါင်းများစွာ စီးဆင်းလျက်ရှိ ပြီး စီးဆင်းရာမြစ်ကြောင်းတစ်လျှောက်မှာ မှီတင်းနေထိုင် သူများရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေမှု သာယာ ဝပြောစေမှု စတာတွေကို ဆောင်ကြဉ်းပေးလျက်ရှိပါတယ်။ အချို့သော မြစ်ကြီးများကတော့ ဒီထက်ပိုပြီးနက်နဲတဲ့ အဓိပ္ပာယ်ကို ဆောင်နေခဲ့ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2020

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အာရှရန်ကုန်ဘဏ်လီမိတက်အား မတ် ၁၆ ရက်တွင် ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရုပ်သိမ်းခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်း၊ ဦးဘိုဘိုငယ်တို့နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။

မေး။ ။ အာရှရန်ကုန်ဘဏ်လီမိတက် ဖျက်သိမ်းခြင်းနဲ့ပတ်သက်ပြီး ပြည်သူကို ဘယ်လိုအသိပညာပေး သွားမလဲဆိုတာ မျှဝေပေးပါဦး။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2020

ရန်ကုန် မတ် ၂၁

ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် Junction City အနီး၌ ယနေ့မွန်းလွဲပိုင်းက ဂျပန်နိုင်ငံသား အမျိုးသားတစ်ဦးလဲကျခြင်းမှာ COVID – 19 ရောဂါကြောင့် မဟုတ်ဘဲ အတက် ရောဂါကြောင့်သာဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2020

 

ဘားအံ မတ် ၂၁

 (COVID-19) ရောဂါ ကာကွယ်တာဆီးရေးနှင့် ပတ်သက်ပြီး ကရင်ပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအားလုံးတွင် ကရင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး ဦးဆောင်ပြီး (COVID-19) ရောဂါအကြောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် နိုင်စေရေး အတွက် ကျန်းမာရေး အသိပညာပေး ဗီနိုင်းများ စိုက်ထူခြင်းကို မတ် ၂၀ ရက်မှစတင် ဆောင်ရွက်ခဲ့ကြောင်း ကရင်ပြည်နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနက သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2020

(၂၁-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
 

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2020

နေပြည်တော် မတ် ၂၁

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေးထပ်ထိုး ကန့်သတ်ချက်များကို ပူးပေါင်း ဆောင်ရွက်ကြရန် အကြံပြုချက် ထုတ်ပြန် ထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2020

နေပြည်တော် မတ် ၂၁

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်-ပုသိမ်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်