Skip to main content

Mar 20, 2020

၁။ ရခိုင်ပြည်နယ်အတွင်း AA ၏ အဖျက်အမှောက်လုပ်ရပ်များသည် ပိုမိုပြင်းထန်စွာ ဆက်လက် ဖြစ်ပွားလျက် ရှိသည့်အတွက် မြန်မာ့တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများဖြစ်ပွားပြီး လူမှုအသိုက်အဝန်းပေါင်းစုံမှ ပြည်တွင်း နေရပ်စွန့်ခွာသူ အများအပြား ပေါ်ပေါက်စေခဲ့သည်။

၂။ အစိုးရအနေဖြင့် နေရပ်စွန့်ခွာသူများအား လူသားချင်းစာနာထောက်ထားမှု အကူ အညီများ ပေးအပ်လျက်ရှိပြီး၊ လုံခြုံရေး အခြေအနေပေးမှုအပေါ်မူတည်၍ အခြား လူသား ချင်းစာနာ ထောက်ထားမှုဆိုင်ရာ မိတ်ဖက်များအား လူသားချင်းစာနာမှု အကူအညီများ သွားရောက်ပေးအပ် ခွင့်ကို ဆက်လက်ပေးအပ်ထားပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 20, 2020

ရန်ကုန်၊ မတ် ၂၀

COVID-19 ရောဂါ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သန်လျင်မြို့ အထွေထွေ ရောဂါကုဆေးရုံကြီးသို့ ငွေကျပ် ၁၁၁ သိန်းကျော်တန်ဖိုးရှိ ဆေးရုံသုံး ပစ္စည်း ၉ မျိုး လှူဒါန်းပွဲကို သီရိသုဓမ္မ မဏိဇောတဓရ ဦးဇော်ဝင်း(ဥက္ကဋ္ဌ၊ ဇော်ထက်ပိုင် အင်ဂျင်နီယာ နှင့် ဆောက်လုပ်ရေး ကုမ္ပဏီအုပ်စု) + ဒေါ်မိမိတင် (ချမ်းမြေ့မေတ္တာအထူးကုဆေးရုံ)၊ သမီး မအိမွန်မွန် (CEO ချမ်းမြေ့မေတ္တာ အထူးကုဆေးရုံ - သန်လျင်)တို့က ဆေးရုံအုပ်ကြီး ဒေါက်တာချိုချိုလွင်နှင့် တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းသည်။

(သတင်းစဉ်)

ဆက်လက်ဖတ်ရှုရန်

Mar 20, 2020

နေပြည်တော် မတ် ၂၀

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်  ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက် လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 20, 2020

နေပြည်တော် မတ် ၂၀

တနင်္သာရီတောင်တန်းဒေသ နယ်စပ်ဖြတ်ကျော် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းကာကွယ်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း (FD-ITTO Biodiversity) စီမံကိန်းပြီးမြောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သစ်တောသုတေသနဌာန (ရေဆင်း)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 20, 2020

ဟားခါး၊မတ်၂၀

ချင်းပြည်နယ်အတွင်း လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ Coronavirus Disease -2019 (COVID-19) ကူးစက်ပျံနှံ့မှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်ညှိနှိုင်းအစည်းအဝေး အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဘာသာရေး အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 20, 2020

နေပြည်တော် မတ် ၂၀

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ နဝမနေ့အဖြစ် သမိုင်းဘာသာရပ်ကို ယနေ့တွင် ဖြေဆိုကြရာ နိုင်ငံခြားစာစစ်ဌာန ခုနှင့် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၅၅၅ ခု၊ စာစစ် ဌာနစုစုပေါင်း ၁၅၆၀ တွင် ဖြေဆိုသူပေါင်း ၁၅၇၉၇၃ ဦးရှိကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 20, 2020

နေပြည်တော်  မတ်လ  ၂၀

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် နိပွန်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဆောင်ရွက်မည့် ဘက်စုံဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးပွဲ အခမ်းအနားအား ယနေ့နံနက် ၁၁ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 20, 2020

မုံရွာ၊ မတ် ၂၀

Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 20, 2020

မန္တလေး မတ် ၂၀

COVID-19 ရောဂါကြိုတင်ကာကွယ်မှုလုပ်ငန်းများအတွက် ကျန်းမာရေးရန်ပုံငွေနှင့် ပစ္စည်းများပေးအပ်လှူဒါန်းပွဲကို မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က အဖွင့်အမှာစကား ပြောကြား သည်။

ဆက်လက်ဖတ်ရှုရန်