Mar 19, 2020
ရန်ကုန် မတ် ၁၉
စင်ကာပူနိုင်ငံမှ Mediashock Pro-duction သည် ပြည်တွင်းရုပ်ရှင်ကုမ္ပဏီ တစ်ခုဖြစ်သော Skyward Film Production နှင့်ပူးပေါင်းပြီး မတ် ၁၈ ရက်က UMFCCI အသင်း၏ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးနှင့် Impact Hub Co.,Ltd မှ Founder ဖြစ်သူ ကိုဥက္ကာမျိုးတို့အား မြန်မာနိုင်ငံ၏ ပြောင်းလဲတိုးတက်လာသော နည်းပညာအကြောင်း ခေါင်းစဉ်ဖြင့် တွေ့ဆုံမေးမြန်းခန်း ရိုက်ကူးသည်။
မောင်တောမြို့နယ် ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ မိမိတို့ဆန္ဒအရ ပြန်လည်ဝင်ရောက်လာသူများအား စိစစ်လက်ခံ
Mar 19, 2020
မောင်တော မတ် ၁၉
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငါးခူရ ပြန်လည်လက်ခံရေးစခန်း၌ ယနေ့ နံနက် ၉ နာရီခွဲက မိမိတို့ ဆန္ဒအရ ပြန်လည်ဝင်ရောက်လာ သည့် နေရပ်စွန့်ခွာသူ အိမ်ထောင်စု နှစ်စု အမျိုးသား ငါးဦး၊ အမျိုးသမီး ခြောက်ဦး စုစုပေါင်း ၁၁ ဦးအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ အတိုင်း သက်ဆိုင်ရာ တာဝန်ရှိသူ များက စိစစ်လက်ခံ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ လက်ခံဆောင်ရွက် ရာတွင် ရှေးဦးစွာ လုံခြုံရေး တာဝန် ရှိသူများက သတ်မှတ်နေရာ၌ တစ်ဦးချင်း လုံခြုံရေးဆိုင်ရာ ရှာဖွေ စစ်ဆေးမှုများပြုလုပ်သည်။
Mar 19, 2020
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID - 19 ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မတ်လ ၁၁ ရက်နေ့ညတွင် တရားဝင် အတည်ပြုကြေညာခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ဇန်နဝါရီလ ၃၀ ရက်နေ့က ဖွဲ့စည်းခဲ့သည့် COVID-19 ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီကို အမျိုးသားအဆင့်ဗဟိုကော်မတီအဖြစ် မတ်လ ၁၃ ရက်နေ့၌ တိုးမြှင့်ဖွဲ့စည်းခဲ့သည်။
Mar 19, 2020
ပြည်ပသို့အလုပ်သမားစေလွှတ်မှုများကို မတ်လ ၁၈ ရက်မှစ၍ ယာယီရပ်နားထားပြီဖြစ်သည်။ ယင်းသို့ ရပ်နားထားကြောင်းကိုလည်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန က ပြည်ပအလုပ် အကိုင်ရှာဖွေရေး အေဂျင်စီများထံ အသိပေးအကြောင်းကြား ထားပြီးဖြစ်သည်။ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန က ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်နှင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများမှ တစ်ဆင့် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်ကြမည့် အလုပ်သမားများအတွက် အလုပ်ရှင်၊ အလုပ်သမားသဘောတူ ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုခြင်းနှင့် ပြည်ပ အလုပ်အကိုင်အလုပ်သမား သက်သေခံကတ်ပြားထုတ်ယူခြင်း များကိုလည်း ယင်းနေ့တွင်ပင် ရပ်နား
Mar 19, 2020
နေပြည်တော် မတ် ၁၉
COVID-19 ရောဂါ ပြည်ပမှ ကူးစက်ပြန့်ပွားမှုကို ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မည်သည့်နိုင်ငံခြားသားကိုမဆို မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအကြား ဖွင့်လှစ်ထားသည့် နယ်စပ်စစ်ဆေးရေးဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာဖြင့် ဝင်ရောက်ခွင့် ယနေ့မှစ၍ ယာယီပိတ်ပင်တားမြစ်လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
Mar 19, 2020
(၁၉-၃-၂၀၂၀) ရက်နေ့၊ ညနေ (၈:၀၀) နာရီ
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
Mar 19, 2020
နေပြည်တော် မတ် ၁၉
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် Coronavirus Disease 2019 (COVID-19) ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နေပြည်တော်ကောင်စီက အမိန့်ကြေညာစာကို ယမန်နေ့က ထုတ်ပြန်လိုက်သည်။
အဆိုပါ အမိန့်ကြေညာစာ၌ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဌာနအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် အများပြည်သူတို့အနေဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက် ကြရန်လိုအပ်ကြောင်းနှင့် တိကျစွာလိုက်နာရန် အမိန့်ကြေညာချက်ကို ထုတ်ပြန်ကြေညာ လိုက်ခြင်းဖြစ်ကြောင်း။
Mar 19, 2020
ရန်ကုန် မတ် ၁၉
ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကြောင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ အုပ်ချုပ်မှုအောက်ရှိ ဈေးများကို ပိတ်သိမ်းသွားမည်ဟု သတင်းပြန့်နှံ့ နေခြင်းသည် ကောလာဟလ သတင်းအမှားဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနက သိရသည်။
“ဈေးတွေအားလုံး ပိတ်ဖို့ အစီအစဉ် မရှိပါဘူး။ ညွှန်ကြားချက် တစ်စုံတစ်ရာ မရမခြင်း ဈေးတွေကို ပိတ်ဖို့ အစီအစဉ် မရှိပါဘူး” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်ထွန်းက ပြောသည်။