Skip to main content
Oct 07, 2022
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ဖြစ်ပေါ်လာသည့်စားနပ်ရိက္ခာ ဖူလုံမှုဆိုင်ရာစိန်ခေါ်မှုများကို ကမ္ဘာ့နိုင်ငံများစွာတို့ ကြုံတွေ့နေရသည်။ မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံတို့၏အခက်အခဲက မြန်မာနိုင်ငံကဲ့သို့သော စိုက်ပျိုးရေးအခြေခံစားနပ်ရိက္ခာ ထုတ်လုပ်သည့်နိုင်ငံအဖို့ အခွင့်အလမ်းကောင်းများကို ဖြစ်ပေါ်လာစေသည်။
Oct 06, 2022
မြန်မာနိုင်ငံတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME စီးပွားရေး လုပ်ငန်းများကို အဓိကအားပြုလျက်ရှိပြီး နိုင်ငံစီးပွားရေး၏ ၉၀ ရာခိုင်နှုန်းသည် MSME လုပ်ငန်းများ ဖြစ်သည်။ MSME လုပ်ငန်းများသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အဓိကကျသည့် စီးပွားရေး မောင်းနှင်အားတစ်ခုဖြစ်သည်။ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် MSME လုပ်ငန်းများကို ရာခိုင်နှုန်းများစွာ ဆောင်ရွက်နေသည်ကို တွေ့ရသည်။
Oct 06, 2022
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တင်သွင်းခဲ့သော မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ ချို့ယွင်းချက်များပါရှိနေသည့် အစီရင်ခံစာများ၊ တင်ပြချက်များနှင့် နိုင်ငံအချို့၏ စွက်ဖက်ပြောကြားချက်များကို မြန်မာနိုင်ငံက ရှုတ်ချပြီး ပြတ်သားစွာ ကန့်ကွက်ပယ်ချလိုက်သည်။
Oct 04, 2022
ဒီမိုကရေစီနိုင်ငံများတွင် မြို့ရွာအေးချမ်းသာယာရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ရဲတပ်ဖွဲ့က အဓိကတာဝန်ယူဆောင်ရွက်ကြသည်။ ရဲတပ်ဖွဲ့၏ အခန်းကဏ္ဍမှာ အဓိကကျသဖြင့် ဒေသအလိုက် ရဲတပ်ဖွဲ့ကို အဆင့်မြှင့်တင်ပြီး ပြည်သူများအား ကူညီကာကွယ်စောင့်ရှောက်ပေးနေသည်ကို တွေ့မြင်နိုင်သည်။ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေသည့် မြန်မာနိုင်ငံတွင် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဆောင်ရွက်လျက်ရှိသည်။
Oct 04, 2022
မိမိတို့နိုင်ငံ၏ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း MSMEs များ ရှင်သန်နိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တရားမဝင် ကုန်သွယ်မှုများပပျောက်အောင် တားဆီး တိုက်ဖျက်ရန် လိုအပ်သည်။ စင်စစ်အားဖြင့် တရားမဝင် ကုန်သွယ်မှုသည် မိမိတို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွက် အခွန်ဘဏ္ဍာများ မှန်မှန်ကန်ကန်ရရှိရေး၊ စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံ စိတ်ချမှုရရှိရေးတို့အတွက်လည်း ကြီးစွာသောအန္တရာယ်ပင်ဖြစ်သည့်အလျောက် မဖြစ်မနေတားဆီးတိုက်ဖျက်သွားရန် လိုအပ်သည်သာဖြစ်သည်။
Oct 03, 2022
သီဆို၊ တီးမှုတ်၊ ကခုန်ခြင်း အနုပညာသည် မြန်မာနိုင်ငံတွင် ရှေးနှစ်ပေါင်း ၁၅၀၀ ကျော် ခန့်ကပင် ထွန်းကားခဲ့သည်။ ခရစ်နှစ် ၈ ရာစုတွင် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး သွားရောက်ခဲ့သည့် သရေခေတ္တရာ ပျူယဉ်ကျေးမှုအဖွဲ့အကြောင်း တရုတ်ပြည်မှ မှတ်တမ်းများတွင် ဖော်ပြထားရာ ပျူယဉ်ကျေးမှုအဖွဲ့၏ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားပုံနှင့် သီဆို၊ တီးမှုတ်၊ ကခုန်၊ ဖျော်ဖြေပုံတို့ကို အသေးစိတ်မှတ်တမ်းတင် ချီးကျူးခဲ့သည်။
Oct 03, 2022
(၇၅)နှစ်မြောက် စိန်ရတုဆေးတပ်ဖွဲ့နေ့ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “အစဉ်အလာကောင်းများကို နောင်လာနောက်သားတို့အား လက်ဆင့်ကမ်းနိုင်ရေး ကြိုးပမ်းကြပြီး စိန်ရတုကာလပြည့်မြောက်ခဲ့သည့် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့အနေဖြင့် မာကျောကျစ်လျစ်ခိုင်မာပြီး တန်ဖိုးရှိသည့် ဆေးဝန်ထမ်းတပ်ဖွဲ့အဖြစ် ထိန်းသိမ်းကာ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယခုထက်မက ပိုမိုဆောင်ရွက်နိုင်ကြပါစေကြောင်းနှင့် ဆေးဝန်ထမ်းတပ်ဖွဲ့ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် တည်တံ့ပါစေ”ဟု ဆုမွန်ကောင်းတောင်းခဲ့သည်။
Oct 02, 2022
မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ဆန့်ကျင်တိုက်ခိုက် အကြမ်းဖက်မှုအခြေအနေကို လေ့လာကြည့်လျှင် ဒီမိုကရေစီရေး၊ နိုင်ငံရေးကိုခုတုံးလုပ်၍ ယုတ်မာပက်စက် အကြမ်းဖက်ရက်စက်သည့်လုပ်ရပ်များ လုပ်ကိုင်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ အကြမ်းဖက်အဖျက်သမားတို့၏ ရက်စက်ယုတ်မာမှုလုပ်ရပ်များကို အားလုံးသိရှိပြီး ဝိုင်းဝန်းဆန့်ကျင်ရှုတ်ချကြဖို့ လိုအပ်ပေသည်။
Oct 02, 2022
CRPH, NUG, PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းများက တစ်နိုင်ငံလုံးတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်ခဲ့ချိန်မှစ၍ စစ်ဘက်နှင့်မဆိုင်သော လမ်း၊ တံတား၊ ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းနှင့် ပညာရေးအဆောက်အအုံများ ဖျက်ဆီးခံခဲ့ရသလို ရဟန်း၊ သံဃာတော်၊ သီလရှင်များ၊ အစိုးရဝန်ထမ်းများနှင့် အရပ်သားများပါ လုပ်ကြံသတ်ဖြတ် ခံခဲ့ကြရသည်။
Oct 01, 2022
“တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးကို အမျိုးသားရေး ရည်မှန်းချက်အဖြစ် ဆောင်ရွက်ရမည်ဖြစ်ပြီး လုပ်ကိုင်ဆောင်ရွက်နေသူများ အားလုံး အေးချမ်းလုံခြုံစွာဖြင့် လုပ်ကိုင်နေထိုင်ဆောင်ရွက်နေခြင်းသည် တိုင်းပြည် သာယာဝပြောခြင်း ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မန္တလေးမြို့ စက်မှုဇုန်(၁)အတွင်း လုပ်ငန်းလည်ပတ်နေမှုအခြေအနေများ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့သည်။