Skip to main content
Aug 20, 2023
မြန်မာနိုင်ငံတွင် အသုံးများသည့် လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည့် “ဘာမှမမျှော်လင့်ပါနဲ့ (Don't expect anything!)” အမည်ရှိ ရုပ်ရှင်ဇာတ်လမ်းရိုက်ကူးခဲ့သူနှင့် ပါဝင်သရုပ်ဆောင် သူများကို ဖမ်းဆီးလိုက်ပြီး ဥပဒေနှင့်အညီ အ‌‌ရေးယူဆောင်ရွက် သွားမည်ဟု သိရသည်။ isi Dhamma Youtube Channel နှင့် Tiktok တို့တွင် လွှင့်တင်ခဲ့သည့် အဆိုပါရုပ်ရှင်ဇာတ်လမ်းသည် မြန်မာလူမျိုးသရုပ်ဆောင်များနှင့် မြန်မာစကားပြောဖြစ်သည့် အတွက် မြန်မာနိုင်ငံအတွက် ရည်ရွယ်ထားသည်မှာ ထင်ရှားသည်။
Aug 19, 2023
ကချင်ပြည်နယ်ဖားကန့်မြို့နယ် အေးမြသာယာရပ်ကွက်မနမှော်ရှိ ကုမ္ပဏီလုပ်ကွက် ကျင်းဟောင်းရေကန်တစ်ခုတွင် ဩဂုတ်လ ၁၃ ရက်နေ့ ညနေ ၄ နာရီ ခန့်က မြေပြိုကျမှုဖြစ်ပွားခဲ့ရာ ရေကန်အတွင်း ရေမျောနစ်မြုပ်နေသော ရေမဆေးကျောက်ရှာဖွေနေသူများ မြေပိပျောက်ဆုံးမှုဖြစ်ပွားခဲ့သည်။ မြေပိပျောက်ဆုံးနေသူများအား ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့နှင့် လူမှုကူညီရေးအသင်းအဖွဲ့ ၁၂ ဖွဲ့တို့က ရှာဖွေ ကယ်ဆယ်ရေးပြုလုပ်ခဲ့ရာ ဩဂုတ်လ ၁၆ ရက်နေ့တွင် မြေပိသေဆုံးသူ ၃၃ ဦးကို ရှာဖွေတွေ့ရှိခဲ့သည်။
Aug 19, 2023
ယာဉ်မတော်တဆဖြစ်မှုများနှင့် အဆိုပါယာဉ်မတော်တဆဖြစ်မှုများကြောင့် ဖြစ်ပေါ်လာရသည့် ထိခိုက်ဒဏ်ရာရမှုများ၊ သေဆုံးမှုများလျော့နည်းကျဆင်းသွားရန်၊ ယင်းမှတစ်ဆင့် လုံးဝပပျောက် သွားစေရန်ရည်ရွယ်၍ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (National Road Safety Council - NRSC) သည် National Road Safety Action Plan (2021- 2030) နှင့်အညီ မြန်မာနိုင်ငံ၏ ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ကိစ္စများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
Aug 17, 2023
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် အသေးစား၊ အလတ်စား၊ အကြီးစားစက်မှုလုပ်ငန်းများသည် အရေးပါသည့်ကဏ္ဍများဖြစ်သည်။ “စက်မှုစွမ်းအား ခေတ်ကျော်လွှား”ဆိုသည့်အတိုင်း စက်မှုကဏ္ဍတိုးတက်မှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံ တည်ဆောက်နိုင်မည်ဖြစ်သည်။ စက်မှုလုပ်ငန်းများမှ ပြည်တွင်း၌ လိုအပ်သည့်ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်ခြင်းကြောင့် ပြည်ပသွင်းကုန်များလျှော့ချနိုင်ကာ နိုင်ငံခြားငွေသုံးစွဲမှုများ လျော့နည်းသက်သာပြီး တိုင်းပြည်စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည်ဖြစ်သည်။
Aug 17, 2023
(၁၁) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS-2023) ကို ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ဩဂုတ် ၁၅ ရက်ကကျင်းပရာ မြန်မာအပါအဝင် နိုင်ငံပေါင်း ၇၆ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ခြောက်ခုတို့မှ ကိုယ်စားလှယ်ပေါင်း ၈၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ မျက်နှာစုံညီအစည်းအဝေး အစီအစဉ်သုံးရပ်၏ ဒုတိယပိုင်းတွင် “အာရှ-ပစိဖိတ်ဒေသတွင်းလုံခြုံရေး” ခေါင်းစဉ်ဖြင့် အစည်းအဝေးပါရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “အာရှ-ပစိဖိတ်ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် အရေးပါသော အာဆီယံအဖွဲ့၏စည်းလုံးညီညွတ်မှု”နှင့် ပတ်သက်ပြီး သုံးသပ်ဆွေးနွေးသည့် မိန့်ခွန်း Video Message ပေးပို့၍ ပါဝင်တက်ရောက်ခဲ့သည်။
Aug 14, 2023
ကမ္ဘာပေါ်တွင် သိပ္ပံ၊ စက်မှုနှင့် နည်းပညာများ ခေတ်နှင့်အညီ လိုက်ပါတိုးတက်နေသည်။ သိပ္ပံ၊ စက်မှု၊ နည်းပညာများ တိုးတက်ထွန်းကားသည့်နိုင်ငံများသည် ချမ်းသာကြွယ်ဝကြသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်သော်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုကဏ္ဍဖွံ့ဖြိုးရေးကိုလည်း ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် တိုးတက်မှုအားနည်းနေသည်။
Aug 14, 2023
ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုဖြစ်ရပ်များကို နိုင်ငံတကာသတင်းများတွင် တွေ့မြင်နေရသည်။ ကမ္ဘာကြီးပူနွေးလာခြင်းနှင့်ဆက်စပ်၍ ကမ္ဘာ့ဒေသအနှံ့အပြားတို့တွင် ပုံမှန်မဟုတ်သော အစွန်းရောက်ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိရာ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသည့် ဒေသများတွင် ရွာသွန်းနေပြီး ပူပြင်းခြောက်သွေ့မိုးခေါင်နေသည့် ဒေသများလည်းရှိနေသည်။
Aug 13, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဩဂုတ် ၁၁ ရက်က ဧရာဝတီတိုင်းဒေသကြီး  ပုသိမ်မြို့ရှိ မြို့မိ၊ မြို့ဖများအား အစိုးရအဖွဲ့ရုံးဧည့်ရိပ်သာ၌တွေ့ဆုံ၍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးပြောကြားကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
Aug 13, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ‌‌ရှေ့ဆက်ဆောင်ရွက်သွားမည့် ဦးတည်ချက် (၉) ရပ်တွင် “တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်‌‌ရေး” ဟူသော လူမှုရေးဦးတည်ချက်တစ်ရပ်လည်း ပါဝင်သည်။ အားကစားကဏ္ဍကို မြှင့်တင်ခြင်းသည် နိုင်ငံသူ၊ နိုင်ငံသားတို့၏ ကျန်းမာကြံ့ခိုင်ရေးအတွက်သာမက နိုင်ငံတကာအလယ်တွင် မိမိတို့နိုင်ငံ၏ ဂုဏ်သိက္ခာမြင့်မားထည်ဝါရေးအတွက်လည်း လွန်စွာအရေးပါသည်။
Aug 10, 2023
နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်နေသည့် မည်သည့်အစိုးရမဆို နိုင်ငံကောင်းအောင် ကြိုးပမ်းဆောင်ရွက်ရမည့်တာဝန်ရှိသည်။ လက်ရှိတွင် နိုင်ငံ့တာဝန်ထမ်းဆောင်နေသော အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်များနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များကို ချမှတ်အကောင်အထည်ဖော်၍ နိုင်ငံ၏အနာဂတ်ကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။