Jul 13, 2023
အင်္ဂလိပ်နယ်ချဲ့လက်အောက် မကျရောက်မီက မြန်မာနိုင်ငံသည် ပဒေသရာဇ်ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံဖြစ်သည်။ နိုင်ငံ၏အုပ်ချုပ်ရေးဗဟိုသည် စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် နိုင်ငံခြားဆက်သွယ်ရေးတို့၏ အချက်အချာဖြစ်သော နိုင်ငံအလယ်ပိုင်းရှိ မြေပြန့်မြစ်ဝှမ်းဒေသတွင် အခြေစိုက်ထားပြီး ပဒေသရာဇ်များက ဒေသအလိုက် စီမံခန့်ခွဲအုပ်ချုပ်ခဲ့ကြသည်။ ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ကုန်းဘောင်စသည့် မင်းအဆက်ဆက်တို့သည်လည်းကောင်း၊ မှူးမတ်စသည့် နန်တော်တွင်းအုပ်ချုပ်ရေးအရာရှိများ၊ အဝေးဒေသမှအုပ်ချုပ်ရေးအရာရှိများမှာ ဗမာလူမျိုးတစ်မျိုးတည်းသာမဟုတ်ဘဲ ရှမ်း၊ မွန်၊ ရခိုင်လူမျိုးနှင့်အဆက်အနွှယ်များပါ ပါဝင်ခဲ့ကြသည်။ ပြည်ပကျူးကျော်ရန်ကို ကာကွယ်ရာတွင်လည်းကောင်း၊ နိုင်ငံ၏ဩဇာအာဏာကို ချဲ့ထွင်ရာတွင်လည်းကောင်း တစ်စည်းတစ်လုံးတည်း ဆောင်ရွက်ခဲ့ကြခြင်းဖြင့် အရှေ့တောင်အာရှ၏ ပင်မကုန်းမြေနိုင်ငံများတွင် အကြီးဆုံးသောနိုင်ငံကို တည်ထောင်နိုင်ခဲ့ ခြင်းဖြစ်သည်။
Jul 12, 2023
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”သည် ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဖြတ်ကျော်တိုက်ခတ်ခဲ့သည်။ မုန်တိုင်းကျရောက်ပြီးနောက်နေ့ မေလ ၁၅ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သွားရောက်၍ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မုန်တိုင်းသင့်ဒေသများကို မူလအခြေအနေထက် ပိုမိုကောင်းမွန်လာအောင်ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။
Jul 12, 2023
ကမ္ဘာ့လူဦးရေသန်းပေါင်း ၈၀၀၀ ကျော်သွားပြီဖြစ်ကြောင်းနှင့် အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံကိုကျော်လွန်၍ ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိသွားကြောင်း သတင်းတို့မှာ ၂၀၂၃ ခုနှစ် ကမ္ဘာ့လူဦးရေနေ့တွင် အထူးခြားဆုံးသတင်းများဖြစ်ကြသည်။ ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၏ လူဦးရေသည် ၁ ဒသမ ၄၂၈၆ ဘီလီယံသို့ ရောက်ရှိလာပြီး တရုတ်နိုင်ငံ၏လူဦးရေ ၁ ဒသမ ၄၂၅၇ ဘီလီယံကို ဖြတ်ကျော်သွားခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂကထုတ်ပြန်ခဲ့ခြင်းဖြစ်ရာ ကမ္ဘာပေါ်၌ လူခြောက်ဦးလျှင် တစ်ဦးကျော်သည် အိန္ဒိယသားဟုဆိုရမည့် အနေအထားသို့ ရောက်ရှိလာခြင်းဖြစ်သည်။
Jul 11, 2023
၂၀၂၂ ခုနှစ်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာအစီရင်ခံစာကို ၂၀၂၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ယင်းအစီရင်ခံစာနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေးကို ဇူလိုင်လ ၅ ရက်နေ့တွင် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ကုလသမဂ္ဂအထူးကိုယ်စားလှယ်နှင့် နိုင်ငံအချို့က မြန်မာနိုင်ငံနှင့်ပတ်သက်၍ တာဝန်မဲ့ရည်ညွှန်းပြောကြားခဲ့ကြသည်ကိုတွေ့ရသည်။
Jul 11, 2023
နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်နေထိုင်သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းအများအပြား ဆောင်ရွက်လျက်ရှိရာတွင် ခေတ်မီစံပြကျေးရွာစီမံကိန်း (Smart Village) လည်း အပါအဝင်ဖြစ်သည်။ အဆိုပါစီမံကိန်းကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အဓိကဌာနအဖြစ် တာဝန်ယူကာ ၂၀၂၁-၂၀၂၂ (၆)လ ဘဏ္ဍာရေးနှစ်မှစတင်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော်နေခြင်းဖြစ်သည်။
Jul 10, 2023
ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များတွင် ပညာသင်ကြားမှုများ အောင်မြင်ပြီးဆုံးခဲ့သည့် ကျောင်းသား ကျောင်းသူစုစုပေါင်း ၆၀၄ ဦးတို့သည် ၂၀၂၃ ခုနှစ် ဇူလိုင်လမှစတင်၍ သင်ကြားရေးဆေးရုံကြီးများတွင် အလုပ်သင်ဆရာဝန်အဖြစ် တစ်နှစ်တိတိ စတင်တာဝန်ထမ်းဆောင်နေကြပြီဖြစ်သည်။ သင်တန်းကာလပြီးမြောက်ပါက လက်ထောက်ဆရာဝန်များအဖြစ် နိုင်ငံ့တာဝန်များကို ဆက်လက်ထမ်းဆောင်ကြမည်ဖြစ်သည်။
Jul 10, 2023
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ဘဝများ သာယာဝပြောရေးတို့အတွက် အကြီးမားဆုံးသောအန္တရာယ်ဖြစ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို နိုင်ငံတော်က အလေးထားဆောင်ရွက်လျက်ရှိသည်။ မိမိတို့၏ လူ့အဖွဲ့အစည်းအတွင်း ကျယ်ပြန့်နက်ရှိုင်းစွာ အမြစ်တွယ်လျက်ရှိသော အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူဆောင်ရွက်ခြင်းဟူသော နည်းလမ်းသုံးခုဖြင့် ဆောင်ရွက်လျက်ရှိသည်။
Jul 09, 2023
သစ်တောသစ်ပင်များသည် သဘာဝပတ်ဝန်းကျင်ကို မျှတကောင်းမွန်အောင်ဖြစ်ပေါ်ရေးနှင့် သက်ရှိများ ရှင်သန်ဖြစ်ထွန်းရေးအတွက် များစွာအကျိုးပြုလျက်ရှိသည်။ သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးဖြစ်ထွန်းမှုများမှာ များပြားလှသည်။ သစ်တောသစ်ပင်များသည် လူသားများ အကျိုးဖြစ်ထွန်းရေးအတွက် စဉ်ဆက်မပြတ် အထောက်အကူပြုလျက်ရှိသည်။ ထို့ကြောင့် သစ်တောသစ်ပင်များ ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းကြိုးပမ်းကြရမည် ဖြစ်သည်
Jul 09, 2023
ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့ စိုက်ပျိုးရေး၊ စိုက်ဧကများ အားလုံးတွင် ပန်းတိုင်အထွက်နှုန်း များရရှိရေး၊ ဆီထွက်သီးနှံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေး နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မိမိတို့နိုင်ငံ၏ နှစ်စဉ်စားသုံးဆီလိုအပ်ချက်မှာ တန်ချိန် ၁ ဒသမ ၁ သန်းခန့်ရှိပြီး ပြည်တွင်းဆီထွက်သီးနှံ ထုတ်လုပ်မှုက ဖြည့်ဆည်း မပေးနိုင်မှုကြောင့် စားသုံးဆီလိုအပ်ချက်၏ ၆၀ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရသည်။ နှစ်စဉ် ပြည်ပမှ စားသုံးဆီတန်ချိန် ၈ သိန်းခန့်ကို ပြည်တွင်း ဆီဖူလုံရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်ဖိုးခန့် တင်သွင်းနေရခြင်းဖြစ်သည်။
Jul 08, 2023
မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းထောင်ချီကာလကတည်းက ယဉ်ကျေးမှုအစဉ်အလာကြီးမားခဲ့သည့် နိုင်ငံဖြစ်သည်။ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ၊ မြောက်ဦး၊ ပုဂံစသည့်ယဉ်ကျေးမှုမြင့်မားသောမြို့ပြနိုင်ငံများ တည်ထောင်နိုင်ခဲ့မှုနှင့်အတူ တန်ဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှုအမွေအနှစ်များပါ ထွန်းကားခဲ့သည်။ အတိတ်သမိုင်းခေတ်ကာလများက အဆင့်အတန်းမြင့်မားသော ယဉ်ကျေးမှုများ ထွန်းကားခဲ့သောကြောင့် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်ရှိန်ကိုတက်စေခဲ့သည်။
