Jul 24, 2023
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအဓိက နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံ့လူဦးရေ၏ သုံးပုံနှစ်ပုံခန့်ဝင်ရောက်လုပ်ကိုင်လျက်ရှိသော်လည်း ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက စိုက်ပျိုးလုပ်သားတစ်ဦးချင်း ထုတ်လုပ်နိုင်စွမ်းအရလည်းကောင်း၊ မြေတစ်ဧကချင်းပေါ်တွင် ထုတ်လုပ်နိုင်စွမ်းအရလည်းကောင်း များစွာနိမ့်ကျလျက်ရှိသည်။ စိုက်ပျိုးထုတ်လုပ်မှု စွမ်းအားနိမ့်ကျနေခြင်းကြောင့် မြန်မာတောင်သူတို့၏ တစ်ဦးချင်းဝင်ငွေမှာလည်း များစွာနိမ့်ကျ လျက်ရှိသည်။
Jul 21, 2023
ယနေ့ကမ္ဘာကြီး၏ ရာသီဥတုပြောင်းလဲလာခြင်း အခြေခံအကြောင်းသည် သဘာဝပတ်ဝန်းကျင်ပျက်စီးလာရာမှ ကမ္ဘာကြီးပူနွေးလာခြင်းဖြစ်သည်။ နောက်ဆက်တွဲအနေဖြင့် ရာသီဥတုပြောင်းလဲဖောက်ပြန်ခြင်းများဖြစ်ပေါ်လာပြီး သက်ရှိလူသားများအားလုံး သဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့် ကြုံတွေ့လာသည်။ လက်ရှိတွင် ကမ္ဘာပေါ်ရှိအချို့ဒေသများ၌ မိုးခေါင်ပူပြင်းခြောက်သွေ့ခြင်းနှင့်ကြုံတွေ့နေပြီး အချို့ဒေသများတွင် မုန်တိုင်းနှင့် ရေကြီးရေလျှံခြင်းများ ကြုံတွေ့နေရသည်။
Jul 21, 2023
နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၃)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ နိုင်ငံတည်ဆောက်ရေး၊ နိုင်ငံဖွံ့ဖြိုးရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် နိုင်ငံ့ဝင်ငွေရရှိရန် လိုအပ်သည်။ ကုန်ထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်နိုင်မှသာ နိုင်ငံ့ဝင်ငွေများ ပိုမိုတိုးတက်ရရှိနိုင်မည်ဖြစ်သည့်အပြင် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး၊ နိုင်ငံခြားဝင်ငွေရရှိရေးအတွက် ပြည်ပပို့ကုန် တင်ပို့နိုင်ရေးစသည်တို့အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်သွားရန်လိုသည်။
Jul 20, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တာဝန်ထမ်းဆောင်မှု နှစ်နှစ်ပြည့်သည့်နောက်ပိုင်း အရေးပေါ်သက်တမ်းကာလကို ခြောက်လတိုးပြီးသည့် အချိန်တွင် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို ပြင်ဆင်ဆောင်ရွက်ခဲ့သည်။ ချမှတ်ထားသည့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် အဓိကဆောင်ရွက်ရမည့် အရေးကြီးလုပ်ငန်းများကို ဆောင်ရွက်ရန်လိုအပ်သဖြင့် အရှိန်အဟုန်မြှင့်တင်လိုက်သည်။
Jul 20, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၁၂) ရပ်တွင် နိုင်ငံတကာဆက်ဆံရေးနှင့် စပ်လျဉ်း၍ “လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကို ဆက်လက် လိုက်နာကျင့်သုံးရေး။” ဟူ၍ နိုင်ငံရေးဦးတည်ချက်တစ်ရပ်လည်း ပါဝင်သည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ် နှင့် လွတ်လပ်၍တက်ကြွပြီးဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒမှာ မြန်မာနိုင်ငံကခေတ်အဆက်ဆက် အစဉ်တစိုက်ကျင့်သုံးခဲသော နိုင်ငံခြားရေးမူဝါဒများပင်ဖြစ်သည်။
Jul 18, 2023
မြန်မာနိုင်ငံသည် နယ်ချဲ့လက်အောက်၌ နှစ်ပေါင်းတစ်ရာကျော် ကျွန်ဘဝရောက်ခဲ့သည်။ သူ့ကျွန်ဘဝတွင် အခြယ်လှယ်ခံ၊ အဖိနှိပ်ခံ၊ သွေးစုပ်ခံဘဝဖြင့် နေခဲ့ရသည်။ သူ့ကျွန်မခံလိုသော မြန်မာတို့သည် နယ်ချဲ့တို့ကို အသက်သွေးချွေး တို့ဖြင့်ရင်းနှီးကာ နည်းမျိုးစုံဖြင့် တော်လှန်ခဲ့ကြသည်။ တော်လှန်ခဲ့သော သမိုင်းစဉ်တွင် အာဇာနည်ခေါင်းဆောင်များပေါ်ထွန်းခဲ့သည့်အနက် နိုင်ငံအတွက် ဂုဏ်ပြု မှတ်ကျောက်တင်ထားသည့် အာဇာနည်ခေါင်းဆောင်ကြီးများကို သတိရဂုဏ်ပြုသည့်နေ့သို့ ရောက်ရှိလာပြီဖြစ်သည်။
Jul 18, 2023
မြန်မာလူမျိုးတို့၏ စရိုက်လက္ခဏာ (National Characteristic) သည် တစ်ဦးချင်း အလွန်လွတ်လွတ်လပ်လပ်နေလို၍ မိမိသဘောအရသာ(Individualistic) နေသွားလိုကြသည်။ ထိုစရိုက်သဘာဝကြောင့်ပင် ခိုင်မာစွမ်းပကားရှိသည့် ခေါင်းဆောင်များမရှိသည့်အခါ မြန်မာတို့သည် ညီညွတ်စည်းလုံးမှု လုံးဝမရှိဘဲ ဝါးအစည်းပြေသလို သူတစ်လူ ငါတစ်မင်းသာ နေထိုင်ခဲ့ကြသည်ကို တွေ့ရကြောင်း သုတေသီပညာရှင်တစ်ဦးက ဆိုမိန့်ထားသည်။
Jul 14, 2023
ကမ္ဘာကြီးတွင်နေထိုင်ကြသောလူဦးရေသည် အရှိန်အဟုန်ဖြင့် တိုးပွားလျက်ရှိသည်။ ကမ္ဘာ့လူဦးရေတိုးပွားမှုသည် သန်းတစ်ထောင်မှ သန်းနှစ်ထောင်တိုးပွားရန် နှစ်ပေါင်း ၁၂၀ ကျော်ကြာခဲ့သည်။ သန်းနှစ်ထောင်မှ သန်းသုံးထောင်တိုးပွားရန် နှစ်ပေါင်း ၃၀ ကျော်ကြာပြီး ယခုအခါ သန်းတစ်ထောင်တိုးပွားရန် ဆယ်စုနှစ်တစ်ခုကျော်သာ ကြာမြင့်တော့သည်။ ကမ္ဘာ့လူဦးရေသည် သန်းပေါင်းရှစ်ထောင်ပြည့်ပြီဟု ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကုလသမဂ္ဂက အသိပေးထုတ်ပြန်ခဲ့သည်။
Jul 14, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးရည်မှန်းချက်အဖြစ် ဦးတည်ဆောင်ရွက်လျက်ရှိသည်။ မိမိတို့နိုင်ငံသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိရာ ပြည်သူလူထု၏ လိုလားချက်ဖြစ်သကဲ့သို့ နိုင်ငံတော်ကလျှောက်လှမ်းနေသည့် ပါတီစုံဒီမိုကရေစီစနစ်မှ သွေဖည်မသွားဘဲ ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခိုင်မာရေးအတွက်သာ ဆောင်ရွက်နေခြင်းလည်းဖြစ်သည်။
Jul 13, 2023
ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရအနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများကို စနစ်တကျဆောင်ရွက်နိုင်ခဲ့သဖြင့် အထိအခိုက်အနည်းဆုံးဖြတ်ကျော်နိုင်မှုများမှာ သင်ခန်းစာယူစရာဖြစ်သည်။ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်သောကြောင့် ထိခိုက်သေဆုံးသူ ၁၄၈ ဦးရှိခဲ့သော်လည်း နာဂစ်မုန်တိုင်းဖြစ်ပေါ်ပြီးနောက်ပိုင်းတွင် အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ခဲ့ကြောင်းကို သတိပြုရမည်ဖြစ်သည်။
