Skip to main content
Dec 29, 2025
​​​​​​​ဒီဇင်ဘာလ ၂၈ ရက်နေ့သည် မြန်မာ့နိုင်ငံရေးခရီးလမ်းကြောင်း၌ တစ်မူထူးခြားသော မှတ်တမ်းဝင်မည့်နေ့တစ်နေ့ဖြစ်သည်။ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၁)ကို နိုင်ငံတစ်ဝန်းရှိ မြို့နယ် ၁၀၂ မြို့နယ်အတွင်း အောင်မြင်စွာကျင်းပနိုင်ခဲ့သည့် ထူးခြားသည့်နေ့တစ်နေ့ဖြစ်သည်။ ဤရွေးကောက်ပွဲသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ၊ မှားယွင်းမှုများ ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့သည်ကို မည်သို့မျှဖြေရှင်းပေးခြင်းမရှိသဖြင့် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲအဖြစ် ပြန်လည်ကျင်းပပေးသည့် ထူးခြားသောရွေးကောက်ပွဲဟု ဆိုရမည်ဖြစ်သည်။
Dec 29, 2025
နေခြည်နွေးနွေးဆောင်းအေးအေးတွင် ပျော်ပျော်ရွှင်ရွှင်၊ တက်တက်ကြွကြွ၊ လွတ်လပ်အေးချမ်းစွာ မဲပေးကြသည့်မြင်ကွင်းမှာ နံနက်ခင်းကို ကျက်သရေမင်္ဂလာနှင့် ပြည့်စုံစေသည်။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲ အပိုင်း(၁)ကို နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၁၀၂ မြို့နယ်ရှိမဲရုံများတွင် ဒီဇင်ဘာ ၂၈ ရက် နံနက် ၆ နာရီမှာစတင်ခဲ့သည်။ မဲရုံစတင်ဖွင့်လှစ်ချိန်မှစကာ ပိတ်သိမ်းသည့်အချိန်အထိ နိုင်ငံသားတာဝန်ကျေပွန်စွာ လာရောက်မဲပေးကြသည့် ပြည်သူများမှာ မည်သည့်ဖိအားတစ်စုံတစ်ရာကြောင့်မှမဟုတ်ဘဲ မိမိတို့၏လွတ်လပ်သည့် သဘောထားဆန္ဒအလျောက် မဲရုံများဆီသို့ သွားရောက်မဲပေးခဲ့ကြခြင်းဖြစ်သည်။
Dec 28, 2025
​​​​​​​မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် စနစ်အမျိုးမျိုးကျင့်သုံးခဲ့ရာမှ ၁၉၈၈ ခုနှစ်တွင် ပြည်သူများတောင်းဆိုခဲ့သည့် ပါတီစုံဒီမိုကရေစီစနစ်ကို တပ်မတော်ကလမ်းခင်း ပုံဖော်ပေးခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် ပထမအကြိမ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ်တွင် ဒုတိယအကြိမ်ရွေးကောက်ပွဲတို့ကို လွတ်လပ်ပြီးတရားမျှတစွာ ကျင်းပခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများနှင့်အဓမ္မပြုလုပ်မှုများကြောင့် တပ်မတော်က နိုင်ငံတော်၏တာဝန်ကို ခေတ္တရယူ၍ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့သည်။
Dec 28, 2025
​​​​​​​ယနေ့(၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့) မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့အထိသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလဖြစ်သည်။ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးတို့ကို လိုလားသည့် ပြည်သူများကလွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပခြင်းကို အားပေးထောက်ခံကြသော်လည်း NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖျက်သမားများနှင့် တိုင်းရင်းသားအမည်ခံထားကြသည့် အကြမ်းဖက်သောင်းကျန်းသူများ၊ အကြမ်းဖက်ထောက်ခံသူများကမူ ရွေးကောက်ပွဲကိုမလိုလား။
Dec 27, 2025
မြန်မာနိုင်ငံသည် မြေပေါ်မြေအောက် တွင်းထွက်သယံဇာတများ ပေါများကြွယ်ဝသည့် နိုင်ငံဖြစ်သည်။ ရေနံလုပ်ငန်းနှင့်ပတ်သက်၍ သမိုင်းမှတ်တမ်းကောင်းများစွာရှိခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ရေနံချက်လုပ်ငန်းတွင် နယ်ချဲ့ဗြိတိသျှတို့ အနေဖြင့် ၁၈၇၁ ခုနှစ်ကတည်းက “ရန်ကုန်ရေနံကုမ္ပဏီ” အမည်ဖြင့် ရေနံချက်လုပ်ငန်းကို စတင်ခဲ့သည်ဟုသိရသည်။ ၁၉၂၅ ခုနှစ်တွင် ခေတ်မီနည်းစနစ်များကိုအသုံးပြုပြီး နေ့စဉ်လည်ပတ်ချက်လုပ်နိုင်သည့် ဂါလန်ရှစ်သိန်းဆံ့သော သန်လျင်ရေနံချက်စက်ရုံကြီးကို တည်ဆောက်ခဲ့သည်။
Dec 27, 2025
မနက်ဖြန်ဆိုလျှင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပမည့် မြို့နယ်များမှ မဲဆန္ဒရှင်ပြည်သူများ မဲပေးကြရတော့မည်။ လွတ်လပ်ပြီး တရားမျှတသည့်‌ရွေးကောက်ပွဲဖြစ်ရေး၊ မဲပေးပိုင်ခွင့်ရှိသူပြည်သူအားလုံး မဲပေးနိုင်ရေးအတွက် အစိုးရက အဘက်ဘက်မှ ဆောင်ရွက်ပေးထားခြင်းဖြစ်ရာ နိုင်ငံသားအခွင့်အရေးတစ်ရပ် မဆုံးရှုံးစေရေး၊ နိုင်ငံသားတာဝန်ကျေပွန်ရေးအတွက် မပျက်မကွက်မဲပေးကြရန် တိုက်တွန်းလိုသည်။
Dec 26, 2025
​​​​​​​မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင်နက်နယ်မြေကို ထိန်းသိမ်းစောင့်ရှောက်ရာ၌ ရေပြင်ကာကွယ်ရေးစွမ်းပကား၏အရေးပါမှုကို သမိုင်းကြောင်းတစ်လျှောက်တွင် တွေ့မြင်ခဲ့ရပြီးဖြစ်သည်။ သမိုင်းကြောင်း၌ ကိုလိုနီနယ်ချဲ့တို့က ရေကြောင်းစွမ်းပကားကိုအဓိကအသုံးပြုပြီး ကျူးကျော်နယ်ချဲ့သိမ်းပိုက်ခဲ့ကြသည်။ ဗြိတိသျှနယ်ချဲ့တို့က မြန်မာနိုင်ငံကိုသိမ်းပိုက်ရန်အတွက် စစ်ပွဲသုံးလီဆင်နွှဲခဲ့ရာတွင် ရေကြောင်းစစ်ဆင်ရေးဖြင့် အသာစီးယူခဲ့သည်ကို သင်ခန်းစာယူဖွယ် တွေ့ရသည်။
Dec 26, 2025
​​​​​​​ဒုတိယကမ္ဘာစစ်ပြီးနောက် ၁၉၄၈ ခုနှစ်ဆန်းစအချိန်တွင် မြန်မာနိုင်ငံသည် လွတ်လပ်သောအချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်သို့ ပြန်လည်ရောက်ရှိလာသည်။ ထိုခေတ်ကာလ ကမ္ဘာ့နိုင်ငံရေးမြင်ကွင်းကျယ်မှာ ရာစုနှစ်နှင့်ချီ၍ တည်ရှိခဲ့သော ကိုလိုနီအင်ပါယာများချုပ်ငြိမ်းပြီး လွတ်လပ်သောအမျိုးသားနိုင်ငံများ ပေါ်ထွန်းလျက်ရှိခြင်းနှင့် ကမ္ဘာပေါ်တွင် အယူဝါဒချင်း ဆန့်ကျင်သောအုပ်စုကြီးနှစ်စု အားပြိုင်မှုစတင်လာခြင်းဖြစ်သည်။ စစ်ပြီးကာလ ကမ္ဘာ့နိုင်ငံရေးတွင် အရေးပါသည့်အချက်မှာ နိုင်ငံတကာရေးရာကိစ္စများကို ကိုင်တွယ်ဆောင်ရွက်ရန် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းဖြစ်သော ကုလသမဂ္ဂဖွဲ့စည်းပေါ်ပေါက်လာခြင်းဖြစ်သည်။
Dec 25, 2025
မျက်မှောက်ကာလ လူသားအားလုံး ခိုလှုံရာကမ္ဘာကြီးတွင် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘာသာတရားများစွာရှိသည်။ ယုံကြည်မှုများတွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာဆိုသည့် အဓိကဘာသာကြီးလေးမျိုးရှိသည်။ ဘာသာတရားဆိုသည်မှာ အဆုံးအမတစ်ခုဖြစ်ပြီး ချစ်ခြင်းမေတ္တာ၊ ကရုဏာတရားနှင့် ကိုယ်ချင်းစာတရားများကို အခြေခံထားသည်ကို တွေ့ရသည်။ ဘာသာတရားအားလုံး၏ မွန်မြတ်သော ဘုံရည်မှန်းချက်များမှာ တူညီနေသည်ကို တွေ့ရသည်။
Dec 25, 2025
ယနေ့ (ဒီဇင်ဘာ ၂၅ ရက်) သည် ခရစ်ယာန်ဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ခရစ္စမတ်နေ့ဖြစ်သည်။ ယေရှုခရစ်တော်ဖွားမြင်သည့်နေ့ကို အထိမ်းအမှတ်ပြု၍ ခရစ္စမတ်ပွဲတော် ကျင်းပသည့်အခါကာလသည် ဆောင်းရာသီကျရောက်၍ အေးမြသည့်အချိန်ကာလဖြစ်သည်။ ထိုနည်းတူစွာ လူတို့ရပ်ရွာမြေကမ္ဘာသို့ လူသားတစ်ဦးအဖြစ် ခံယူရောက်ရှိလာသော ခရစ်တော်ကို အကြောင်းပြု၍ နှလုံးစိတ်ဝမ်း အေးချမ်းကြရသော အခါသမယလည်း ဖြစ်သည်။