Skip to main content
Aug 12, 2024
ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးသည် ၎င်းတို့နိုင်ငံ၏ အနာဂတ်လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြရာတွင် မျိုးဆက်သစ်လူငယ်များကို အားကိုးအားထားပြုကြသည်။ ယနေ့လူငယ်သည် နောင်တစ်ခေတ်တွင် လူကြီးများဖြစ်လာပြီး နိုင်ငံ့တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့်သူများဖြစ်သည်။ ထို့ကြောင့် လူငယ်လူရွယ်များကို တန်ဖိုးထားသောအားဖြင့် ကုလသမဂ္ဂ၏ (၅၄) ကြိမ်မြောက် အစည်းအဝေးတွင် နှစ်စဉ်ဩဂုတ်လ ၁၂ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ဟု သတ်မှတ်ခဲ့သည်။
Aug 12, 2024
လူငယ်များသည် နိုင်ငံအတွက်လိုအပ်သည့် လူသားအရင်းအမြစ်များဖြစ်ရာ လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုကို မဖြစ်မနေပြုလုပ်ရန်လိုသည်။ လူငယ်များဖွံ့ဖြိုးတိုးတက်မှုနှင့် စွမ်းရည်တို့ မြင့်မားသည်နှင့်အမျှ နိုင်ငံ၏အနာဂတ်ကိုလည်း ပိုမိုကောင်းမွန်အောင် တည်ဆောက်နိုင်မည်ဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မိမိတို့နိုင်ငံတွင် အသက် ၁၅ နှစ်မှ ၆၄ နှစ်ရှိ အလုပ်လုပ်နိုင်သော လူဦးရေအချိုးအစား ၆၅ ဒသမ ၆ ရာခိုင်နှုန်းရှိနေရာ လူဦးရေပညာရှင်များ၏ အဆိုအရ “လူဦးရေ ဆိုင်ရာဆုလာဘ်” ဖြစ်ပြီး ဆယ်စုနှစ်နှစ်စုအတွင်း အကျိုးရှိစွာအသုံးချနိုင်လျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်သည်ဟု သိရသည်။
Aug 11, 2024
မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်မတိုင်မီက တံခါးပိတ်စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့ပြီး ၁၉၈၈ ခုနှစ်လွန်ကာလမှစ၍ ယနေ့ထက်တိုင် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလျက်ရှိသည်။ ဈေးကွက်စီးပွားရေးစနစ်ကို ထုတ်လုပ်သူနှင့် စားသုံးသူအတွက် ဆွဲဆောင်မှုမက်လုံးများပေးနိုင်သောစနစ်၊ အစိုးရကဏ္ဍကို လျှော့ချပြီး ပုဂ္ဂလိကကဏ္ဍကို ဦးစားပေးသောစနစ်စသည်ဖြင့် အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကြသော်လည်း လိုရင်းအချက်မှာ စီးပွားရေးကို လွတ်လပ်စွာဆောင်ရွက်နိုင်သည့် စနစ်ဖြစ်သည်။
Aug 11, 2024
ကမ္ဘာတစ်ဝန်းရှိ လူငယ်များ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို နိုင်ငံတကာအသိုင်းအဝိုင်းက အလေးဂရုပြုလာစေရေးနှင့် မျက်မှောက်ကမ္ဘာ့ရေးရာများတွင် လူငယ်များ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုလာစေရေးတို့အတွက် နှစ်စဉ် ဩဂုတ်လ ၁၂ ရက်တွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၌ ကျင်းပလျက်ရှိသည်။ ယခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက် သတ်မှတ်ထားသည့် ဆောင်ပုဒ်မှာ “စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်များရဲ့ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဖြင့် ဖော်ဆောင်ပေး” “From Click To Progress : Youth Digital Pathways For Sustainable Development ” ဟူ၍ ဖြစ်သည်။
Aug 10, 2024
​​​​​​​အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ (NRSC)က လစဉ်ပြုစုထုတ်ပြန်သည့် ယာဉ်တိုက်ခိုက်မှု ကိန်းဂဏန်းအချက်အလက်များ၊ နှစ်ချုပ်အစီရင်ခံစာများအရ ၂၀၁၈ ခုနှစ်ကစပြီး ယာဉ်တိုက်မှု၊ ဒဏ်ရာရ၊ သေဆုံးမှုစာရင်းများ တောက်လျှောက်လျော့နည်းကျဆင်းလာခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် လတစ်လချင်းအလိုက် အနည်းငယ်ပြန်လည်မြင့်တက်လာခဲ့သည်။ ၂၀၂၀၊ ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ် တို့တွင် ကိုဗစ် - ၁၉ ကပ်ရောဂါကူးစက်ပျံ့နှံ့မှု ကာကွယ်ရေးအတွက် အသွားအလာများ ကန့်သတ်ခဲ့ခြင်းက လမ်းပေါ် မတော်တဆဖြစ်မှုများအပေါ်တွင်ပါ သက်ရောက်ခဲ့ခြင်းဖြစ်သည်။
Aug 09, 2024
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးတစ်ရာကျော် စုစည်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ရေမြေတောတောင်သဘာဝနှင့် လူမျိုးအားဖြင့် ကွဲပြားကြသော်လည်း လုပ်ကိုင်ဆောင်ရွက်ကြသည့် စီးပွားရေးမှာမူခွဲခြား၍မရပေ။ လွတ်လပ်သောနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံ၏ပင်ကိုသဘာဝတို့အရ နိုင်ငံသားတိုင်းသည် နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာနေထိုင်လုပ်ကိုင်ဆောင်ရွက်ခွင့်ရကြသည်။
Aug 09, 2024
ကယားပြည်နယ် လွိုင်ကော်မြို့တွင် တည်ငြိမ်အေးချမ်းမှုတိုးတက်ရရှိလာသည်နှင့်အမျှ ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်ကို သတင်းများတွင် တွေ့မြင်ရသည်။ လက်နက်ကိုင်သောင်းကျန်းမှုများ၊ အဖျက်အမှောင့်လုပ်ရပ်များက ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေသည်။ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ၊ အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်ပျက်စီး ဆုံးရှုံးစေသည်။
Aug 08, 2024
မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်နိုင်ငံဖြစ်သည်။ သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ ဆီထွက်သီးနှံနှင့် ဝါသီနှံတိုးချဲ့စိုက်ပျိုးရေး၊ နေကြာသီးနှံစိုက်ပျိုးရေးနှင့် နို့စားနွားမွေးမြူရေးတို့သည် နိုင်ငံအတွက်အရေးကြီးသည့်လုပ်ငန်းများဖြစ်သည်။ ယင်းလုပ်ငန်းများသည် နိုင်ငံအတွက်အကျိုးရှိသဖြင့် လက်ရှိကာလတွင်တွန်းအားပေး၍ ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်ကတိုက်တွန်းနှိုးဆော်လျက်ရှိသည်။
Aug 08, 2024
‘‘မြန်မာဘယ်ကစ ’’ ဟူသည့် ခေတ်ဦးမြန်မာ့သမိုင်းနှင့်စပ်လျဉ်း၍ ငြင်းချက်နှစ်ခုရှိသည်။ တစ်ခုက မြန်မာတို့သည် မြန်မာ့မြေပေါ်တွင်ပင် ပေါက်ဖွားရှင်သန်လာကြကာ အဆင့်ဆင့်တိုးတက်ထွန်းကားလာခြင်းဖြစ်သည်ဟူ၍ဖြစ်ပြီး နောက်တစ်ခုကမူ မြန်မာတို့သည်အခြားဒေသမှ အချိန်တိုတိုအတွင်း ဒုန်းစိုင်းဝင်ရောက်လာကြသူများဖြစ်သည်ဟူ၍ဖြစ်သည်။ သို့ဖြစ်ခြင်းကြောင့် မြန်မာ့သမိုင်းကို ခေတ်အမြင်ဖြင့်လေ့လာမည်ဆိုပါက ပုဂံခေတ် အနော်ရထာမင်းမတိုင်မီ မြန်မာ့သမိုင်းသည် ငြင်းချက်များ၊ ကွက်လပ်များ၊ အနုမာန မှန်းဆဖြည့်စွက်ချက်များဖြင့် ပြည့်နှက်နေသည်။
Aug 07, 2024
မျက်မှောက်ကာလ မြန်မာနိုင်ငံ၏ အခြေအနေကိုကြည့်လျှင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုကြောင့် ဖြစ်ပေါ်လာသော နိုင်ငံရေးအပြောင်းအလဲကို မကျေနပ်သည့် အစွန်းရောက်နိုင်ငံရေးသမားအချို့၏ ဦးဆောင်မှု၊ စည်းရုံးမှု၊ အားပေးမှု၊ ထောက်ပံ့ကူညီမှုဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ နိုင်ငံအနှံ့တွင် ဖြစ်ပေါ်လာသည်ကို တွေ့ရမည်ဖြစ်သည်။ ၎င်းတို့သည် တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့အချို့ထံတွင် စစ်သင်တန်းများ၊ ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများ တက်ရောက်ခဲ့ကြသည်။