Jun 06, 2024

ယခုအခါ မိုးရာသီကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ သစ်ပင်သစ်တောများ စိမ်းလန်းစိုပြည်ရှင်သန်ဖွံ့ဖြိုးသော အချိန်အခါကာလဖြစ်သည်။ ထိုကာလတွင် သစ်ပင်များကို ရှင်သန်ဖွံ့ဖြိုးလာအောင် စိုက်ပျိုးပြုစုပျိုးထောင်ကြခြင်းဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပရေးကို ဖန်တီးကြရမည်ဖြစ်သည်။ တစ်နိုင်ငံလုံးဝိုင်းဝန်း၍ အမျိုးသားရေးအသွင်ဖြင့် သစ်ပင်ပျိုးပင်များ ပြုစုပျိုးထောင်စိုက်ပျိုးကြရမည်ဖြစ်သည်။
Jun 06, 2024

Knowledge is Power - အသိသုတသည် တန်ခိုးစွမ်းအင်ဟူသော အဆိုရှိသည်။ ၁၆ ရာစုအတွင်း မွေးဖွားခဲ့သည့် အင်္ဂလိပ်စာရေးဆရာကြီး ဖရန်စစ်ဘေကွန်၏ အဆိုဖြစ်ပြီး အစဉ်အလာအားဖြင့် ပြောကြားသည့် ဆိုရိုးစကားသဖွယ်လည်းဖြစ်နေသည်။ အနက်အဓိပ္ပာယ်အားဖြင့် အသိသုတရှိမှ တန်ခိုးစွမ်းအင်ရှိမည်။ အသိသုတကင်းမဲ့ပါက တန်ခိုးစွမ်းအင်လည်း ကင်းမဲ့မည်ဟု ချဲ့ထွင်တွေးဆယူနိုင်သည်။ ထိုမှဆက်၍ လူတိုင်းလူတိုင်း အသိသုတအမျိုးမျိုးတို့ ပြည့်စုံစေရန် ရှာဖွေစုဆောင်းဖြည့်ဆည်းကြရမည်ဟူ၍ ကောက်ချက်ဆွဲရမည်ဖြစ်သည်။
Jun 05, 2024

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများအားလုံးသာမက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများပါ စတင်ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်သည်။ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သည့်နေ့တွင် နိုင်ငံတစ်ဝန်းရှိ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၆၅၃၆၇၁၃ ဦး ပညာသင်ကြား ဆည်းပူးလေ့လာနေကြပြီဖြစ်သည်။
Jun 05, 2024

ပြီးခဲ့သည့် မတ်၊ ဧပြီ၊ မေ နွေလများအတွင်း အပူချိန်မြင့်တက်မှုဒဏ်ကို မိမိတို့ နိုင်ငံသူနိုင်ငံသားများ သိသိသာသာ ခံစားခဲ့ကြရသည်။ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းခြောက်သွေ့ရပ်ဝန်းမှ အချို့မြို့များ၏ နွေရာသီအမြင့်ဆုံးအပူချိန်သည် ကမ္ဘာ့အပူဆုံးမြို့ များ၌ပင် စာရင်းဝင်ခဲ့သည်အထိ ဖြစ်ခဲ့သည်။ ကမ္ဘာ့အပူချိန် မြင့်တက်လာခြင်း၊ ယင်း၏အကျိုးဆက်အဖြစ် ရာသီဥတုများ ပြောင်းလဲလာခြင်းတို့သည် ရာစုနှစ်နှင့်ချီ၍ လူသားတို့ ပြုလုပ်ခဲ့ကြသည့် အပြုအမူများကြောင့် သဘာဝပတ်ဝန်းကျင်များ ထိခိုက်ပျက်စီးခဲ့ရခြင်းကို အကြောင်းရင်းခံ၍ ဖြစ်ပေါ်လာရခြင်းဖြစ်ရာ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ကြီး ပြန်လည်ကောင်းမွန်လာအောင် ထိန်းသိမ်းရန်မှာလည်း လူသားတစ်ရပ်လုံး၏ တာဝန် ဖြစ်သည်။
Jun 04, 2024
ယနေ့ကာလတွင် နိုင်ငံအတွင်း၌ လူမှုစီးပွားတည်ငြိမ်မှုကို ပျက်ပြားစေမည့် ရွှေနှင့် ငွေကြေးဈေးကွက် ကမောက်ကမဖြစ်စေသည့် သတင်းစကားများကြောင့် ရောင်းဝယ်ဖောက်ကားမှုဈေးကွက်များတွင် ဈေးနှုန်းများ အဆမတန်မြင့်တက်ခဲ့ပြီး အကျိုးဆက်ကို ပြည်သူများခံစားကြရသည်။ အရောင်းအဝယ်ဈေးကွက်ကို တန်ဖိုးဖြတ်သည့် ရွှေနှင့် နိုင်ငံခြားငွေဈေးနှုန်း ကမောက်ကမဖြစ်စေရန် ဖန်တီးခဲ့ကြသည့် ဝိသမလောဘသားများကို နိုင်ငံတော်က ပြည်သူများအကျိုးစီးပွားကိုရှေးရှုပြီး ဖော်ထုတ်တားဆီးနိုင်ခဲ့သည်။
Jun 04, 2024

မြန်မာ့ပင်လယ်ပြင်တွင် ငါးသယံဇာတတည်ရှိမှု လျော့နည်းကျဆင်းလျက်ရှိနေပြီဖြစ်ရာ ငါးမျိုးမပြုန်းတီးရေးအတွက် ငါးရစ်ငါးသန်ကာလတွင် ငါးမဖမ်းရ ရာသီသတ်မှတ်၍ ရေရှည်စားသုံးနိုင်ရေး သက်ဆိုင်ရာကဆောင်ရွက်လျက်ရှိရာ နားလည်လက်ခံသည့် လုပ်ငန်းရှင်များရှိသကဲ့သို့ လတ်တလောအခက်အခဲကို သည်းမခံနိုင်သည့်လုပ်ငန်းရှင်များ၊ ငါးမဖမ်းရရာသီအတွင်း ငါးခိုးဖမ်းနေသော ရေယာဉ်များရှိနေကြောင်း သတင်းများတွင် တွေ့ရသည်။ ငါးမဖမ်းရရာသီသတ်မှတ်ခြင်းသည် ငါးသယံဇာတ လျော့နည်းကျဆင်းလာသည့် အခြေအနေကြောင့် မဖြစ်မနေဆောင်ရွက်ရခြင်းဖြစ်ပြီး မိမိတို့နိုင်ငံကဲ့သို့ပင် အိမ်နီးချင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း ဆောင်ရွက်နေပြီး ငါးခိုးဖမ်းခြင်းများမရှိစေရန် ၎င်းတို့၏ စစ်ရေယာဉ်များ၊ ကမ်းခြေစောင့်ရေယာဉ်များဖြင့် စောင့်ကြပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Jun 02, 2024
ပြည်သူလူထု၏ နေ့စဉ်လူမှုစီးပွားဘဝ အဆင်ပြေချောမွေ့စေရေးအတွက် ကုန်စည်စီးဆင်းမှု တည်ငြိမ်ချောမွေ့မှန်ကန်ရေးသည် အရေးကြီးသောအချက်ဖြစ်သည်။ ကုန်စည်စီးဆင်းမှု မှန်ကန်တည်ငြိမ်ရေးအတွက် ငွေကြေးဈေးကွက် တည်ငြိမ်မှန်ကန်မှုရှိရန်လိုအပ်ပြီး ငွေကြေးဈေးကွက်တည်ငြိမ်မှသာ ပြည်သူလူထုကို နေ့စဉ်ဝန်ဆောင်မှုပေးလျက်ရှိသော စက်သုံးဆီမှအစ ကုန်စည်ရောင်းဝယ်ဖောက်ကားမှုများ တည်ငြိမ်ချောမွေ့စွာ လည်ပတ်နိုင်မည်ဖြစ်သည်။ ငွေကြေးတန်ဖိုးမတည်ငြိမ်လျှင် ငွေကြေးဖောင်းပွမှုဖြစ်လာပြီး ပြည်သူများ၏ နေ့စဉ်လူမှုဘဝတွင် အခက်အခဲများရှိလာနိုင်သည်။
Jun 02, 2024
သမိုင်းဝင်လူ့ယဉ်ကျေးမှုတို့ မစတင်မီကပင် ရှေးဦးလူတို့နှင့်အတူ တေးသီချင်းသီဆိုမှုနှင့် တီးမှုတ်မှုဂီတတို့ ရှိနှင့်ပြီးဖြစ်သည်ဟူ၍ ပညာရှင်များက ယူဆကြသည်။ ကာလနှင့် ဒေသအလိုက် လူသားတို့၏ ယဉ်ကျေးမှုများ တစ်ဆင့်ပြီးတစ်ဆင့် မြင့်သည်ထက်မြင့်လာသောအခါ နိုင်ငံအလိုက်၊ လူမျိုးအလိုက် ကွဲပြားခြားနားသည့် ဂီတများစွာပေါ်ထွန်းလာသည်။ မည်သည့်ဂီတပင်ဖြစ်စေ တူညီသည့်အချက်မှာ သီဆိုသူ၊ နားဆင်သူတို့၏ စိတ်နှလုံးကို ရသခံစားမှုဖြစ်ပေါ်စေနိုင်ခြင်းနှင့် လွှမ်းမိုးနိုင်စွမ်းရှိခြင်းပင်ဖြစ်သည်။
Jun 01, 2024

ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအားလုံးတို့တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုလျှော့ချရေး လှုပ်ရှားမှုများဆောင်ရွက်ရန် နှစ်စဉ် မေလ ၃၁ ရက်နေ့ကို “ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့” (ကမ္ဘာ့ဆေးရွက်ကြီးမသုံးစွဲသောနေ့) အဖြစ် ၁၉၈၉ ခုနှစ် ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် သတ်မှတ်ခဲ့သည်။ ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲခြင်းကြောင့် ကျန်းမာရေးကိုထိခိုက်စေရုံသာမက ရောဂါအမျိုးမျိုးခံစားကြရပြီး အသက်ဆုံးရှုံးစေနိုင်သည်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အများပြည်သူတို့အား သတိပေးနှိုးဆော်လိုခြင်းကြောင့်လည်း ဖြစ်သည်။
Jun 01, 2024

ပြင်ဦးလွင်မြို့သည် လေကောင်းလေသန့်ရရှိပြီး နှစ်လိုဖွယ်ရာသီဥတုရှိသည့် ခရီးသွားမြို့တော်၊ အပန်းဖြေမြို့တော်ဖြစ်သည်။ အစဉ်အလာအားဖြင့် သာယာလှပနှစ်လိုဖွယ်ရာကောင်းသောမြို့ကို အစဉ်စိမ်းလန်းစိုပြည်သာယာလှပပြီး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတော်အကြီးအကဲက အခါမလပ်သွားရောက်ပြီး မြို့သာယာလှပရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို လမ်းညွှန်မှာကြားလျက်ရှိသည်။