ပဲခူးမြို့ သီရိမင်္ဂလာကြခတ်ဝိုင်း ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူရန် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က အဆိုပါ ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
ပဲခူးတိုင်းဒေသကြီး စာရင်းစစ်ချုပ်နှင့် တိုင်း/ခရိုင်/မြို့နယ် စာရင်းစစ်ရုံးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရန် အလှူငွေများလှူဒါန်း
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခွဲက ပဲခူးတိုင်းဒေသကြီး စာရင်းစစ်ချုပ်နှင့် တိုင်း/ခရိုင်/မြို့နယ် စာရင်းစစ်ရုံးဝန်ထမ်းများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးဝယ်ယူရန်အတွက် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ထံ အလှူငွေများ လာရောက် လှူဒါန်းခဲ့သည်။
JICA ၏ အစီအစဉ်ဖြင့် ရေးဆွဲသည့် ပဲခူးမြို့၊ မြို့ပြစီမံကိန်း (၂၀၄၀)ဆိုင်ရာ ရှင်းလင်းပွဲ အခမ်းအနားကျင်းပ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီက JICA ၏ အစီအစဉ် ဖြင့်ရေးဆွဲ သည့် ပဲခူးမြို့၊ မြို့ပြစီမံကိန်း (၂၀၄၀)ဆိုင်ရာ ရှင်းလင်းပွဲအခမ်းအနားအား Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ် သည်။
ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်သည်။
ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူနိုင်ရေးနှင့် မြန်မာရွှေ့ပြောင်းလုပ်ငန်းများ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းရရှိရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
နေပြည်တော်၊ ရုံးအမှတ်(၂၆)၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၅ရက်၊ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်သည့် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ဝယ်ယူနိုင်ရေးနှင့် မြန်မာရွှေ့ပြောင်းလုပ်ငန်းများ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ Online Meeting စနစ်ဖြင့် တက်ရောက် ခဲ့သည်။
ပဲခူးမြို့တွင် ကိုဗစ်ညွှန်ကြားချက်များ ပြည်သူများလိုက်နာနိုင်ရေး အသိပညာပေးဆောင်ရွက်
ပဲခူးမြို့ ရန်ကုန်-မန္တလေးကားလမ်း၊ ကျောက်တွင်းကုန်းလမ်းဆုံတွင် ဒီဇင်ဘာ ၁၄ရက် နံနက်ပိုင်းအချိန်က ပဲခူးခရိုင် ကိုဗစ်-၁၉ကာကွယ်၊ ကုသရေးနှင့် အရေးပေါ် ထိန်းချုပ်ရေး ကော်မတီမှ ဆောင်ရွက်နေသည့် ကိုဗစ်ညွှန်ကြားချက်များအား ပြည်သူများလိုက်နာနိုင်ရေး အတွက် အသိပညာပေးဆောင်ရွက်မှုတွင် တာဝန်ရှိသူများနှင့်အတူ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လာရောက် လှူဒါန်း
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲ ၂နာရီက ကိုရီးယားပြည်သူ့သမ္မတနိုင်ငံနေ စေတနာရှင်များက တိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်−၁၉ ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ကုသခြင်းလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကျန်းမာရေး အထောက်အကူပြု ပစ္စည်း များအား လာရောက်လှူဒါန်းပွဲ ကျင်းပခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ
ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ နိုဝင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ စုပေါင်းမဟာဘုံကထိန်ပွဲအခမ်းအနားကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့သည်။
ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး ဆဌမအကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ရန် အလှူငွေလှူဒါန်း
ပဲခူးမြို့ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး ဆဌမအကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရန်နှင့် အရံစေတီများရွှေဆေးသင်္ကန်း ကပ်လှူပူဇော်ရန်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများအိမ်ရာအတွင်းရှိ ဝန်ကြီးချုပ်၏နေအိမ်တွင် ယနေ့ နံနက်(၈)နာရီခွဲက အလှူ ငွေ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။