Skip to main content

အဏ္ဏဝါသယံဇာတများ မဆုံးရှုံးရေး ပြန်လည်ပြုပြင်ထိန်းသိမ်းကုစား

မြန်မာ့ပင်လယ်ပြင်တွင် ယခုနှစ် ငါးမဖမ်းရ ရာသီကို မေ၊ ဇွန်၊ ဇူလိုင် သုံးလသတ်မှတ်ထားရာ ယခုကာလသည် ငါးဖမ်းရေယာဉ်များ ကမ်းခြေတွင် ဆိုက်ကပ်ရပ်နားနေရချိန်ဖြစ်ပြီး ပင်လယ်ပြင်၌မူ မျိုးငါးကြီး များများပေါက်ရန် ပြင်ဆင်လှုပ်ရှားနေကြချိန်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းမှာ စုစုပေါင်းမိုင် ၁၂၀၀ ခန့် ရှည်လျားပြီး ရခိုင်၊ ဧရာဝတီနှင့် တနင်္သာရီဟူသော အပိုင်းသုံးပိုင်းတွင် ပင်လယ်ငါးဖမ်းလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ ၂၀၁၃ ခုနှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင်တိုင်းတာခဲ့သည့် စစ်တမ်းများအရ မြန်မာ့အဏ္ဏဝါ ရေပြင်၏ ငါးသယံဇာတကြွယ်ဝမှုအခြေအနေမှ လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကျော်ကနှင့် နှိုင်းယှဉ်လျှင် ရေပေါ်ငါးသယံဇာတသည် ၉၀ ရာခိုင်နှုန်း၊ ရေအောက်ငါးသယံဇာတသည် ၆၀ ရာခိုင်နှုန်း ကျဆင်း သွားခဲ့ရာ လွန်စွာစိုးရိမ်ဖွယ်အခြေအနေပင်ဖြစ်သည်။

လုပ်ကြံသတင်းနှင့် ဖြစ်စဉ်အမှန်

မဟုတ်မမှန် လုပ်ကြံရေးသားဖော်ပြခဲ့သည့် သတင်းများနှင့် စပ်လျဉ်း၍ ဖြစ်စဉ်အမှန်များကို ပြန်လည်ရှင်းလင်းတင်ပြမှုများ မကြာခဏဆိုသလို ဖြစ်ပေါ်လျက်ရှိသည်။ မုသားက အလွယ်တကူ ရှေ့မှသွား၍ အမှန်တရားက နောက်မှ တရွတ်ဆွဲလိုက်နေရခြင်းလည်း ဖြစ်ချေသည်။ သတင်းဟူသည် လူအများစိတ်ဝင်စားစရာ အကြောင်း အရာ အသစ်များဖြစ်ပြီး မှန်ကန်၊ မြန်ဆန်၊တိကျ၊ ဘက်မလိုက်သော အချက်အလက်များ (ဘခြောက်လုံး) အပြည့်အ

မလောင်ခင်က ကြိုတင်ကာကွယ်

နေ့အပူချိန်များမြင့်မားပြီး ခြောက်သွေ့သည့် ပတ်ဝန်းကျင်က မီးလောင်ကျွမ်းမှု အလွယ်တကူ ဖြစ်ပေါ်နိုင်သည့် အခြေအနေ ဖြစ်သည်။ လောင်စာ၊ လေ (အောက်ဆီဂျင်) နှင့် လုံလောက်သော အပူရှိန်ဆိုသည့် အခြေခံလိုအပ်ချက်ကြီး သုံးခုပေါင်းဆုံပါက မီးသည် အချိန်၊ နေရာမရွေး လောင်ကျွမ်းနိုင်သည်ဖြစ်ရာ ပူပြင်းခြောက်သွေ့သည့်ရာသီတွင် မီးဘေးအန္တရာယ်ကို အချိန်တိုင်း သတိပြုကြရမည်ဖြစ်ပြီး ကြိုတင်ကာကွယ်မှုများကိုလည်း ပြုလုပ်ထားကြရမည်ဖြစ်သည်။

သတင်းသမားနှင့် လွတ်လပ်ခွင့်

သတင်းလွတ်လပ်ခွင့်ဟူသည်သတင်းသမား၊ မီဒီယာသမားတို့ အလို လအတောင့်တဆုံးသော အခွင့်အရေးဖြစ်သည်။ လွတ်လပ်စွာ သတင်းအချက်အလက်ရယူပိုင်ခွင့်၊ လွတ်လပ်စွာ သတင်းရေးသားဖော်ပြခွင့်၊ လွတ်လပ်စွာ ဝေဖန်သုံးသပ်ခွင့်စသည့် အခွင့်အရေးများက သတင်း လွတ်လပ်ခွင့်တွင် ပါဝင်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်သည နိုင်ငံများ၊ အကန့်အသတ်ဖြင့် ခွင့်ပြုသည့်နိုင်ငံများ၊ လွတ်လပ်ခွင့် မြင့်မြင့်မားမား ပေးထားသည့် နိုင်ငံများစသည်ဖြင့် ရှိနေကြသည်။ မည်သို့ပင်ဆိုစေ သတင်းလွတ်လပ်ခွင့်နှင့် အစိုးရများ ဟူသည် ချဉ်သီးနှင့် ဆားပမာ။ ။

ရင်သွေးငယ်တို့ပညာရေး မိဘပြည်သူ ဝိုင်းဝန်းကူ

ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်။ ပညာသင်သည့်အရွယ်တွင် ပညာကို တက်မြောက်အောင် သင်နိုင်ပါမှ နောင်ဆက်လက်ရှင်သန် ရမည့်ဘဝတစ်လျှောက်လုံးမှာ ပညာကိုအသုံးချကာဘဝရပ်တည်ရေး၊ အောင်မြင်ရေးတို့အတွက် အာမခံချက်ရှိမည်။ သို့ခံယူကြသည့်အလျောက် မိဘတိုင်းက မိမိတို့သားသမီးများ ပညာတတ်မြောက်နိုင်ရေး၊ အဆင့်မြင့်ပညာရပ်များသင်ယူနိုင်ရေးအတွက် တတ်နိုင်သမျှ အစွမ်းကုန် ကြိုးပမ်းကြသည်။ အချို့တက်နိုင်သူများက ငွေကုန် ကြေးကျခံကာ ပညာနောက်သို့ အမောတကော ပြေးလွှားလိုက်ကြ သည်။ သားသမီးချင်းပြိုင်ဆိုင်ကြကာ နောက်ကွယ်မှ မိဘတို့လည်း ပြိုင်ဆိုင်ကြသည်။ သို့ရာတွင်ဤမြင်ကွင်းများက မြို့ကြီးပြကြီးပေါ်မှ မြင်ကွင်းမျှသာဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းနှင့် နိုင်ငံရေး

“ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်”ဆိုသော ဆောင်ပုဒ်ကို ဝန်ထမ်းတိုင်းလိုလို သိရှိကြသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်၊ တစ်နည်းအားဖြင့် နိုင်ငံကောင်းစေရန်အတွက် ဝန်ထမ်းကောင်းများဖြင့် တည်ဆောက်ကြရခြင်းဖြစ်သည်။ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတာဝန်ကို အဓိကထမ်းဆောင်ကြသူများမှာ အစိုးရအဖွဲ့နှင့် နိုင်ငံ့ဝန်ထမ်းများဖြစ်ကြသည်။ နိုင်ငံကို အုပ်ချုပ်သည့် အစိုးရအဖွဲ့က နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများချမှတ်ပေးပြီး နိုင်ငံ့ဝန်ထမ်းများက ထိုမူဝါဒများအတိုင်း အကောင်အထည်ဖော်ပေးကြရခြင်း ဖြစ်သည်။

နိုင်ငံသားနှင့် နိုင်ငံရေး

လောက၏ကောင်းကျိုးကို ဆောင်ရွက်ခြင်း၊ မိမိအမျိုးအနွယ် လူမျိုး၏အကျိုးကို ဆောင်ရွက်ခြင်း၊ မိမိကိုယ်ကို ပျိုးထောင် မြှင့်တင်ခြင်းတို့ကလူဖြစ်ရခြင်း၏ အနက်အဓိပ္ပာယ်အနှစ်သာရ ဖြစ်သည်။ လောကတ္ထစရိယ၊ ဉာတတ္ထစရိယနှင့် ဗုဒ္ဓတ္ထစရိယဟူ၍လည်း သိကြသည့် အထက်ပါ စရိယသုံးပါးတို့ကို ဗုဒ္ဓသည် လည်းကောင်း၊ တပည့်သား သံဃာတော်များသည်လည်းကောင်း ကိုယ်တိုင်ဖြည့်ကျင့်ခဲ့ကြသကဲ့သို့ လောကလူသားတို့ကိုလည်း လမ်းညွှန်ပြသတော်မူခဲ့ကြသည်။

ဝန်ထမ်းနှင့် ကျင့်ဝတ်

ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အကောင်အထည် ဖော်ကြရသူများမှာ နိုင်ငံ့ဝန်ထမ်းများ ဖြစ်ကြသည့်အလျောက် အရည်အသွေးမြင့်မားသော ဝန်ထမ်းများ ဖြစ်ကြစေဖို့လိုသည်။ လုပ်ငန်းကျွမ်းကျင်၍ တာဝန်ကျေပွန်သူ၊ ဥပဒေ စည်းမျဉ်း စည်းကမ်းများကို လိုက်နာသူ၊ ကျင့်ဝတ်များကို စောင့်ထိန်း၍ ကိုယ်ကျင့်တရား ကောင်းမွန် သူများ ဖြစ်လာအောင် ဝန်ထမ်းအဖွဲ့အစည်းများအတွင်း ပြုစုပျိုးထောင်လေ့ကျင့်မှုတို့ မဖြစ်မနေ လိုအပ်သည်။

များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့

မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီလက်အောက်ခံနိုင်ငံ၊ တစ်နည်း ဆိုရသော် တိုင်းတစ်ပါးသား လက်အောက်က ကျွန်နိုင်ငံအဖြစ် ရပ်တည်ခဲ့ရသည်။ မြန်မာဘုရင် သီပေါမင်း ပါတော်မူခဲ့ရသည့် ခရစ်နှစ် ၁၈၈၅ ခုနှစ်မှသည် ၁၉၄၈ ခုနှစ်ကာလသည် သူ့ကျွန်ဘဝ ဖြစ်ပါသည်။ ဗြိတိသျှ ကျွန်နိုင်ငံ ဖြစ်ရသည့်အတွက် နိုင်ငံရေးအရ၊ အုပ်ချုပ်ရေးအရ ဗြိတိသျှတို့၏ တစ်ဖက်သတ် အစီအမံအောက်တွင် မြန်မာပြည်သူတို့ နေခဲ့ကြရသည်။ အုပ်ချုပ်ရေး ယန္တရားတစ်ခုလုံးကို ဗြိတိသျှတို့ကသာ လွှမ်းမိုးထား၏။

နိုင်ငံ့တာဝန် ဝိုင်းဝန်းထမ်းရွက်ကြစို့

လူ့ဘုံလောက၊ လူ့ဘဝဟူသည် ဆန့်ကျင်ဘက်များနှင့် ယှဉ်တွဲနေရလေ့ရှိသည့် လောကဟုဆိုရပါမည်။ စိတ်ညစ်စရာများ၊ မှောင်မိုက်မှုများ ရှိနေသလို ပျော်ရွှင်စရာများ၊ လင်းလက်တောက်ပမှုများကလည်း ရှိနေမည်သာ။ လက်တွေ့ဘ၀ လူ့လောကသည် လူ့ဘဝရပ်တည်ရှင်သန်ရေးအတွက် မလွဲမသွေ ရင်ဆိုင်စရာများက ဝန်းရံနေသည် ဖြစ်သော်လည်း လူ၏သဘာဝအရ လောကတာဝန်များကိုလည်း ကိုယ်တတ်နိုင်သမျှ သို့မဟုတ် ကိုယ်စွမ်းဆောင်နိုင် သရွေ့ ထမ်းပိုးလုပ်ဆောင်ကြရသည်များ ရှိနေမည်ဖြစ်ပါသည်။
Subscribe to "မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်