Skip to main content
Jan 06, 2024
ဆောင်းပါး
ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပမည့် မြန်မာနိုင်ငံ ရောဂါဗေဒပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၄) ကို ဇန်နဝါရီ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ဆေးတက္ကသိုလ်(၁) ရန်ကုန် လမ်းမတော်ဝင်း၌ ကျင်းပမည်ဖြစ်ပါသည်။
Jan 05, 2024
01
ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပမည့် မြန်မာနိုင်ငံရောဂါဗေဒပညာရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ(၂၀၂၄)ကို ဇန်နဝါရီလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင် ဆေးတက္ကသိုလ်(၁) (ရန်ကုန်) လမ်းမတော်ဝင်း၌ ကျင်းပမည်ဖြစ်ပါသည်။
Jan 04, 2024
01
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့(ယနေ့)သည် မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးနေ့ ဖြစ်သည်။ လွတ်လပ်ရေးနေ့ကို မြန်မာနိုင်ငံသားတိုင်း ရင်းနှီးကျွမ်းဝင်ပြီးသားပင်။ သူ့ကျွန်ဘဝမှ လွတ်မြောက်သောနေ့၊ မိမိတို့အချုပ်အခြာအာဏာ မိမိတို့ထံ ပြန်လည်ရောက်ရှိခဲ့သော နေ့ထူးနေ့မြတ်ဟူ၍ သိရှိခဲ့ကြသည်။ ယခု လွတ်လပ်ရေးနေ့သည် (၇၆) နှစ်တိုင်ပြီ။
Jan 04, 2024
01
ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးရရှိခဲ့သည်မှာ ယခုအခါ နှစ်ပေါင်း(၇၆)နှစ်ရှိပြီ ဖြစ်သည်။ လွတ်လပ်ရေးရခဲ့သည်မှာ လူ့သက်တမ်းတစ်ခုပင်ရှိနေပြီ ဖြစ်သော်လည်း လွတ်လပ်ရေး၏ အရသာ၊ လွတ်လပ်ရေး၏ အသီးအပွင့်များကို မြန်မာနိုင်ငံတွင် နေထိုင်ကြသည့် ပြည်သူများ တန်းတူညီမျှ ပြည့်ပြည့်ဝဝ ရရှိကြပြီးပြီလားဟု မေးခွန်းထုတ်မည်ဆိုလျှင် မရသေးပါဟု ဖြေရမည်ဖြစ်သည်။ လွတ်လပ်ရေး၏ အသီးအပွင့်များကို တန်းတူညီမျှ အဘယ်ကြောင့် မရကြသေးသည်ကို မေးခွန်းထုတ်မည်ဆိုလျှင် အဓိကဇာစ်မြစ်မှာ နယ်ချဲ့တို့၏ဆိုးမွေနှင့် ကိုလိုနီလက်သစ်တို့၏ စနက်ကြောင့်ဖြစ်သည်ဟု ပြောရမည်ဖြစ်သည်။
Jan 03, 2024
လွတ်လပ်ရေးနေ့ မင်္ဂလာအခါသမယ
လွတ်လပ်ရေးကို တိုင်းရင်းသားအားလုံးတညီတညွတ်တည်း လက်တွဲရယူပြီး ပြည်ထောင်စုနိုင်ငံတော်ကြီးတည်ဆောက်ဖို့ သဘောတူခဲ့ကြပါတယ်။ ပြည်ထောင်စုကြီးနိုင်ငံတော်အတွက် အုတ်မြစ်တွေချခဲ့ကြပါတယ်။ လွတ်လပ်ရေးကြီးအတွက် သန္နိဋ္ဌာန်တွေချခဲ့ကြပါတယ်။ ညီညွတ်မှုရဲ့ရလဒ်က အားလုံးလိုလားတဲ့ လွတ်လပ်ရေးရရှိခြင်းပဲ ဖြစ်ပါတယ်။ အဲဒီအချိန်က သူ့ကျွန်ဘဝကလွတ်မြောက်ပြီး လွတ်လပ်တဲ့နိုင်ငံ၊ လွတ်လပ်တဲ့ ပြည်သူတွေအဖြစ်နဲ့ အပျော်ကြီးပျော်ခဲ့ကြပါတယ်။ လွတ်လပ်ရေးအောင်ပွဲတွေ ခြိမ့်ခြိမ့်သဲကျင်းပပြီး အောင်ပွဲခံခဲ့ကြပါတယ်။
Jan 02, 2024
ယခုအခါ ၂၀၂၄ ခုနှစ် နှစ်သစ်သို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ခက်ခဲကြမ်းတမ်းလှသော၂၀၂၃ ခုနှစ်ကို နှုတ်ဆက်ခဲ့ပြီဖြစ်သည်။ ၂၀၂၄ ခုနှစ်ကို မျှော်လင့်ချက်ကြီးမားစွာဖြင့် ဖြတ်သန်းကြရဦးမည်ဖြစ်သည်။ ပျော်ရွှင်ချမ်းမြေ့မှုများ၊ စိတ်မချမ်းမြေ့မှုများ၊ ပူဆွေးသောကများကိုလည်း ရင်ဆိုင်ကြုံတွေ့ကြရဦးမည်ဖြစ်သည်။ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး၏ တူညီသောစိတ်ဆန္ဒသည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးပင်ဖြစ်သည်။ တည်ငြိမ်အေးချမ်းနေမှသာလျှင် ပညာရေး၊ စီးပွားရေး၊ လူမှုရေးအပါအဝင် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။
Jan 02, 2024
ဆောင်းပါး
၂၀၂၃ ခုနှစ်ကို နောက်ဆုံးနှုတ်ဆက်တဲ့ ဒီဇင်ဘာ ၃၁ ရက်က တနင်္ဂနွေအားလပ်ရက်လည်းဖြစ်၊ ဝန်ထမ်းတွေ လစာထုတ်ပြီးစလည်းဖြစ်တော့ ရပ်ကွက်ဈေးထဲမှာ ခါတိုင်းထက် စည်ကားလိုက်တာဖြစ်ခြင်း။
Jan 02, 2024
ဆောင်းပါး
မြန်မာနိုင်ငံတွင် တိုင်းရင်းသားမျိုးနွယ်စု ၁၃၀ ကျော်တို့ အေးအတူပူအမျှ နေထိုင်လျက်ရှိကြသည်။ ဗြိတိသျှနယ်ချဲ့တို့သည် မြန်မာနိုင်ငံကို စစ်ပွဲသုံးကြိမ်ဖြင့် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် လက်ရှိပြည်ထောင်စုနိုင်ငံတော်၏ နယ်မြေအဝန်းအဝိုင်းအားလုံးကို တစ်လက်မမျှမချန် ရယူသိမ်းပိုက် အုပ်ချုပ်သွားခဲ့ခြင်းဖြစ်သည်။ ဆိုရလျှင် ဗြိတိသျှနယ်ချဲ့သမားများသည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သည့် တိုင်းရင်းသားလူမျိုးများအားလုံးအပေါ် ကျွန်ပြုအုပ်ချုပ်သွားခဲ့ခြင်းဖြစ်သည်။
Jan 01, 2024
၂၀၂၃-၂၀၂၄ နှစ်ဦးကာလနှင့်အတူ (၇၆) နှစ်ထဲ စွန်းခဲ့ပြီဖြစ်တဲ့ လွတ်လပ်ရေးအခါသမယမှာ ကျွန်တော်တို့ တစ်ဦးတစ်ယောက်ချင်းအနေနဲ့ရော၊ အဖွဲ့အစည်းအလိုက် နိုင်ငံတစ်နိုင်ငံအနေနဲ့ရော စိတ်ရောကိုယ်ပါ လွတ်လပ်ကြပါရဲ့လား။ နှစ်ဟောင်းနဲ့ နှစ်ဦးအကူးအပြောင်းမှာ အလှုပ်အယမ်းက အရမ်းကြမ်းလွန်း နေဆဲ၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးဘက်စုံမှာ အထွေထွေအားနည်းဆဲ အခြေအနေအရပ်ရပ်ကို မှန်အောင်ကြည့်တတ်ရပါမယ်။
Dec 31, 2023
ခိုင်မာသောမျိုးချစ်စိတ်သည် အကောင်းဆုံးအထောက်အပံ့ဖြစ် ယဉ်ကျေးမှုဆိုရာ၌ ဒြပ်ရှိယဉ်ကျေးမှုနှင့် ဒြပ်မဲ့ယဉ်ကျေးမှုဟူ၍ နှစ်မျိုးရှိပါသည်။ ထိုဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှုများ အရှည်တည်တံ့ ခိုင်မြဲစွာတည်ရှိနေစေရန်အတွက် ခိုင်မာသောမျိုးချစ်စိတ်ဓာတ်သည် အကောင်းဆုံးသော အထောက်အပံ့ပင်ဖြစ်လေသည်။