Skip to main content
Apr 15, 2024
ဆောင်းပါး
သို့ရာတွင် ၂၀၁၃ ဖေဖော်ဝါရီလတွင် ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေသောအခါတန်ဖိုးမှာ မူလပထမအကြိမ်တန်ဖိုးထက် ထက်ဝက်သက်သာ၍ ချက်ချင်းဝယ်ယူ ဖတ်ရှုဖြစ်ခဲ့သည်။ ဒုတိယအကြိမ်အဖြစ် ထပ်မံထုတ်ဝေသောစာအုပ်တွင် စာအုပ်တန်ဖိုးကို အဘယ်ကြောင့် ထက်ဝက်နီးပါးလျှော့ချ ခဲ့ရသည်နှင့်ပတ်သက်၍ ဝန်ကြီးချုပ်ဟောင်း ဦးနု ၏ သမီး ဆရာမကြီးဒေါ်စန်းစန်းနုက “စာအုပ်တန်ဖိုး ၈၅၀၀ ကျပ်က များလွန်းသည်။ လူတိုင်းမဝယ်နိုင်မတတ်နိုင်ဘူး၊ ကိုယ်တွေလည်းကြုံရ ကြားရသည်။ ထိုသို့ ကြားသိလာရသည့်နောက်တွင် စန်းမွန်အောင်က သူ့စာအုပ်ကိုပြန်ပြင်ပြီး ၄၅၀၀ ကျပ်နှင့်ထက်ဝက်လျှော့ကာ ရောင်းချင်သည်။ သူ့ အတွက် စာအုပ်ထုတ်ခစရိတ်ကျန်လျှင်ရပြီ။ အဲဒီလို ဆိုလျှင်အန်တီလည်း စာမူခရတာနည်းသွားမယ်။ ဖြစ်မလား၊ ကျေနပ်မလားဟုမေးပါသည်။ သူကစာအုပ်ဈေးကြီးတာနှင့် လူတိုင်းမဝယ်နိုင်မဖတ်ဖြစ်နိုင်သည့်အတွက်အားနာပြီး စိတ်မကောင်းဖြစ်နေသူ၊ ကျွန်မကဘာပဲဖြစ်ဖြစ် တာတေစနေသားစာအုပ် ဖြစ်လျှင်ပြီးရော ကျွန်မဖေဖေဆန္ဒအတိုင်း မြန်မာ တစ်ပြည်လုံးရှိ အလွှာအသီးသီးမှ လူကြီးလူငယ် (အထူးသဖြင့်) လူငယ်များအားလုံး ဝယ်နိုင်ဖတ်နိုင်စေချင်သူဖြစ်သဖြင့် ရတယ်ဟုပြောလိုက်၍ စန်းမွန်အောင်နှင့် ကျွန်မတို့ တူအရီးနှစ်ယောက်၊ နှစ်ယောက်ပေါင်း စိတ်တူကိုယ်တူနှင့် စာအုပ်ကိုအသွင်သစ်၊ မူလစာအုပ်ထုတ်ဝေခဲ့သော စက္ကူအကောင်းမျိုးနှင့်ပင် ဓာတ်ပုံအသစ်များ ဝေဝေ ဆာဆာနှင့် ရောင်းဈေးထက်ဝက်လျှော့ချပြီး တန်ဖိုး ၄၅၀၀ ကျပ်ဖြင့် ထုတ်ဝေရောင်းချပေးလိုက်ပါပြီ” ဟူ၍ အမှာစာတွင်ဖော်ပြခဲ့ပါသည်။
Apr 14, 2024
ဆောင်းပါး
တိုင်းရင်းဆေးပညာအမြင်အရ နွေဥတု၏ သဘောသဘာဝများ၊ နွေဥတုတွင် အပြင်လောကဓာတ်နှင့် ကျန်းမာသည့်သူများ၏ ပကတိပုံမှန်လက္ခဏာများ၊ ကံ၊ စိတ်၊ ဥတု၊ အာဟာရသမုဌာန်အလိုအရ ပြုမူနေထိုင်စားသောက်ရမည့် အခြေအနေများနှင့် နွေဥတုတွင် ဖြစ်တတ်သော ရောဂါအချို့ကို တိုင်းရင်းဆေးဖြင့် ကာကွယ်စောင့်ရှောက်ခြင်းနှင့် ဆောင်ရန်၊ ရှောင်ရန်များကို သိရှိနိုင်စေရန် ကျန်းမာရေးဗဟုသုတ မျှဝေခြင်းအလို့ငှာ ရေးသားလိုက်ရပါသည်။
Apr 14, 2024
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ နှစ်သစ် ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းချေတော့မည်။ တစ်နှစ်ဆိုသည့် အချိန်ကာလတစ်ခုမှာ မကြာလိုက်သလိုပင်။ ကိုယ့်ဘဝနဲ့ကိုယ် လှုပ်ရှားရုန်းကန်ရင်းဖြင့်ပင် နှစ်တစ်နှစ် ကုန်ဆုံးပေတော့မည်။ စိတ်ထဲမှာတော့ ခဏမျှသာဟု ထင်မိသည်။ အချိန်ဆိုသည်က သူ့စည်းချက်နဲ့သူ သွားမြဲသွားနေသည်ကိုး။ ထိုအချိန်များကို မြန်ချင်၍လည်းမရ၊ နှေးချင်၍လည်း မရ၊ ရပ်တန့်၍လည်း မရချေ။ မည်သူမဆို အချိန်၏ စည်းချက်များအောက်တွင် ဟန်ချက်ညီ ကျင်လည်ကြရသည်။ မိုးလင်းမှမိုးချုပ် ကိစ္စမြားမြောင် လူတို့ဘောင်၌ တစ်ရက်ပြီး တစ်ရက် လှုပ်ရှားရင်း၊ ရုန်းကန်ရင်းဖြင့် အချိန်များကို ဖြတ်သန်းနေကြရ၏။ ထိုဖြတ်သန်းခဲ့ရသည့် အချိန်ကာလသည်ပင် ယခုအခါ တစ်နှစ်ပြည့်ပေတော့မည်။
Apr 12, 2024
ယနေ့ကမ္ဘာကြီးမှာ တစ်နေရာမှတစ်နေရာ စစ်ခင်းရတာ လွယ်ကူလာနေသည်။ တစ်နှစ်ပြီး တစ်နှစ်နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအခြေအနေများက ပို၍ဆိုးလာနေသည်။ ကမ္ဘာကြီးကို လွှမ်းမိုးလိုသည့် နယ်မြေလုပွဲတွေ၊ အခင်းအကျင်းအသစ်တွေနှင့် အပြောင်းအလဲများက မြန်ဆန်လာနေသည်။
Apr 12, 2024
မြန်မာ့စာပေယဉ်ကျေးမှုများသည် ဗုဒ္ဓစာပေများနှင့် အနည်းအများဆိုသလို တစ်နည်းမဟုတ်တစ်နည်း ဆက်နွှယ်မှုရှိနေပေသည်။ အခါအားလျော်စွာ နံနက်မိုးလင်းတရားတော်နှင့် ပရိတ်ပဋ္ဌာန်းရွတ်ဖတ်သည်ကို ကြားနာရသောအသံ၊ နံနက်ချိန်ခါတေးသံသာများကို နားဆင်ရသောအသံများသည် ကြည်နူးရပါ၏။
Apr 12, 2024
ဘာသာဒင့်ဝါမျိုးစိတ်သည် ဂွမ်းမွေးအရှည်ဆုံးဖြစ်ပြီး အာဘိုးရီးယံဝါမျိုးစိတ်သည် အတိုဆုံးဖြစ်သည်။ ဟာဆူတံဝါမျိုးစိတ်မှာ အလယ်အလတ်ဖြစ်သည်။ မြန်မာနိုင်ငံရှိ ဝါကြီးမျိုး၏ ဂွမ်းမွေးအရှည် မှာ ၁၉-၂၁ မမ၊ ဝါကလေးမျိုးမှာ ၂၀ မမ၊ မလှိုင် ဝါမျိုးများမှာ ၂၂-၂၃ မမနှင့် လွန်ကျော် ၃ ဝါမျိုးမှာ ၂၇-၃၀ မမ အသီးသီးဖြစ်ကြသည်။ ထိုသို့ဝါမျိုး၏ ဗီဇအပြင်အပူချိန်မြင့်မားခြင်း၊ မြေအစိုဓာတ် မလုံလောက်ခြင်း၊ ပိုတက်စီယံဓာတ်မလုံလောက်ခြင်း၊ ကြိတ်စက်တွင် ဂွမ်းမွေးအပြတ်များခြင်း စသည်တို့သည်လည်း ဂွမ်းမွေးကို တိုစေနိုင်သည်။
Apr 12, 2024
၂၁ ရာစုမှာ ဒစ်ဂျစ်တယ်ကမ္ဘာကြီးက လူတွေရဲ့နေ့စဉ်လူမှုဘဝမှာ အရေးပါတဲ့အစိတ်အပိုင်း တစ်ခုဖြစ်နေပါပြီ။ လူသားနဲ့ဒစ်ဂျစ်တယ်ကမ္ဘာ ခွဲခြား လို့ မရတော့ပါဘူး။ ဒစ်ဂျစ်တယ်နည်းပညာတွေက လူတွေရဲ့ ဆက်သွယ်ပြောဆိုမှု၊ အလုပ်အကိုင်၊ လေ့လာသင်ယူမှုနဲ့ ဖျော်ဖြေမှုတွေမှာ အသွင်သစ်ပုံစံနဲ့ ပြောင်းလဲနေရာယူထားပါတယ်။ နည်းပညာခေတ်မှာ အင်တာနက်၊ စမတ်ဖုန်း၊ ဒစ်ဂျစ်တယ်နည်းပညာနဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေ တစ်ဟုန်ထိုးတိုးတက်လာတဲ့အတွက် လူ့အဖွဲ့အစည်းဟာ ကြီးမားတဲ့ပြောင်းလဲမှုတွေဖြစ်နေပြီး အဲဒီအထဲမှာ အခွင့်အလမ်းတွေရော၊ စိန်ခေါ်မှုတွေပါရောပြွမ်းနေပါတယ်။ အဲဒီအခွင့်အလမ်းနဲ့ စိန်ခေါ်မှုတွေက လူသားတွေရဲ့နေ့စဉ်ဘဝတွေကို ပုံဖော်ဖန်တီးပေးလျက်ရှိပါတယ်။
Apr 12, 2024
ပြဿနာဖြေရှင်းတတ်မှု အနုပညာ
ဒါကတော့ ဈေးကွက်ရဲ့လိုအပ်ချက်နဲ့ မကိုက်ညီနေတဲ့၊ မသင့်မလျော်ဖြစ်နေတဲ့နေရာတွေကို ဖော်ထုတ်ပြီး အဲဒီနေရာကို ကိုက်ညီ၊ သင့်တော်မယ့် ထုတ်ကုန်၊ ဝန်ဆောင်မှုနဲ့ တီထွင်ဆန်းသစ်မှု အသစ်တွေနဲ့ ဖြည့်ဆည်းနိုင်မယ့် စီးပွားရေးမဟာဗျူဟာ ဖြစ်ပါတယ်။ ဒီမိုဒယ်မှာ ကိုယ့်ပြိုင်ဘက်တွေရဲ့ ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေကို ဝင်ရိုးသုံးခုမှာ သတ်မှတ်နေရာချထားလိုက်ပြီး ဈေးကွက်ရဲ့ လစ်ဟာမှုကို ရှာဖွေဖော်ထုတ်ရမှာ ဖြစ်ပါတယ်-
Apr 11, 2024
ဒီလိုဗျ။ အသက်နည်းနည်းကြီးလာတော့ ရပ်ကွက်ထဲမှာ ဘာသာရေးကိစ္စ၊ လူမှုရေးကိစ္စ၊ ရပ်ရေးရွာရေးတွေ တိုင်ပင်ညှိနှိုင်းဆွေးနွေးကြတဲ့အခါ အသက်ကြီးတဲ့ အဘိုးအိုတစ်ယောက်အနေနဲ့ ပြောစရာရှိပြောပါ၊ အကြံပေးစရာရှိပေးပါဆိုပြီး လာခေါ်လေ့ရှိပါတယ်။ အချိန်အားရင်သွားပါတယ်။ ကိုယ့်အလုပ်နဲ့ကိုယ် လုပ်စရာကိုင်စရာတွေရှိနေရင်လည်း မသွားတဲ့အခါ မသွားပါဘူး။ ဖတ်ချင်တာတွေက များနေတုန်းပဲ။
Apr 11, 2024
ဆောင်းပါး
လူမှာ စိတ်ဟာ လွန်စွာအရေးပါပြီး မိမိရဲ့ ပြောဆို၊ ပြုမူ၊ နေထိုင်လုပ်ဆောင်မှု အားလုံးအပေါ် စိတ်က ဦးဆောင်လုပ်ဆောင်နေခြင်းဖြစ်တာကြောင့် အတွေးမှန်၊ အသိမှန်မှသာ မှန်ကန်စွာ ပြောဆို၊ ပြုမူလုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ ပါမောက္ခချုပ် ဆရာတော်ကြီးရဲ့ တရားတော်တစ်ပုဒ်မှာ နာယူခဲ့ရပါတယ်။