Apr 21, 2024

ခရီးတစ်ခု သွားခဲ့သည်။ မကွေးတိုင်းဒေသကြီးအတွင်းက မကွေး၊ မင်းဘူး၊ ပွင့်ဖြူ၊ စလင်းနှင့် မြို့သစ်မြို့နယ်များဆီသို့။ ရည်ရွယ်ချက်မှာ ထိုဒေသများအတွင်းရှိ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံ၍ ဝါအထွက်တိုးစေဖို့ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးကြရေး၊ ၎င်းတို့လိုအပ်နေသော ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာ၊ ပိုးသတ်ဆေးများ အသုံးပြုနိုင်ဖို့ ကူညီပံ့ပိုးပေးရေး၊ အဆင့်မီသော ဝါဂွမ်းနှင့် ချည်များ ရရှိအောင် သက်ဆိုင်ရာဝန်ကြီးဌာန၊ ဦးစီးဌာနများ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရေးတို့အတွက်ဖြစ်ပါသည်။ ဝါစိုက်ပျိုးရေးနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအတွင်းက ရမည်းသင်း၊ ပျော်ဘွယ်၊ ဝမ်းတွင်း၊ ကျောက်ဆည်ဒေသများသို့လည်း ရောက်ခဲ့ပြီ။ တောင်သူများနှင့်တွေ့ခဲ့ဆုံခဲ့၊ မေးခဲ့မြန်းခဲ့ပြီးပြီ။ ထို့ပြင်တဝ မိမိတို့ဝန်ကြီးဌာနက ပါဝင်ဆောင်ရွက်ရမည့်အခန်းကဏ္ဍကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး၏ လိုလားချက်များကိုလည်းကောင်း၊ တိုင်းဒေသကြီးသမဝါယမဦးစီးမှူးများ ဂဃနဏသိရှိဖို့၊ သွက်သွက်လက်လက် စတင်အကောင်အထည်ဖော်ဆောင်ရွက်ကြဖို့လည်း မှာကြားခဲ့ရသည်။
Apr 20, 2024

ထိုကဲ့သို့ ရိုးရာယဉ်ကျေးမှုဓလေ့ စရိုက်များစွာ၊ ဒေသထုတ်ကုန်များစွာ တည်ရှိနေသော ပြည်နယ်ဖြစ်သည့်အတွက် ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်ကို ပေါ်လွင်စေသော မွန်ရိုးရာ အဆို၊ အက၊ အတီးပြိုင်ပွဲများ၊ ဌာနဆိုင်ရာပြခန်းများ၊ ဒေသထုတ်ကုန်များ များစွာပြသထားသော အရောင်းပြခန်းများ၊ ရိုးရာအစား အစာအရောင်းပြခန်းများကို နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ကျင်းပရာ၌ စုစည်းပြသရောင်းချခဲ့ပြီးဖြစ် သည်။
Apr 20, 2024

“ကိုအောင်ရေ... ပြီးခဲ့တဲ့ ဧပြီလ ၁ဝ ရက်နေ့က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံတစ်ဝန်လုံးမှာရှိတဲ့ စာကြည့်တိုက်တွေဖွံ့ဖြိုးတိုးတက်ဖို့အတွက် စာအုပ်စာစောင်တွေနဲ့ အလှူငွေပေးအပ်ပွဲအခမ်းအနားကတော့ တိုင်းပြည်အတွက် အကျိုးအရှိဆုံးနဲ့ အကောင်းဆုံးလုပ်ဆောင်ချက်လို့ ငါတော့ခံစားမိတယ်ကွာ။ ငါ့တစ်သက်နဲ့တစ်ကိုယ် နိုင်ငံတော် အကြီးအကဲကိုယ်တိုင်ဦးစီးပြီး ဒီလိုဆောင်ရွက်တာမျိုး တစ်ခါမျှမတွေ့ဖူး၊ မကြုံဖူးဘူး။ အဲနောက်ပြီး နိုင်ငံတော်ထဲမှာရှိတဲ့ ဒို့နိုင်ငံသားတွေ ပညာရေးနဲ့ပတ်သက်ပြီး ဘယ်လောက်အားနည်းနေတယ်ဆိုတာကို ထောက်ပြတာကလည်း အတော်လေးမှတ်သားစရာကောင်းတယ်ကွာ”
Apr 20, 2024

ကချင်လူမျိုးတို့၏ ဝတ်စားဆင်ယင်မှုတို့သည် ဒေသအလိုက်ကွဲပြားခြားနားသော်လည်း ခြားနားမှုများစွာမရှိခြေ။ အချို့ဒေသ၌ အမျိုးသားအမျိုးသမီး တို့၏ ဝတ်စားဆင်ယင်မှုသည် ယဉ်ကျေးသိမ်မွေ့ လှပါသည်။ ယင်းတို့ဝတ်ဆင်ရာတွင် ခခူးလုံချည်၊ အင်္ကျီအနက်နှင့် ခခူးခေါင်းပေါင်းတို့သည် ကချင်လူမျိုးတို့၏ ထင်ပေါ်သော အဝတ်အထည်များဖြစ် ကြောင်း တွေ့ရှိရသည်။ အမျိုးသမီးတို့သည် ခခူးလုံချည်နှင့် အင်္ကျီအနက်တို့ ဝတ်ဆင်လေ့ရှိပြီး သန္တာစေ့ပုတီးကုံးကို လည်တွင်ဆွဲ၍ ဆင်ယင်မှု ပြုကြသည်။ အမျိုးသမီးဝတ်သော ထဘီအဆင်နှင့် အမျိုးသားဝတ်ဆင်သော လုံချည်အဆင် ကွာခြား လှပါသည်။
Apr 20, 2024

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ (၈) ကြိမ်မြောက် သမ္မတရွေးကောက်ပွဲကို ၂၀၂၄ ခုနှစ် မတ်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ သုံးရက်အကြာကျင်းပ ပြုလုပ်ခဲ့သည်။ သမ္မတရွေးကောက်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်သူ သမ္မတလောင်း လေးဦးရှိပြီး လက်ရှိ သမ္မတ Mr. Putin ၊ Mr. Davankov (Liberal New People's Party)၊ Mr. Slutsky (the Liberal Democratic Party of Russia (LDPR)) နှင့် Mr. Kharitonov (the Communist Party) တို့ ဖြစ်ကြပါသည်။ ရွေးကောက်ပွဲတွင် စုစုပေါင်းမဲပေး ခွင့်ရှိသူ ၁၁၃ သန်းကျော်အတွက် မဲရုံပေါင်း ၃၈၈၇၉၁ ရုံ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ၇၇ ဒသမ ၄၄ ရာခိုင်နှုန်း မဲပေးခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ မဲဆန္ဒရှင် ရှစ်သန်း ကျော်သည် မဲပေးစက်ဖြင့်လည်းကောင်း၊ ၅ ဒသမ ၁ သန်းကျော်သည် အွန်လိုင်းမဲပေးစနစ်ဖြင့်လည်းကောင်း မဲပေးခဲ့ကြပြီး ကြိုတင်မဲပေးသူ ၂ ဒသမ ၆ သန်းရှိသည်။ လက်ရှိ သမ္မတပူတင်သည် ထောက်ခံ မဲ ၇၆ သန်းကျော်ဖြင့် အနိုင်ရရှိခဲ့ပြီး မဲပေးသူ စုစုပေါင်း၏ ၈၇ ဒသမ ၂၉ ရာခိုင်နှုန်းရရှိခဲ့သည်။
Apr 19, 2024

“မေမေရေ မေမေ တီဗွီထဲမှာ သမီးတို့အရွယ်ကလေးလေးတွေ ရေဘူးလေးတွေနဲ့ အများကြီးပဲ။ ဘာလုပ်တာလဲဟင်။ နောက်ပြီးတော့ အဝေးကြီးပဲ လမ်းလျှောက်သွားနေတာ။ တန်းစီနေကြတာ အများကြီးပဲ ရေပိုက်လေးနားမှာ။”
Apr 19, 2024

ယနေ့ကမ္ဘာတွင် အကြမ်းဖက်မှုများ တစ်ကျော့ပြန်ခေါင်းထောင်လာသည်။ ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့တွင် ရုရှားနိုင်ငံ မော်စကိုမြို့တော် ဆင်ခြေဖုံးရှိ Crocus City Hall ခန်းမ၌ ပြုလုပ်သည့် ကပွဲကို အကြမ်းဖက်သမားလေးယောက်က သေနတ်နှင့်ပစ်၊ ဓာတ်ဆီဗုံးများနှင့် ဖောက်ခွဲ၍ လူ ၁၄၀ ကျော်သေဆုံးပြီး ၃၀၀ ခန့် ဒဏ်ရာရရှိသွားကြသည်။
Apr 19, 2024

ကျွန်ုပ်တို့ကမ္ဘာမြေသည် မိမိဝင်ရိုးပေါ်တွင် ၂၄ နာရီလျှင် တစ်ပတ်နှုန်းဖြင့် လည်ပတ်ရင်း နေကို ၂၃၁ ဒီဂရီတိမ်းစောင်း၍ လှည့်ပတ်ကာ ဥတုရာသီ မျှမျှတတ အလှည့်ကျဖြစ်ပေါ်စေပြီး လူသားတို့စားဝတ်နေရေးအတွက် လိုအပ်ချက်များဖြစ်သည့် လေ၊ ရေ၊ မြေ၊ အစားအစာတို့ကို အစဉ်ဖြည့်ဆည်းပေးလျက်ရှိပါသည်။ အမှန်စင်စစ်ဆိုသော် ဤကမ္ဘာမြေသည် ကျွန်ုပ်တို့လူသားများအတွက် အဖိုးမဖြတ်နိုင်သည့်အပြင် ကျေးဇူးကြီးမားလှသည့် ခိုလှုံစရာ မိခင်ရင်ခွင်ကြီးပင်ဖြစ်ပါသည်။
Apr 16, 2024

သီရိလင်္ကာနိုင်ငံသည် တောင်အာရှရှိ ကျွန်းနိုင်ငံတစ်ခုဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာ၊ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် အာရေဗျပင်လယ်၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။
Apr 16, 2024

နှစ်သစ်အကူးအပြောင်းရောက်တိုင်း သတိတရနဲ့ သံဝေဂစကားလေးတွေ ပြောဖြစ်ကြတယ်၊ ဆုတောင်းဖြစ်ကြတယ်။ တစ်နှစ်တာအတွင်း ရတောင့်ရခဲ သင်္ကြန်ရက်ရှည်ကို အခွင့်ကောင်းယူ၊ မိမိအတွက်ကောင်းတာတွေ ကျန်အောင်လုပ်၊ အဆိုးတွေချန်ရစ်ခဲ့မယ်။ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ကောင်းသောအကျိုးကျေးဇူးတွေ ဖြစ်စေချင်တဲ့အတွက် အကြောင်းကောင်းတွေဖြစ်အောင် ကြိုးစားကြရမှာပေါ့။ ကျွန်တော်တို့အားလုံး နှစ်ဟောင်းမှာ ဘာတွေလုပ်ခဲ့ကြသလဲ၊ ဘယ်လမ်းလျှောက်ခဲ့ပြီး ကျန်နေတဲ့အချိန် ဘယ်လမ်းကိုရွေးလျှောက်ကြမလဲ၊ ကိလေသာလား ပါရမီလား။ အကောင်းအဆိုးမှာ အကောင်းဆိုတာဘာလဲ၊ အဆိုးဆိုတာ ဘာကိုဆိုတာလဲ၊ စိတ်ဓာတ်အသစ်ဆိုတာကရော၊ နောက်ပြီး အကြောင်းကောင်းရင် အကျိုးလည်းကောင်းမယ်ဆိုတဲ့ သဘောတရားကရော ဘာကိုဆိုလိုပါသလဲ...။