Apr 11, 2024

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Apr 09, 2024

ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Apr 09, 2024

ဝါစိုက်ပျိုးရေးကို စိုက်ပျိုးရေးဦးစီးဌာန (နိုင်ငံပိုင်) က တောင်သူများအား အကြံပေးခြင်း၊ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ အသိပညာပေးခြင်းစသည့် လုပ်ငန်းများကိုသာ လက်ရှိဖွဲ့စည်းပုံအရ တာဝန်ယူနိုင်သည်ဟု ယူဆမိပါသည်။
Apr 09, 2024

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာ မြန်မာနိုင်ငံမှာ ၁၉၅၉ ခုနှစ်ကတည်းက တည်ရှိခဲ့တာပါ။ ၂၀၁၀ ပြည့်နှစ်မှာတော့ ပြည်သူ့စစ်မှုထမ်းဥပဒေအသစ်ကို ပြဋ္ဌာန်းခဲ့ပေမယ့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှသာ ဥပဒေအသက်ဝင်လာတာဖြစ်ပါတယ်။ နိုင်ငံသားတိုင်းဟာ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန်ရှိတဲ့အတွက် ဒီတာဝန်ကိုထမ်းဆောင်နိုင်ရေး စစ်ပညာသင်ကြားဖို့နဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ဖို့ ဥပဒေပြဋ္ဌာန်းရခြင်း ဖြစ်ပါတယ်။
Apr 08, 2024

မြန်မာနိုင်ငံတွင် နွေ၊ မိုး၊ ဆောင်းဟူသော ဥတုသုံးလီသည် အကြမ်းဖျင်းအားဖြင့် တစ်နှစ်တာ၏ လေးလစီ ပိုင်းခြားထားသော်လည်း ကျယ်ဝန်းလှသည့် မြန်မာပြည်၌ အထက်ပိုင်း၊ အလယ်ပိုင်းဒေသနှင့် အောက်ပိုင်းဒေသတို့တွင် အချိန်ကာလ ကွဲပြားသည်။ အထူးသဖြင့် အထက်မြန်မာပြည် မန္တလေးအပါအဝင် မြန်မာပြည်အလယ်ပိုင်းဒေသတို့တွင် နွေဥတုကာလရှည်၍ အပူချိန်များသည်။ ထို့ပြင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် တစ်နှစ်ထက်တစ်နှစ် အပူရှိန်မြင့်မားကာ ယခုနှစ်တွင်လည်း မတ်လမှစပြီး သိသိသာသာ ပူပြင်းလာပါသည်။
Apr 08, 2024

လက်ဖက်ကို မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် စိုက်ပျိုးကြသည်။ မြန်မာလူမျိုးများ အနှစ်သက်ဆုံးသော စိုက်ပျိုးရေးထွက်ကုန်တစ်ခုလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ဖက်အစိုကို အဓိကအသုံးပြုပြီး နိုင်ငံတကာတွင် လက်ဖက်ရည်ကြမ်းဟုခေါ်သော အခါးရည် (ရေနွေးကြမ်း) (Green Tea) အဖြစ် အသုံးများကြသည်။ သီရိလင်္ကာနိုင်ငံတွင် လက်ဖက်ကို မိရိုးဖလာရိုးရာအသိပညာကို တစ်ဆင့်မြှင့်၍ တီထွင်ဖန်တီးမှုပြုလုပ်ကာ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ပြီး မူပိုင်ခွင့်ယူခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။
Apr 08, 2024

၂၁ ရာစုမှာ ဒစ်ဂျစ်တယ်ကမ္ဘာကြီးက လူတွေရဲ့ နေ့စဉ်လူမှုဘဝမှာ အရေးပါတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်နေပါပြီ။ လူသားနဲ့ဒစ်ဂျစ်တယ်ကမ္ဘာ ခွဲခြားလို့မရတော့ပါဘူး။
Apr 08, 2024

“ကိုအောင်ရေ... မိုးလေဝသနဲ့ ဇလဗေဒဌာနက ကြေညာထားတဲ့ ဒီသတင်းမင်းဖတ်ပြီးပြီလား။ မဖတ်ရသေးရင် ငါဖတ်ပြမယ်။”
Apr 08, 2024

ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံခေါင်းဆောင် အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ သမ္မတ ဗလာဒီမီယာပူတင်တစ်ယောက် သမ္မတအဖြစ် ၅ ကြိမ်မြောက် ထပ်မံအရွေးချယ်ခံရတာကြောင့် ရုရှားနိုင်ငံနဲ့ ရုရှားပြည်သူတွေကို နောက်ထပ်သက်တမ်း ၆ နှစ် ခေါင်းဆောင်ခွင့်ရခဲ့ပြန်ပါပြီ။ ရုရှားနိုင်ငံတော်နဲ့ ရုရှားပြည်သူတို့ရဲ့ အနာဂတ်အတွက် အထိုက်တန်ဆုံးသော ခေါင်းဆောင်ကောင်းတစ်ဦးကို ရုရှားပြည်သူတို့ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ခဲ့တယ်လို့ဆိုရပါမယ်။ အကြောင်းက ယခုလိုကာလမှာ ရုရှားပြည်သူတွေ လျှောက်လှမ်းနေတဲ့ ဖွံ့ဖြိုးမှုလမ်းမဆီကနေ လမ်းမချော်အောင် ပဲ့ကိုင်ပေးနေတဲ့တစ်ဦးတည်းသော ခေါင်းဆောင်အဖြစ် ပူတင်တစ်ဦးတည်းကိုပဲ ရုရှားပြည်သူတွေက မှတ်ယူထားလို့ဖြစ်ပါတယ်။
Apr 07, 2024

ကျန်းမာခြင်းဆိုသည်မှာ ရောဂါဘယ ကင်းရှင်း၍ ခန္ဓာကိုယ်ချို့ယွင်းမှု မရှိရုံ မျှသာမကကာယသုခ၊ စိတ္တသုခ၊ မိတ္တသုခတို့ဖြင့် ပြည့်စုံနေသောအခြေအနေဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက (၁၉၄၈)ခုနှစ်တွင် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါသည်။ ယနေ့အချိန်အခါတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်အညီ ကျန်းမာသည်ဟု ဆိုနိုင်ရန်မှာ အခက်အခဲများ ကြုံတွေ့နေရပါသည်။ ရာသီဥတုနှင့် ဂေဟစနစ်ပြောင်းလဲလာမှု၊ လူမှုဘဝနေထိုင်မှုပုံစံများ ပြောင်းလဲလာမှုနှင့်အတူ ကူးစက်ရောဂါအသစ်များ အသစ်တစ်ဖန် ပြန်လည်ဖြစ်ပွားလာသောရောဂါများနှင့် အခြားမကူးစက်နိုင်သောရောဂါများသည် ကမ္ဘာ့လူသားများ၏ ကျန်းမာရေးတို့ကို ခြိမ်းခြောက်လာ လျက်ရှိပါသည်။ ကမ္ဘာအနှံ့လူသန်းပေါင်းများစွာ၏ ကျန်းမာရေးကိုထိခိုက်နေမှုများ နေ့စဉ်နှင့်အမျှ များပြားလာလျက်ရှိနေပါသည်။